<Unicode>
"ဟိုဟာလေ""အင်း..."
မျက်ဝန်းလေးတွေက ဂနာမငြိမ် နှုတ်ခမ်းလေးကိုက်ကာရယ် စဉ်းနေသည်။ အားးးး အသည်းယားလို့ဘယ်လိုလုပ်ရပါ့။
"ကလေးလေးကကိုယ့်ကိုမချစ်ဘူးလား ဟင်..?"
"မဟုတ်ဘူးလေ ချစ်တာပေါ့ ချစ်ပေမဲ့"
"ဘယ်လိုချစ်တာလဲ??"
အဲ့လူကြီးကိုထုချင်လာပြီ တကယ်ဘဲချစ်ပါတယ်ဆို။ ဘယ်လိုချစ်တာလဲတဲ့။ လူကိုသက်သက်စနေတာ
"မသိဘူး"
"မသိလို့မရဘူး ဖြေ ဘယ်လိုချစ်တာလဲ"
"အဖေလို!! ရပြီလား"
"တကယ်ကြီးလား"
ပြောပြီးလည်ပင်းကို လေတွေနဲ့မှုတ်ပြီးစသည်။ လူအများရှေ့တည်ငြိမ်သလောက် သူ့ရှေ့ဘယ်တော့မှ အိနြေ္ဒမရ။
"မလုပ်နဲ့ မနေတတ်ဘူးလို့"
"အဲ့တာဆိုဖြေလေ"
"ယောပေါလိုချစ်တယ် ချစ်သူလိုချစ်တယ် အများကြီးချစ်တယ် အိုကေပြီလား"
"ဟားဟား ကလေးလေးကွာ"
ပြောပြီးမွေ့ယမ်းပစ်တာ လွင့်သွားတော့မတတ်။ ဒယ်ဒီဆီကဒီလိုစကားကြားရဖို့ သူမမျှော်လင့်ခဲ့ရိုးအမှန်။ သူ့ဘက်ကစည်းကျော်ချင်တာသိရင် စိတ်ပျက်သွားလေမလားတွေးပြီး ငိုခဲ့ရသေးသည်။ နောက်မှအဲ့အစားအလျော်ပေးခိုင်းမယ်။ လူဆိုးကြီး..။
**************
"ဖိုး ဘာလာလုပ်တာလဲ""ကိစ္စရှိမှလာရမှာလားမြေးရ မြေးကအခုတော့နှင်ပြီပေါ့လေ"
"ဟုတ်ပါဘူးဖိုးရဲ့ ဖိုးလာတော့ပျော်တယ်"
"ဖိုးကမဂ်လာကိစ္စလာတာ ဟိုကောင်ကကုမ္ပဏီသွားတာလား"
"ဟုတ်တယ်ဖိုး ဒယ်ဒီကအလုပ်သွားတယ် သားမှာအကြံရှိတယ်"
"ဘာအကြံလဲလုပ်ပါဦးမြေးရ"
"အလုပ်ကိုလိုက်သွားကြမယ်လေ မကောင်းဘူးလား"
"ကောင်းပါ့ဗျာ ခုသွားမလား အဝတ်အစားလဲဦးမလား"
"သွားမယ်ဒီတိုင်း ဟီး.."
ရှိသမျှသွားအကုန်ဖြဲပြပြီး ရယ်ပြလိုက်တော့ ဖိုးကသဘောတကျရယ်သည်။ ဒီအချိန်ဒယ်ဒီဘာလုပ်နေမလဲ။

YOU ARE READING
My Treasure[Completed]
Randomသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး