Zawgyi
" မှတ်မိလား "
ဒါဆို ဒါဆို Min ပေါ့
" မမှတ်မိဘူး ဘာကိုမှတ်မိရမှာလဲ "
ငါ့ကိုအဲ့လောက်တောင် မုန်းလား. မင်းမမှတ်မိချင်ယောင်ဆောင်ရတဲ့အထိလေ
" မမှတ်မိဘူးပေါ့. ငယ်သေးလို့များလား ဒါပေမဲ့
ဒီ Christmas တီးလုံးကိုတော့ မေ့နေတာဖြစ်ပါ့မလား "အနားသို့လျှောက်လာရင်း အားပြင်းပြင်းနဲ့ ဆွဲဖက်သည်
နှုတ်ခမ်းကိုတစ်ချက် ဖိကပ်နမ်းသည်
" ဒီလိုဆိုရင်ကော မှတ်မိလား "
" မမှတ်မိဘူး.. "
တစ်ချက်ပါးချောင်ကိုလျှာနဲ့ထိုးရင်း
" ထားပါတော့... အချိန်တစ်ခုရောက်ရင်တော့ သေချာပေါက်မှတ်မိရမှာဘဲ "
ထိုစဉ် တံခါးခေါက်သံကြောင့် Min ကအရှေ့ထွက်သွားသည်
တံခါးဖွင့်ကာ တစ်ယောက်ယောက်နဲ့ စကားပြောနေသည်
" Min နင်အခုရက်ပိုင်း ငါ့ဆီဘာလို့မလာတာလဲ "
" ဒီနေရာကိုလာဖို့ ငါခွင့်မပြုထားဘူးနော်. နင်ဆင်ဆင်ခြေခြေနေရင်ကောင်းမယ် "
" ဒီအတွက် ငါတောင်းပန်ပါတယ်.. နင်အားတဲ့အချိန် ငါ့ဆီကိုလာခဲ့ပါနော်. စောင့်နေမယ် "
ပြောပြီး အထဲကို လှမ်းကြည့်ပြီး ထွက်သွားတဲ့ သူမ
" အိမ်မပြန်ရသေးဘူးလား အခုပြန်ပို့ပေးတော့ "
" အွန်း.. ပို့ရမှာပေါ့. အခုတော့ ဒီနေရာကမင်းနေရာမှ မဟုတ်သေးဘဲ "
မနက်ကနေ နေ့လည်ခင်း နေလည်ခင်းကနေ ညနေအထိ အားလပ်ချိန်မရစွာ ဆောင်ရွက်နေရတဲ့ တာဝန်တွေ
ဒီကြားထဲ Tae နဲ့တွေ့ဖို့အချိန်မရှိတာကို တကယ်အခက်တွေလှသည်
မျှော်နေရောပေါ့... ကျနော်ကိုယ်တိုင်ကော
" Min မင်းငါ့ကိုတစ်ခုလောက်ကူညီမလား "
" ငါလုပ်ပေးနိုင်လောက်တဲ့ ကိစ္စလား "
နန်းတော်အပြင်ကို ထွက်မလို့လုပ်နေတဲ့ Min ရဲ့အညီအကူကို လိုအပ်သည်