//Scroll Down for Zawgyi//
[UNICODE]
3.
ပျော်ရွှင်စရာတွေကအမြဲတမ်းခဏပဲ တာရှည်ခံတယ် ဒါပေမဲ့ ဝမ်းနည်းစရာတွေကတော့ မင်းဘေးနားမှာတစ်သက်လုံးရှိနေလိမ့်မယ် ထာဝရအတွက်ပေါ့...
ဘေးမှာဘယ်သူမှ
မရှိဘဲကွက်လပ်ဖြစ်နေတဲ့အိပ်ယာပေါ်ကနေ နိုးထလာရတဲ့ နောက်ထပ်မနက်ခင်းတစ်ခုဒါကသူ့အတွက်လုံးဝအသစ်အဆန်း မဟုတ်တော့ဘူး သူပင်ပန်းနေပြီ
အမြဲတမ်း သူဘေးကနေထွက်သွားနေတဲ့ ဝမ်ရိပေါ်ကိုအနားမှာဆွဲထားရတာ
သူတကယ်ပဲပင်ပန်းနေပြီသူ အရမ်းတစ်ကိုယ်ကောင်းဆန်နေတယ်ဆိုတာ ရှောင်းကျန့် သူကိုယ်သူလည်းသိပါတယ်
သက်ပြင်းမောတစ်ခုကိုခပ်ပြင်းပြင်းရှိုက်လိုက်ရင်း
သူရဲ့နေ့တိုင်း ပုံမှန်လုပ်နေကြ
အလုပ်တွေဆီပဲ
ပြန်ရောက်သွားတယ်သူနောက်ထပ်တစ်ကြိမ် အိမ်ရှင်းတယ်
စာဖတ်တယ် ပုံဆွဲတယ် သူခေါက်လက်စ
စက္ကူငှက်ရုပ်လေးတွေကိုအဆုံးထိ လက်စသတ်နိုင်ဖို့အတွက်ပြန်ခေါက်တယ်နောက်ဆုံးမှာတော့ သူစက္ကူငှက်ရုပ်လေးတွေကို အဆုံးသတ်နိုင်ခဲ့ပြီ
ပြီးတော့အခုလိုမျိုးတစ်စုံတစ်ခုကြောင့်သူကိုယ်သူပြန်ပြီးဂုဏ်ယူမိသလိုမျိုးမခံစားရတာတောင်
ကြာပြီသူသာအကယ်၍ ဒီအရာတွေကိုဝမ်ရိပေါ်ကိုသွားပြခဲ့မယ်ဆိုရင် ဝမ်ရိပေါ်ဘာများပြန်ပြောလိမ့်မလဲ?
ဝမ်ရိပေါ် အရင်တစ်ခေါက်တုန်းကလိုမျိုး
အိမ်ကိုစောစောပြန်လာဖို့ သူမျှော်လင့်နေမိတယ်…
တဖြည်းဖြည်းနဲ့ညဘက်ရောက်လာခဲ့ပြီးတော့ ရှောင်းကျန့်ကလည်းသူရဲ့အမျိုးသားအိမ်ပြန်ရောက်မဲ့အချိန်ကိုထိုင်စောင့်နေခဲ့တယ်
အခု အပြင်မှာ ညရှစ်နာရီတောင်ထိုးနေပြီ
ရှောင်းကျန့် ညစာကိုအရင်ကြိုပြီးစားနှင့်တယ်
YOU ARE READING
1 4 3 8 (Myanmar Translation) [Completed]
FanfictionXiao Zhan, I didn't get to tell you that I love you infinity, my angel | A short story | 「一战」 BJYX FANFICTION [MYANMAR] [I don't own the characters and I don't intend to harm anyone in any way. This is purely fiction] This is originally written by @...