❤️2❤️

344 42 27
                                    

Zawgi

"Ooh Sehun"

Koreaနိင်ငံ Oh groupရဲ့တတိယမြောက် အ‌မွေဆက်ခံသူ Oh groupပိုင်ဆိုင်မှုမပါဘဲ သူ့လုပ်အားရဲ့အသီးအပွင့်တွေက နိုင်ငံတကာမှာ ဖြစ်ထွန်းခဲ့ပြီ။ အဖေဖြစ်သူက ကင်ဆာရောဂါနဲ့ဆုံးပါးသွားပြီး အမေကနိုင်ငံခြားမှာ။

"သခင်ကြီးဆီကဖုန်းလာပါတယ်"

"Helloအဘိုး"

"မင်းအိမ်တော်ကိုမလာတော့ဘူးလား!! ဒီအဘိုးကြီးကိုရရုမစိုက်တာလား။ ပိတ်ရက်ကျသဲငယ်နဲ့လာခဲ့ ကြားလား!!"

"ကြားပါတယ်"

ဘယ်ဘက်နားထဲလက်ညိုးထည့်ပိတ်ထားတာက ပြောထားတာတြွေပန်ထွက်သွားမှာစိုးလို့။ အသက်ကြီးတဲ့သူတွေက အမြဲအဲ့လိုဘဲလား။

"မူယောင်းဂီကဘာလို့ဖုန်းမကိုင်တာလဲ??"

"အဲ့တာက သခင်လေးကိုကျောင်းပို့ပြီး သူ့အမေဆီခဏသွားမယ်ဆိုပြီးပြောပါတယ်"

"ထားလိုက်တော့ သဲငယ်ကျောင်းကိုသွားမယ်"

"ဟုတ်ကဲ့ ဥက္ကဌကြီး"

***********
"အဲ့တာအိုဆယ်ဟွန်း အိုဆယ်ဟွန်း ဟုတ်တယ်မလား အားးးးချောတယ် ချောတယ်"

ကော်ရစ်တာလမ်းတစ်လျှောက် ကောင်မလေးတွေရဲ့ အော်သံတွေက ဆူညံနေတာသည်။ ဘေးကကြည့်ကြည့် ရှေ့ကကြည့်ကြည့် သူချောတာသူသိတာပေါ့ ဒီ‌လိုအော်တော့ အနည်းငယ်ရှက်မိသား။

Suitအပြည့်နဲ့ သူ့ပုံစံဟာကောင်မလေးတွေ အသည်းကို တဖြုတ်ဖြုတ်ကြွေဖို့ ‌လုံလောက်ပါရဲ့။ ခပ်ချေချေမျက်နှာထားနဲ့မို့ တစ်မျိုးဆွဲဆောင်မှုရှိသေးတယ်။ ဘယ်လိုဘဲကြည့်ကြည့် အဘက်ဘက်ကပြည့်စုံနေတာ။

********
"သဲငယ်!!"

အတန်းထဲမတွေ့လို့ တစ်ကွေ့တစ်ပတ် ကန်တင်းထိရောက်လာရသည်။ ဒီကလေးမှာထားရဲ့သားနဲ့။ လုပ်ချင်တာတွေလုပ်နေတာ။

"ဒယ်ဒီ? ဒယ်ဒီကဒီလိုဘာလာလုပ်တာလဲဟင်?"

"ဘာလာလုပ်ရမှာလည်း ဟောဒီကစကားနားမထောင်တဲ့ ကလေးဆိုးလေးကို လာဖမ်းတာ"

ဘေးနားဝင်ထိုင်ရင်း နှာခေါင်းလေးကိုဖွဖွဆွဲတော့ လက်နဲ့အုပ်ထားလေရဲ့။ ဒီကလေးနဲ့တော့ စိတ်မချအောင်သိပ်လုပ်တယ်။

My Treasure[Completed]Where stories live. Discover now