Zawgi
"သွားလဲ သဲငယ်"
"မလဲပါဘူးဆို ပူတယ်လို့"
"လဲလို့ဒယ်ဒီပြောနေတယ်လေ ဒယ်ဒီစိတ်မတိုချင်ဘူး သွားလဲအခု!"
အော်သံအနည်းငယ်ပါသွားတဲ့နောက် နှုတ်ခမ်းဆူပြီး အပေါ်ထပ်ပြန်တက်သွားသည်။ ပူတာတော့ဟုတ်ပေမဲ့ ဝတ်လာတာကမဟုတ်ဘူးလေ။ ဝတ်ချလာတာ ဒူးအပေါ်ဘောင်းဘီအတိုနဲ့ Teeအပွနဲ့။ Teeကလည်းပွလွန်းလို့ ပုခုံးဖွေးဖွေးလေးတွေ အကုန်မြင်နေရတယ်။ ဒီကလေး ဘယ်လောက်တန်ဖိုးထားလည်းသိလို့ ဆိုးနေတာ။
"ရပြီလား!"
ဆူအောင့်အောင့်အသံလေးနောက် ရှပ်အဖြူ စတိုင်ပန်အနက်လေးနဲ့ကို ကြည့်ကောင်းနေပြန်တာ။ သူများတွေမမြင်အောင် ဖွက်ထားလိုက်ရ..
"ရပြီသွားမယ်"
**********
ခြံဝန်းအကျယ်ကြီးထဲ ကားလေးကချိုးဝင်လိုက်ပြီး အိမ်တော်ကိုရောက်ဖို့ အတော်လေးမောင်းရသေးသည်။ အိမ်အကြီးကြီးက ငယ်ငယ်ကသူနေခဲ့တုန်းကလိုဘဲ ဘာမှမပြောင်းလဲသေး။ အထက်တန်းပထမနှစ်မှာ ဒယ်ဒီကအိမ်ခွဲနေရမယ်ဆိုလို့ ငိုခဲ့ရသေး။ ကိစ္စမရှိပါဘူး ဒယ်ဒီရှိနေတာဘဲ။"ဘိုးးးးးးရေ"
"သဲငယ်လေး လာပါဦးဘိုးဆီ"
ဆိုဖာပေါ် ထိုင်နေတဲ့ဘိုးဟာ အသက်အရွယ်ကြောင့် အရည်ပြားတို့ တွန့်နေပေမဲ့ တည်ကြည်ခန့်ညားမှုတို့က ပျောက်ပြယ်မသွား။ ဒယ်ဒီက ဘိုးနဲ့သိပ်တူသည် တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတို့ဟာ သေသပ်စွာ...။ သွက်သွက်လပ်လပ် မသွားလာနိုင်တော့ပေမဲ့ ကျန်းမာနေတုန်းပင်။
"ဘိုး သဲငယ်ကသတိရနေတာ.."
"ဟုတ်ရဲ့လား ဒယ်ဒီကဘေးနားရှိနေတော့ ဘိုးကိုမေ့နေပြီလားလို့ပါကွာ"
"မေ့စရာလား ဒီနေ့ဒယ်ဒီကို စိတ်ကောက်တယ် မခေါ်ဘူး"
"ဒီနေ့စိတ်ကောက်တယ်ဆိုတော့ မနက်ဖြန်ကျ ခေါ်မယ်ပေါ့လေ"
"ဟုတ်တယ် ဒီနေ့ဘဲကောက်တာ"
ဘိုးနဲ့သူ့ကို ကြည့်နေတဲ့သူဟာ မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ကြည့်လာလေသည်။ ကျေနပ်လား..ဟွန့်။
YOU ARE READING
My Treasure[Completed]
Rastgeleသူများကိုမပြချင်လောက်အောင် မင်းကကိုယ့်အတွက် အဖိုးတန်ရတနာလေး