" London Eye " ( 12 )

1.7K 242 14
                                    

Zawgyi

" ကြင်ယာတော်လေး ပြေးပြီး မဆော့ပါနဲ့ "

" ဘာလို့လဲ Tae အရင်ကလည်း ဆော့နေကြဘဲကို "

ကိုယ်ဝန်ဆောင်​နေတဲ့ လက္ခဏာတွေ မပြသေးပေမဲ့ ကြိုတင်ကာကွယ်ထားတာ ကောင်းသည် မဟုတ်လား

" ကြင်ယာတော်လေး ရဲ့ ကျန်းမာရေးအတွက်ပါ.. "

ကျနော့်က နဂိုကတည်းက  ကိုယ်ခံအားနည်းသည်မဟုတ်လား

ခန္ဓာကိုယ်က နည်းနည်းလေးမှ အပင်ပန်းမခံနိုင်တာမို့ ပြောနေချင်းဖြစ်မည်

Kelvin ရှိနေလို့ ကျနော်မပျင်းရတာ ဒီကလေးကို ကျေးဇူးတင်ရမည်

" Jeon.. ငါ့အဖေက နင်နဲ့ စေ့စပ်ထားစေချင်တယ် "

Eliza ကအခု နန်းတော်ကို ရောက်လာခဲ့သည် သူ့အဖေလွှတ်လိုက်တာ နေမှာပေါ့

" နင့်ကို ဒီမှာ ဧည့်ခံထားရတာ အဆင်ပြေလား. ဒါမှမဟုတ် နန်းတော် Hall ထဲလား "

" Jeon နင်ငါ့ကို စကားလမ်းကြောင်းမလွဲပါနဲ့ "

သူမက တော်ဝင်ကျောင်းမှာ အတူတူ တက်ခဲ့တဲ့ ငယ်သူချင်းပါ သူမကို အဲ့ဒီထက်မပိုဘူးဆိုတာ သူမ သိပါလျက်နဲ့

" Eliza... ငါတောင်းပန်ပါတယ် .အဲ့ဒီကိစ္စက ငါလက်မခံထားဘူး ငါ့သဘောလဲမပါဘူး  "

" Jeon နင်ငါ့ကို သဘောမကျဘူးလား "

လက်ကို ခပ်ဖွဖွကိုင်ထားတဲ့ သူမကိုလက်ကို ဖြတ်ချပြီး

" ဘယ်အရာမှ ခံစားချက် မပါဘဲ လုပ်ယူလို့မရဘူးဆိုတာ နင်သိတယ် မဟုတ်လား "

Kelvin နဲ့ ဥယျာဉ်ထဲဆင်းလာရင်း Min အသစ်ပြန်ဆောက်ထားတဲ့ စံအိမ်ရှေ့ ခင်းကျင်းထားတဲ့ စားပွဲဘေးမှာ ထိုင်နေတဲ့ Jeon နဲ့ အမျိုးသမီးတစ်ယောက်

ဒါ ဟိုနေ့က Jeon ရဲ့ခမည်းတော် လက်ခံပေးတဲ့ အမျိုးသမီးမဟုတ်လား

သူမကို တွေ့ဖူးသလိုလို ရှိပေမဲ့ သေချာတော့ မမှတ်မိပေ..

Jeon က ကျနော့်ကို မလှမ်းမကမ်းကနေ ငေးကြည့်နေသည်

ခပ်ဖွဖွလေး ပြန်ပြုံးပြလိုက်ပြီး..

" Kelvin... နန်းတော်ထဲ ဝင်ရအောင် "

" London Eye "  ( Completed ) Where stories live. Discover now