1

8.6K 710 26
                                    


မီးဖိုချောင်ထဲမှာ အိုးခွက်ပန်းကန်‌ဆေးနေတဲ့အသံတွေ, ဘေစင်ကရေကျသံတွေက လွဲလို့ ကျန်တာ အကုန်တိတ်ဆိတ်နေတယ်။

ရှောင်းကျန့်သက်ပြင်းချလိုက်မိတယ်။

"မင်း ဒီနေ့ရော နောက်ကျတဲ့အထိ
အလုပ်မှာပဲ နေဦးမှာလား?"

ရှောင်းကျန့်က ဒီမေးခွန်းကိုမေးပြီးနောက် မှတ်စုစာအုပ်ထဲမှာ စာတွေချရေးပြီး အလုပ်လုပ်နေတဲ့သူရဲ့အမျိုးသားဖြစ်သူကို လှမ်းကြည့်မိတယ်။

တစ်ဖက်လူကတော့ သူ့ဘက်ကို တချက်လေးတောင် ပြန်လှည့်ကြည့်လာတာမျိုးတောင် မရှိဘဲနဲ့ ဒီအတိုင်းပဲ ပြီးပြီးရော ပြန်ဖြေလိုက်တယ်။

"ဟုတ်တယ် ငါမှာ အခုထိ လက်စသတ်စရာ အလုပ်တွေအများကြီး ကျန်‌နေသေးတယ်"

ရှောင်းကျန့် သူ ဆေးလက်စ ပန်းကန်ပြားကို တင်းကြပ်စွာ ဖိကိုင်ထားရင်းနဲ့ သက်ပြင်း နောက်တခေါက် ချမိပြန်တယ်။

"ဒါဆို မင်းဘယ်အချိန်လောက်မှ အိမ်ကို ပြန်ရောက်မှာလဲ"

"ဆယ်နာရီလောက်ပေါ့ မသေချာဘူးနော်"

"မင်းအိမ်ကို ဒီထက်စောစောပြန်လာပေးလို့မရဘူးလား"

သူက အဲ့စကားကို ခပ်တိုးတိုးပဲပြောလိုက်မိတာဆိုပေမဲ့ ဝမ်ရိပေါ်ကတော့ ကြားဖြစ်အောင်ကြားသွားတယ်။

"ကျန့်..ကိုယ်တို့‌တွေ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးအရင်တည်းကပြောထားပြီးသားပဲလေ"

ဝမ်ရိပေါ်က အဲ့လိုပြောပြီးတော့ မလိုလားဟန်နဲ့ သူပြောတာကို သဘောမတူသလိုမျိုး မျက်မှောင်ကျုံ့နေတယ်။

ရှောင်းကျန့် ပန်းကန်တွေကို ဆေးပြီးသွားတော့ သူရဲ့လက်တွေကို သန့်ရှင်း‌တဲ့ အဝတ်စတစ်ခုနဲ့သုတ်လိုက်တယ်။

"ငါသိပါတယ် ရိပေါ်ရယ် ဒါပေမဲ့ မင်းအိမ်မှာရှိ‌တဲ့အချိန်ဆိုတာ တကယ်ကို နည်းလွန်းတယ်လေ"

သူ လက်ပိုက်ပြီး‌ ပြောလိုက်ရင်းနဲ့ ရိပေါ်ဆီကိုလည်း လှမ်းကြည့်လိုက်တယ်။

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now