" London Eye " ( 18 )

1.7K 242 6
                                    

Zawgyi

" Jeon မင်းတာဝန်တွေ ပြန်ထမ်းဆောင်မှ ဖြစ်မယ် "

ခမည်းတော်က သူ့နန်းဆောင်ကို အခေါ်တော်လွှတ်ပြီး လာခိုင်းခြင်း

Min အမိန့်မပါဘဲ ခမည်းတော်က အချုပ်ခန်းကနေ လွှတ်ပေးခဲ့တာ

ဒီအုပ်ချုပ်ရေးပိုင်းတွေမှာ Min ကမရှိတော့ အကုန်အခက်တွေ့ကုန်တော့တာလေ

ဒီကြားထဲ ကျနော်ကပါ အချုပ်ခန်းထဲမှာမို့ တာဝန်တွေအားလုံးက ကတောက်ကဆ တွေဖြစ်နေတာ

" ဘုရင်ရဲ့ တာဝန်တွေကို ကူညီတာမို့.. ခမည်းတော် ဒီလိုလုပ်တာကို Min နားလည်မှာပါ "

" ခမည်းတော် သဘောထားကို လိုက်နာပါ့မယ် "

ခမည်းတော် နန်းဆောင်က ပြန်လာတော့ Tae့  နန်းဆောင်ဘက်ကိုကြည့်တော့ တိတ်ဆိတ်နေခဲ့သည်

အရှေ့မှာလည်း အစောင့်နှစ်ယောက်က ရှိနေသည်မို့ သွားလို့မဖြစ်ပေ

န​​န်းတော်ကနေ ပြန်ထွက်လာပြီး စံအိမ်ဘက်ကို လမ်းလျှောက်လာခဲ့သည်

ပြင်ပလေထုရဲ့ အထိအတွေ့တွေကိုတောင် မခံစားရတာ ကြာပေါ့

မယ်တော်က ဥယျာဉ်ထဲမှာ ရပ်နေသည်မို့ အနားသို့ သွားလိုက်တော့

မယ်တော်က ခပ်အေးအေးလေး ပြုံးကာ လက်နှစ်ဖက်ကို အနည်းငယ်ဆန့်ပြီး ပွေ့ဖက်ဖို့ခေါ်သည်

မယ်တော်က ကျနော့်ကို ခဏထွေးပွေ့ထားရင်း ကျောကို ဖွဖွလေးပုတ်ကာ

" အဆင်ပြေတော့မှာပါ အရာအားလုံးက "
**
Min သူကိုယ်တိုင်မရှိတာတောင် အမိန့်တွေက အခုထိ ကျန်နေတုန်း

အပြင်ထွက်လို့မရသေး နန်းတော်ကအစောင့်တပ်သားတွေက Min အပေါ် အတော်လေး သစ္စာရှိကြတာရယ်

Min ရဲ့ အမိန့်ကို အခုထိ နာခံနေတုန်း

Min ရဲ့ အသုံးအဆောင်တချို့ကိုလည်း ကျနော့်နန်းဆောင်ထဲမှာ ထားထားတုန်းပင်

လိုက်ကာစကြီးနဲ့ ဖုံးထားတဲ့ ပြတင်းပေါက်ကို ဖယ်လိုက်တော့ အလင်းတန်းက ဖြာပြီးဝင်ရောက်လာသည်

Min ကပိတ်ထားခဲ့တာ ကြာနေပြီမို့ ဝင်လာတဲ့ အလင်းရောင်ကို မျက်စိက မခံနိုင်စွာ ဖြစ်ရသည်

" London Eye "  ( Completed ) Where stories live. Discover now