Zawgyi
မြို့တော်အုပ်ချုပ်ရေးပိုင်းက အကြီးအကဲများနှင့် အစည်းအဝေးတက်ပြီး ပြန်လာခဲ့တော့ Buckingham Palace ' Garden မှာ ဖြတ်ခနဲ မြင်လိုက်မိတဲ့
အရိပ်ကလေး..ဟိုနေ့က အာရှသားလေးရဲ့ ပုံရိပ်လေး
အဲ့ဒီနေရာမှာ ခဏရပ်ပြီး စိတ်ဝင်တစားကြည့်နေလိုက်သည်
ဟိုပြေး ဒီပြေးနဲ့ ဘာတွေပျော်စရာကောင်းနေမှန်းမသိ
အာရှသားတွေက အဲ့လိုဘဲ ကလေးဆန်ကြသလား
အနီးကပ်ကြည့်မိတော့မှ ပိုလှနေသယောင်
အစိတ်အပိုင်းတစ်ခုဆီတိုင်းကို မသိစိတ်က အလွတ်ကျက်နေမိပြီ
သေချာကြည့်မှ မျက်ဆံလေးက အပြာရောင်လေးနဲ့ အတော်လှတာရယ်
အာရှသားဆန်ဆန် အနောက်တိုင်းကောင်လေးထင်သည်
မင်းကတကယ့်ကို တမျိုးလေးပါလား
ကိုယ့်ကို ရှောင်နိုင်သမျှ ရှောင်ပေး
ကိုယ်က ထပ်လာခဲ့မှာမို့...နန်းတော်ထဲ အချိန်တွေကုန်နေရင်းကနေ ညအချိန်ကိုပင် ရောက်နေခဲ့ပြီး
မင်းသားလေးတွေဘဝက သနားစရာဘဲ
နန်းတော်ထဲက တော်ဝင်မျိုးနွယ် တော်ဝင်သွေးသားမို့
သာမန်လူလိုနေခွင့်မရှိ..
သာမန်လူသားတွေလို အိပ်မက် ဝါသနာတွေထားခွင့်မရှိ..
မင်းသားတစ်ယောက် တက်သင့်တက်ထိုက်တဲ့ပညာရပ်တွေနဲ့ လုပ်သင့်တဲ့အလုပ်.. အဲ့ဒါတွေနဲ့တင် အချိန်ပြည့်နေတာ..
ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အိပ်မက်တွေ မရှိပေ
YOU ARE READING
" London Eye " ( Completed )
Любовные романыMin YoonGi & Kim Taehyung & Jeon Jungkook