Zawgyi
" Tae့ ကိုဘာလို့ ကူညီနေတာလဲ. Min သာသိသွားရင် အထိန်းတော်ကြီးပြသာနာတက်လိမ့်မယ် "
နေ့စဉ်နေ့တိုင်း စားစရာတွေတိတ်တိတ်လေးလာပို့ပေးနေကျ Min ရဲ့အထိန်းတော်ကြီး
Min ကကျနော့်ကိုအငတ်ထားဖို့ အမိန့်ပေးထားသည်မဟုတ်လား
" မင်းသားလေးMin ကအဲ့လိုဖြစ်စေချင်တာမဟုတ်ပါဘူး သူ့စိတ်ကိုနားလည်အောင်မကြည့်တက်သေးဘူးဘဲ ကောင်လေး "
သူ့ကိုယ်တိုင်အဲ့လိုဖြစ်စေချင်နေတာ
ကျနော့်ကို ဒုက္ခရောက်စေချင်နေတာလေ
သူ့စိတ်ကိုကျနော်သိတာပေါ့ ကျနော့်အပေါ်ဆိုးဆိုးရွားရွားတွေဘဲ ဖြစ်စေချင်နေတာ
အချုပ်ခန်းထဲနေလာခဲ့သည်မှာ တစ်ပတ်ကျော်ကျော် နှစ်ပတ်နီးပါးပင်ရှိနေခဲ့ပြီ
" ကြင်ယာတော်ကောင်လေး နန်းဆောင်ကိုပြန်နိုင်ပါပြီ "
အစောင့်နှစ်ယောက်က အချုပ်ခန်းထဲက ထုတ်ပေးပြီးနောက် အမျိုးသမီးအခြံအရံနှစ်ယောက်က ဘေးနားက ကပ်ပါလာသည်
" နန်းဆောင်ထဲမှာ အနားယူလိုက်ပါအုံး "
ကျောက်သားနံရံတွေနဲ့ ရှေးကျကျ တန်ဆာဆင်ထားတဲ့ အခန်းကျယ်ကြီးတစ်ခုပေးသည်
ခမ်းနားပြီး တော်ဝင်ဆန်တဲ့ နန်းဆောင်
အရာအားလုံးပြည့်ပြည့်စုံစုံ စီစဉ်ပေးထားတဲ့ နန်းဆောင်
ကျနော်လိုချင်တာ ဒါမျိုးတွေမဟုတ်ဘူးလေ
" မင်းအတွက် လက်ဆောင်ပေးတာ ဒီနန်းဆောင်ကို "
ကျနော်ရှိရာအရပ်ကိုရောက်ချလာပြန်တဲ့ Min
" အဲ့ဒီအစား အချုပ်ခန်းထဲ ထက်ထားပေးရင်တောင် ကျေးဇူးတင်အုံးမယ် "
မျက်နှာကိုတောင် လှည့်မကြည့်ဘဲ အပြစ်တင်ပြောဆိုလာသည့် Tae
Tae ငါ့အသံကို ကြားရုံနဲ့တင် မင်းခါးခါးသီးသီး
ဖြစ်နေရလားအဲ့လောက်တောင်ဘဲလား
" ငါ့ကိုအပိုစကားတွေလာမပြောနဲ့! !.. အေးအေးဆေးဆေးနေ..မဟုတ်ဘဲနဲ့ ငါ့နန်းတော်ကလူတွေကို မင်းကအလုပ်ပိုအောင်လုပ်လာရင်တော့.. မင်းမလွယ်ဘူးမှတ် ! !"