Zawgyi
လမ်းအချိုး ထောင့်ဆုံးနားက ခပ်ကြီးကြီး အဆောက်အအုံလေး
ရင်ခုန်နေတဲ့ ခြေလှမ်းတွေကဘဲ အသွားမြန်နေတာလား စိတ်အတွေကဘဲ သူ့ဆီရောက်ချင်နေတာလား
ထိုအဆောက်အအုံရှေ့ရောက်သွားခဲ့သည်
ဌာနရုံးထဲ ဝင်သွားတဲ့ လူတစ်ယောက်ကို လှမ်းခေါ်ကာ အကူအညီတောင်းပြီး မေးကြည့်လိုက်တော့..
Jeon ရှိတဲ့နေရာပင် မြို့ဝန်ဦးလေးက အကြောင်းကြားထားပေးသည်မို့ ကျနော့်ကို ဌာနကလူတွေက ဧည့်ခံပေးသည်
" ကျနော်တို့ မြို့ဝန်က ညနေလောက်မှ ဌာနကိုပြန်ရောက်မှာပါ. မနက်ထဲက Rye Castle ဘက်ကို အကြီးအကဲနဲ့ တွေ့ဖို့သွားပါတယ် "
ဒီမှာ ညနေအထိတော့ စောင့်နေလို့မဖြစ်သေးပေ
London နဲ့ Rye ကလာရင်တောင် 1 :30 ကျော်
ကျော်သာ ကြာသည်မဟုတ်လားနန်းတော်က မလိုက်လာခင် Jeon နဲ့တွေ့မှာ ဖြစ်မှာ
Min သာမသိသေးရင် တပ်သားတွေလည်း လိုက်လာလို့ရသေးမှာ မဟုတ်ပေ
ဌာနရုံးကနေ ထွက်လာတော့ Gun Garden, Ypres Tower, Rye Castle Museum
ကျနော် လမ်းတွေဘာတွေ မသိပေမဲ့ မေးစမ်းပြီးသွားရင် ရောက်ပါလိမ့် ဌာနရုံးကလူတွေက အလုပ်ရှုပ်သည် မဟုတ်လား အကူအညီမတောင်းချင်ဘူးရယ်
" Hi.. ဘယ်သွားမလို့လဲ. လမ်းတူရင် ငါနဲ့ အတူသွားမလား "
ကားပေါ်က အီတာလျံ တစ်ယောက်က အတော်လေး စကားများပြီး ဖော်ရွေတယ်ရယ်
အခုလည်း လာနှုတ်ဆက်ပြန်သည် English လို့ဘဲပြောနေတာ သူ ကျနော်က English လူမျိုးဆိုတာ သိနေတာဘဲ
" Rye Castle ဘက်ကိုသွားမလို့.. တူပါ့မလား "
" တူပါတယ်. ငါတို့အတူသွားလို့ အဆင်ပြေပါတယ် "
အီတာလျံကောင်လေးက ကျနော့်အသက်နဲ့ မတိမ်းမယိုင်လောက်သာရှိသည်
20 , 21 ဝန်းကျင်လောက်ပေါ့
" Rye ကိုဘာလာလုပ်တာလဲ. မင်းပုံစံက ရည်းစားနောက် လိုက်လာတဲ့ သူလိုဘဲ ကုတ်ကုတ်ကုတ်ကုတ်နဲ့ "
YOU ARE READING
" London Eye " ( Completed )
Roman d'amourMin YoonGi & Kim Taehyung & Jeon Jungkook