Zawgyi
" Min! ဒီဟာက ဘာတွေလဲ "
သူ့နန်းဆောင်ထဲ ဘုရင့်ပစ္စည်းတွေ ပြောင်းရွေ့နေတာတွေ့လို့ မေးခြင်း
" မင်းနန်းဆောင်မှာ ပြောင်းနေမလို့လေ. မင်းကိုယ်ဝန်ဆောင်နေတာ ငါကဘေးကနေ ရှိပေးရမယ် ထင်လို့! "
" ကျနော်လက်မခံဘူး Min! "
မင်း လက်ခံတာ လက်မခံတာက ဘာအရေးလဲ
ဒါက ငါ့နန်းတော်ပါ Hyung ရဲ့" မင်းမှာ ငါကလွဲပြီး မရှိဘူးမှတ်လား! ငါကဘဲ မင်းနဲ့ နေပေးရမှာပေါ့! ငါ့ကလေးအတွက်ကောပေါ့! "
ဒီနန်းတော်ကို စရောက်ထဲက ကျနော့်နန်းဆောင်ကို Min နဲ့ အထိန်းတော်ကြီးသာ ဝင်ထွက်ခွင့်ရှိသည်
လိုအပ်တာရှိရင် အထိန်းတော်ကိုသာ မှာကြားရသည်
တခြားသော အခြံအရံဆိုလို့ မထားပေးခဲ့
Min နှုတ်ခမ်းတွေက ကျနော့်နှုတ်ခမ်းတွေဆီလာနေသည်မို့ အမြန်မျက်နှာလွဲလိုက်ရသည်
ပေါ်နေတဲ့ မေးရိုးတစ်လျှောက်ကို မထိတထိ နမ်းလာသည်
လက်ပေါ်က ကြက်သီးပြင်းတွေ ထလာရသည်
" ရေသွားချိုးတော့! မင်းအအေးမိလို့မရတာ ငါသိတယ်! "
သူ့ကိုသိမ်းပိုက်မှာ သိပ်ကြောက်နေရှာသည်
" အရှင် ကျနော်မျိုးကို ခေါ်ပါသလား "
အထိန်းတော်ကြီးကို မှာကြားစရာ ရှိလို့ခေါ်လိုက်ခြင်း
" အင်း...Hyung အတွက် အားဆေးတွေ နဲ့ အားဖြည့်စာတွေ ပြင်ဆင်ပေးပါအုံး. ဒီကြားထဲ ငါ့ကို မကျေနပ်တာနဲ့ စိတ်လုပ်ပြီး အစားတောင်ကောင်းကောင်းမစားခဲ့ဖူးမဟုတ်လား. သူကြိုက်တဲ့ အစားအစာလေးတွေဘဲ ပြင်ဆင်ပြီး ကျွေးပါ
ငါကိုယ်တိုင် ကျွေးရင် မစားဖူးမို့. "" ကျနော်မျိုး ဆောင်ရွက်ပေးပါ့မယ် အရှင် "
" ငါတို့ရဲ့ ကလေးက Hyung ငယ်ငယ်ကလို ချစ်စရာကောင်းလိမ့်မယ်ထင်တယ်. ပါးအိအိလေးတွေ နှာတံချွန်ချွန်လေးတွေ နဲ့ အသဲပုံ ဆန်ဆန် နှုတ်ခမ်းလေးတွေ. Hyung ငယ်ငယ်ကနဲ့ သိပ်တူမှာ ..ငါအများကြီးမျှော်လင့်မိနေတာ "