{Zawgi}
"Yong gi Hyung မပြောပါနဲ့လို့ နော်နော် Daddyသိရင်လွှတ်မှာ မဟုတ်ဘူး နော်"
"ဖြစ်ပါ့မလားကွာ သခင်ကြီးသိရင် အကုန်ခေါင်းပြုတ်ကုန်ပါ့မယ်"
"မပြုတ်ပါဘူး ဒီတစ်လလေးဘဲလေနော်"
"ဟုတ်ပြီ ပြောမရတော့လည်း လုပ်ပေးရမှာပေါ့"
သွားရေးလာရေးကတော့ အိုကေသွားပြီ။ ညအချိန်ပိုလေး ကျောင်းကိုသွားတက်ဖို့အရေး မဟုတ်တာလုပ်မဲ့သူလိုဘဲ မလုံမလဲဖြစ်နေရသည်။
Daddyကိုသွားဖို့ပြောတော့ စိတ်မချဘူးဆိုတဲ့ပုဒ်မနဲ့မလွှတ်။ ညကျောင်းကမသွားလို့လည်းမဖြစ် အိမ်မှာနေရင် အနှောင့်အယှက်အကြီးကြီး ရှိနေလေသည်မို့ စာကောင်းကောင်းမလုပ်ရ။
"သွားကြစို့လေ 7နာရီအရောက်မို့လား Jun"
အခေါ်အဝေါ်ကို အာဏာသုံးပြီးပြောင်းခိုင်းထားရသည်။ မဟုတ်ရင် နေရခက်လွန်းလို့။ ဖိုးကပါ အိမ်တော်မှာမနေဘဲ ဒီလာနေတာမို့ ဖိုးရဲ့ဆရာဝန်တွေရော maidတွေရော ပါလာသည်။
အိမ်တော်ကပိုကြီးတယ်ဆိုပေမဲ့ Daddy့အိမ်ကလည်းမသေးပေ။ သုံးထပ်တိုက်ကြီးပါတဲ့အပြင် ခြံရှေ့ကနေအိမ်ရှေ့ထိ ကားဝင်တဲ့လမ်းကလွဲ၍ ဘေးလမ်းတစ်လျှောက် မြက်ခင်းပြင်အပြည့်ဖြစ်သည်။ ခြံရှဲ့တောင်ဘက်စွန်းစွန်းတွင် ရေပန်းအသေးစားလေးရှိသည်။ ခြံပတ်ပတ်လည်တွင်လည်း အပင်ကြီး အမျိုးစားအစုံစိုက်ပျိုးထားသေးသည်။
"Daddy စာကြည့်ခန်းထဲသွားပြီမလား"
"အင်း အခုဘဲဝင်သွားပြီ အခုမသွားရင်မှီမှာမဟုတ်ဘူး"
"သွားမယ် မြန်မြန်"
အရှေ့ကနေ နှေးတုံနှေးတုံလုပ်နေတဲ့ Hyungကအဆူခံရမှာတကယ့်ကို ကြောက်နေပုံပင်။ နောက်ကျောကနေတွန်းပြီး အတင်းသွားခိုင်းမှသွားသည်။
"2နာရီဘဲနော်Jun မဟုတ်ရင် ငါခေါင်းပြုတ်ပြီ"
"ဟုတ်ကဲ့ပါ သိပါတယ် လာကြိုဖို့မမေ့နဲ့နော်"
"ပြန်ကိုမပြန်ဘူး စိတ်ချ"
ကျောင်းထဲဝင်သွားတဲ့ ကောင်လေးကိုကြည့်ပြီး သူသက်မအသာချမိသည်။ ဘုရားသကြားမလို့ သခင်ကြီး မသိပါစေနဲ့။ ခေါင်းအဖြုတ်မခံနိုင်ဘူး။

YOU ARE READING
My Treasure[Completed]
Randomသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး