Zawgyi
" Kim Taehyung ငါ့ကိုအဲ့လိုအကြည့်မျိုးနဲ့ကြည့်ခွင့်ရှိသလား "
အောက်နှုတ်ခမ်းကိုဖိကိုက်ထားရင်း မကျေမနပ်ကြည့်နေတဲ့ Kim Taehyung
" ခင်ဗျားမျက်နှာကို မကြည့်ချင်တော့တာ
အမှန်ဘဲကိုး"စိတ်ပျက်စွာပြောသွားတဲ့ သူ့နှုတ်ခမ်းလှလှလေး
ထွက်သွားသည် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနဲ့ပေါ့
" ဒီတစ်နေ့တော့ ငါမင်းကိုလွတ်ထားပေးလိုက်မယ်. နောက်နေ့တော့ ငါ့သဘောဘဲ "
နောက်တစ်နေ့ မနက်မှာ အိပ်ယာနိုးနိုးချင်း မြင်လိုက်ရတဲ့ မြင်ကွင်း
မနေ့က အိပ်ယာဝင်နောက်ကျသွားသည်မဟုတ်လား
ဘုရင့်တပ်သားတွေ အဖွားအိမ်ကို ရောက်လာခဲ့ပြန်သည်
" Min.. ခင်ဗျားဘာတွေလျှောက်လုပ်အုံးမလို့လဲ "
ပြတင်းပေါက်ကနေ မြင်နေရတဲ့ မြင်ကွင်းကို တိတ်တိတ်လေး သက်ပြင်းချပြီး ရေရွက်လိုက်မိသည်
ခဏနေတော့ ဧည့်ခန်းထဲကိုအမှီလိုက်သွားတော့
" Kim Taehyung ငါနဲ့လိုက်ခဲ့ "
" မလိုက်ဘူး.. ခင်ဗျားကိုပြောထားပြီးသားနော် "
Min ကအတင်းအကျပ် ခေါ်မယ်လုပ်တော့ အဖိုးက
" Tae လေးရဲ့ သဘောကို လေးစားပေးဖို့ တောင်းဆိုပါတယ် "
" တောင်းဆိုဖို့မလိုပါဘူး.. "
အဖိုးကိုလှည့်ပြောရင်းနဲ့ ကျနော့်ကိုပါရွဲ့ပြောသည့် Min
"Kim Taehyung ဒီနိုင်ငံမှာ မင်းဆန္ဒ မင်းသဘောဆိုတာ ဘာမှမရှိဘူး "
ပြောပြောဆိုဆိုနဲ့ အတင်းခေါ်လာသည်က ဘုရင့်နန်းတော်ကို
ပထမဦးဆုံး နန်းတော်ထဲကိုရောက်ဖူးခြင်း
" Min ဒီနေရာက ကျနော်နဲ့ မသက်ဆိုင်ဘူးထင်တယ် "
အကြည့်နဲ့တင် စကားမပြောဖို့ သတိပေးလိုက်တဲ့ Min
နန်းဆောင်လို့ထင်ရတဲ့ အခန်းအကျယ်ကြီးထဲဝင်သွားပြီး
" ခမည်းတော်... "