{Zawgi}
"သဲငယ်ရေ နောက်ကျမယ်"
"လာပြီဒယ်ဒီ!"
သတိလှမ်းပေးတိုင်း 'လာပါပြီ'ဆိုတဲ့အသံစူးစူးလေးဘဲ ကြားရသည်။ လူကအခုထိမမြင်ရသေး။ ကိစ္စတော်တော်များများဖြစ်ပြီးနောက်ပိုင်း မင်ယွန်းဆိုတဲ့ ကောင်လေးကိုသဲငယ်အနားထားပြီး ယောင်းဂီကို အနားပြန်ခေါ်လိုက်ပါတဲ့လေ။
"ဒယ်ဒီလို စီးပွားရေးလုပ်ငန်းရှင်က ကိုယ်ရံတော်ရှိသင့်တယ်"တဲ့လေ
ကိုယ့်လက်အောက်မှာ ယောင်းဂီတစ်ယောက်ဘဲရှိတယ်များမှတ်နေသလားမသိ။ သဲငယ်မသိသေးတာတွေ အများကြီးပါလို့ ပြောရင်မျက်စောင်းအထိုးခံရသေး။
"မင်ယွန်း သွားခေါ်ခဲ့တော့"
"ဟုတ်ကဲ့"
"ဒယ်ဒီရေ..!!!!"
သွားခေါ်ခိုင်းမှ အသံရောလူရော ပေါ်လာသော အသေးလေးပါရယ်။ အိမ်ပေါ်ကဒုန်းဆိုင်းပြေးလာလိုက်တာ အိမ်ပြိုတာတော်တော် ခြေထောက်တွေ ခေါက်ကုန်မြှဖင့်။
"ဒါလေးဝတ်နေတာ ဒီလောက်ကြာနေတာပေါ့လေ"
"ဒယ်ဒီကလည်း ဦးဦးချန်းက လေယာဉ်စီစဉ်ပေးတယ်မလား အေးဆေးပေါ့လို့"
"စီစဉ်ပေးလည်း အချိန်ကိုလေးစားရမယ်လေ"
"ဟုတ်ကဲ့"
ဂျယ်ဂျူကိုသွားရမယ်ဆိုလို့ သုံးလေးရက်လောက်ထဲက တက်ကြွနေတာ အခုထိပြင်ဆင်လို့ မပြီးသေးတာဘဲကြည့်။
"မင်ယွန်း မုန့်တွေပါလား"
"ပါတယ် အကိုလေး"
"ဘာအကိုလေးလဲ ဂျွန်လို့ဘဲခေါ်"
"ဒါပေမဲ့.."
သူကခွင့်တောင်းသလိုနဲ့ ကိုယ့်ကိုစောင်းငဲ့ကြည့်လာတာမို့ ခေါင်းငြိမ့်ပြလိုက်သည်။ သဲငယ်ကိုစောင့်ရှောက်ရမယ်ဆိုပေမဲ့ ဒီတိုင်းသူငယ်ချင်းလိုပါဘဲ။
************
နာရီဝက်လောက် အိမ်တော်ကမောင်းပြီး Chanyeol hyungပိုင်တဲ့ CB Airportကိုရောက်သည်။ ကိုယ်တိုင်လာပါ့မယ်ဆိုတာကို လက်မခံ သူစီစဉ်ပေးပါမယ်ဆိုတဲ့ ကိုယ်တော်ကြောင့် အခုတော့ စောင့်နေရပြီ။

YOU ARE READING
My Treasure[Completed]
De Todoသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး