{Zawgi}
"Daddy အစောကြီး ဟီး"
"ဒါကဘယ်လဲ"
လက်တစ်ဖက်က စာအုပ်နှစ်အုပ်ကိုင်ထားပြီး ညာဘက်လက်တွင် ဆရာသုံး ပေတံအကြီးစားတစ်ချောင်း ကိုင်ထားသည်။ Daddyကရှေ့တိုးလေ သူကနောက်ဆုတ်လေနဲ့ နောက်ဆုံးနံရံနဲ့ကပ်သွားမှဘဲ ရပ်တော့သည်။
"ပန်ကာလေး တအားတွေလည်တယ်ပေါ့လေ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ လည်တော့လည်တယ် တစ်ပတ်မပြည့်ဘူး။"
"ဒါက ပညာရေးအတွက်...."
"တရားချမလို့လား မပေါက်ဘူးနော်"
"အဟင့် Daddyကလည်း တစ်လထဲဘဲလေ"
"မရဘူး လာခဲ့ သိပ်မလည်တဲ့ပန်ကာလေးကို အပြစ်ပေးမယ်"
Daddyမသိဘဲ(အသိမပေးဘဲ) အပြင်ထွက်မှုဖြင့် သူကတော့ နှုတ်ခမ်းတွေ ပူထူပေါက်သွားတဲ့အထိ အနမ်းခံလိုက်ရပြီး Yong gi hyungကတော့ ဒီလအတွက် ဘောနပ်စ်ဆုံးရှုံးသွားလေသည်။
************
စာမေးပွဲတွေပြီးတော့ ကျောင်းကနှုတ်ဆက်ပွဲ လုပ်ပေးသည်။ သူတို့က ဒီနှစ်ပြီးရင် ကျောင်းပြီးကျပြီမို့ အသီးသီးအလုပ်ခွင်ဝင်ရန်ပြင်ဆင်ကြရသည်။ သူ(Jun)ကတော့ Daddyအလုပ်မှာဘဲ ဝင်လုပ်ဖို့ စီစဉ်ထားသည်။ တစ်ခြားအလုပ်လည်း ပေးလုပ်မည်မဟုတ်။"Min yoonရော ဘယ်မှာအလုပ်ဝင်မှာလဲ?"
"အင်းးး မသိသေးဘူး အဆင်ပြေတဲ့နေရာပေါ့"
"ခွဲရတော့မှာပေါ့"
"ဒါပေါ့ ဒါကြောင့် မမူးမချင်းအကုန်လုံးမပြန်ရဘူး"
တက်ကြွတဲ့ကြက်ဖကတော့ သူသောက်တာတင် အားမရဘဲ အကုန်လုံးတောင် မဲဆွယ်နေသေး။ ခေါင်းသာရမ်းမိပါတော့သည်။
"Daddy!!"
"ဗျာ..!"
"ဒက်ဒီ"
"ဟော ဘယ်ကဒက်ဒီတုန်း ဘာလဲအသစ်တွေ့လာတာလား..? ဟမ်"
"အရူးကြီး ဟောဒီကသည်းငယ်က Daddyတစ်ယောက်ထဲကိုဘဲချစ်တာ"
ဇာတိတွေ မူးရင်ပြတဲ့ဇာတိတွေ သွားကြိုလာတုန်းကလည်း လူကို ပြန်ပေးသမားလိုလိုက ပြောသေး။ အခုလည်း မျက်လုံးကမပွင့် ကုတင်ပေါ်ကနေ မှောက်ပြီးအော်နေလေသည်။

YOU ARE READING
My Treasure[Completed]
Randomသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး