" London Eye " ( 1 )

6K 517 13
                                    

Zawgyi

မွေးရပ်မြေ England ကို ပြန်လာရသည်မို့
စိတ်လှုပ်ရှားနေတာတော့ ပြောမပြတက်လောက်အောင်ပါဘဲ..

ပထမဦးဆုံး မွေးရပ်မြေ လန်ဒန်ကို လာခဲ့ခြင်း

" Omma! ..Tae အမြန်ရောက်ချင်လှပြီ "

" ကလေးက စိတ်လှုပ်ရှားနေတာပါ. လန်ဒန်ရောက်ရင် ဖွားကသေချာပေါက် ပျော်အောင်ထာ့းမှာ "

လေယာဉ်စီးလာရင်း ကျနော်တို့ မိသားစုသိပ်ကို
ပျော်ရွှင်နေကြတာ. အမေကတော့ အဖေရင်ခွင်ထဲကနေ ကျနော် လန်ဒန်ကိုရောက်ရင် ပိုပျော်သွားမည်ကို စကားစနေသည်

ကျနော်တို့ မိသားစုတစ်စုလုံးက လန်ဒန်မြို့ ဇာတိတွေဖြစ်ကြတာမို့..
အားလုံးက စိတ်လှုပ်ရှားမှု ကိုယ်ဆီဖြစ်သာ
ခရီးလမ်းကို ရင်ခုန်နေကြသည်

နာရီတစ်ခုအထိ ကုန်ဆုံးလာခဲ့ပြီးမှ ရောက်ရှိလာတဲ့ England နိုင်ငံ
ကျနော်တို့ အန်းဂဲလူမျိုးတွေ ရှိရာ နိုင်ငံ

အပေါ်စီးမှ မြင်နေရတဲ့ England ရဲ့ တောင်ဘက်အစွန်းက မြင်ကွင်း

တကယ်ကို အသက်ရှုဖို့ မေ့ရလောက်တဲ့အထိ
ငေးမောနေမိတာ...

ပင်လယ်ပြင် ပြာလဲ့လဲ့ကို တစ်ဖက် တစ်ချက်ဆီ ပိုင်းခြားထားတဲ့ မြေပြင် ညိုစိမ့်စိမ့်လေး

ခပ်စိပ်စိပ်မြင်နေရတဲ့ အဆောက်အအုံလေးတွေ
ရှုခင်းဆိုတာ ဒါမျိုးကို ပြောတာပါလားလို့တောင် ထင်မိသည်..

လေဆိပ်မှာ လာကြိုနေတဲ့ လန်ဒန်ကအမျိုးတွေ

တရွေ့ရွေ့နဲ့ ရောက်လာခဲ့ပြီ အဖွားအိမ်မှာ တည်းခိုနေကြသည်

အမြဲတမ်းဖုန်းထဲမှာသာ အဆက်အသွယ်လုပ်ဖူးခဲ့တဲ့ ဖွားက အမြင်မှာ အများကြီးလှတာရယ်..

တော်ဝင်မင်းသမီးကြီးလိုမျိုးပေါ့

Tae ကို သိပ်ချစ်တဲ့ အဖိုးနဲ့ အဖွားက တီတီတာတာတွေ ပြောကာ သဲသဲလှုပ်ချစ်နေကြ
သည်

" ဖွားရေ..Tae လန်ဒန်မြို့ထဲကို မနက်ဖြန်လျှောက်လည်ချင်တယ် "

" လည်ရမှာပေါ့.. မလောပါနဲ့ ကလေးရယ်. ခရီးပန်းလာတာကို နားအုံးမှပေါ့. ဖွားက အစ်ကိုတွေကို လိုက်ပို့ပေးဖို့ မှာထားပြီးသား"

" London Eye "  ( Completed ) Where stories live. Discover now