{Zawgi}
"ကြည့်ဦး ဖြူဖြူသေးသေးလေး"
"RKမှန်းသိသာချက် အိးး ပါးလေးတွေဆိုအိနေတာဘဲ"
ဒေသိသစကားသံရောနေတဲ့ကိုရီးယားစကားဝဲဝဲဟာ အိမ်ခန်းလေးအတွင်းပျံနှံလျက်။ လူသုံးယောက်ကမူ သူတို့ဖမ်ခေါ်လာပါသော ကောင်လေးအားစသုံးလုံးလုပ်နေကြခြင်းပင်။
"အဲ နိုးလာပြီ"
"အွန်းးးး"
အသံရှည်ဆွဲပြီး အကြောပါဆန့်လိုက်သော ကောင်လေးအား သူတို့ကြောင်ကြည့်နေတုန်းပင်။ သူတို့ရှိတာမသိသေးတာလား ဒါမှမဟုတ် သိရဲ့နဲ့ မကြောက်တာလားပင်။
"အဟမ်းး"
ထိုလူကြီးသုံးယောက်ထဲမှ ခန္ဓာကိုယ်အကြီးဆုံးနဲ့လူမှ ချောင်းဟန့်လိုက်တော့ ထိုကောင်လေးမှမော့ကြည့်လာသည်။ တကယ့်ကို သနားချင်စရာ မျက်လုံးဝိုင်းဝိုင်းလေးတွေ။
"မင်း..မင်းအုပ်ထိန်းသူကို ဖုန်းခေါ်လိုက်"
"ကျွန်တော့်ကို ဘာလို့ဖမ်းလာတာလဲဟင်"
"အာရိုး ဖမ်းလာပြီး အလှကြည့်မလို့မဟုတ်ဘူးလေ ပြန်ပေးဆွဲလာတာ"
"ဟာ ဦးလေးကြီးတွေ အဲ့လိုမလုပ်နဲ့ အဲ့တာမကောင်းဘူး"
"မင်းကလည်းကွာ ငါတို့ကထောင်ကထွက်လာတာမကြာသေးဘူးကွ စားစရာမရှိတော့ ဒီလိုလုပ်ရတော့မှာဘဲ"
"ဦးလေးကြီးတွေအလုပ်လုပ်မလား..?"
*******
ရှေ့မှာထိုင်နေတဲ့ Daddyကိုကြည့်ပြီး Junရော ဟိုလူကြီးသုံးယောက်ရော အသံမထွက်ရဲကြ။ အသံမထွက်ရဲဆို ရောက်ခါစ သူ့ကလေးလေးကို လန့်အောင်လုပ်ရပါ့မလားဆိုပြီး သတ်တော့မလို လုပ်နေလို့ မနည်းပြန်ဆွဲထားရသေးသည်။ ဒီလူကြီးကိုတကယ်မနိုင်တာ။"အဲ့တော့ ကလေးကအလုပ်ပေးမယ်ပေါ့"
"ဟုတ်..!"
"ဘာအလုပ်လဲ??"
Daddyကခပ်ဆတ်ဆတ်မေးတော့ သွားအသာဖြဲပြပြီး ပေါင်ပေါ်တက်ထိုင်ပစ်လိုက်သည်။ လူ့ဘဝတွေ အသက်တွေက ကယ်ကောင်းပါတယ်လေ။
"သူတို့ကလူကောင်းတွေပါDaddyရဲ့ လိမ်လို့သာထောင်ကြတာ သနားပါတယ် Daddyကကူညီလိုက်ပါနော်"

YOU ARE READING
My Treasure[Completed]
Randomသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး