Unicode ❤1❤

425 33 8
                                    

Unicode

*တီ တီ*
ဟွန်းသံနှစ်ချက်အဆုံးမှာ ပွင့်သွားတဲ့တံခါးကြီးရဲ့အထဲမှာ ခန့်ညားထည်ဝါလွန်းတဲ့ အိမ်ကြီးက ဆီးကြိုနေသည်။

"ဒီကေလးကို ကျွန်တော်တာဝန်ယူပေးချင်တယ်"

"မယူနဲ့ အဲ့ကေလး ကျွန်တော့်ကိုပေး"

**********
အနှစ်20တောင်ကြာခဲ့့ပြီ။ အရာရာပြောင်းလဲသွားပေမဲ့ မပြောင်းလဲတဲ့ အရာလေးကငြိမ်ငြိမ်လေးရှိနေတုန်းဘဲ။

"အဒေါ်ကြီး!!"

"ဟုတ်ကဲ့သခင်ကြီး"

"သဲငယ်ရော?"

"ရှိပါတယ် ဧည့်ခန်းထဲမှာ TVကြည့်နေတယ်"

ဒီကေလး ဖုန်းသုံးလိုက် TVကြည့်လိုက်နဲ့ မျက်မှန်ကမတပ်ရဘူးဆိုတော့။ စကားဆိုနည်းနည်းလေးမှ နားမထောင်ဘူး။

"ရေတစ်ခွက်လာပို့ပေး"

ခေါင်းငြိမ့်ပြပြီ ထြက္သြားတဲ့ အဒေါ်ကြီးအကျော် ဧည့်ခန်းထဲကို ကြည့်နေမိသည်က သတိရလွန်းလို့ အမြဲတွေ့နေရတာကို လွမ်းနေတာကို မလွန်လောက်ဘူးမလား။

"သဲငယ်ရေ"

"ဒယ္ဒီ!!..."

အင့်ခနဲဖြစ်ပြီးနောက်မှာ လူတစ်ကိုယ်လုံးက ကိုယ်ပေါ်ခွလျက်သား။ ကိုက်လက်စပန်းသီးကလည်း လက္ကမခ်။

"သဲငယ် ကိုယ္ကေလးလိုက္တာ"

ညီးတြားသလို ခပ်လေးလေးပြောတော့ ပုခုံးပေါမှီထားတဲ့ ခေါင်းလေးကမော့လာပြီး ပြူးကြည့်လာသည်။ အဲ့တာတွေအူယားတာ။

"တကယ်လေးလားဟင် အရမ်းလေးလား"

"ဟဟ ဒယ္ဒီကစတာပါကြ"

"လူဆိုးကြီး.."

လေးလားမေးပြီး ကိုယ်ပေါ်ကကျမဆင်း။ ချီလျက်ဘဲ ဆိုဖာပေါ်ထိုင်ရသည်။ ဒီကလေးအရမ်းချွဲတတ်လာတယ်။

"ပန်းသီးကို ဘာလို့ကိုက်စားနေတာလဲ? အဒေါ်ကြီးကိုခွဲခိုင်းလေ သဲငယ်ရဲ့"

"ဒါမျိုးကိုက်စားမှပိုအရသာရှိတာ"

"ထားတော့ နောက်မစားနဲ့ ဒီသွားလေးတွေနာမှာပေါ့ အဲ့လိုကြီးကိုက်ရင်"

My Treasure[Completed]Where stories live. Discover now