2

4.8K 628 24
                                    

ဝမ်ရိပေါ် အဲ့နေ့က အိမ်ကို ည ၁၁နာရီမှ ပြန်ရောက်လာခဲ့တယ်။

သူ တံခါးလက်ကိုင်ဘုလုံးလေးကို ကိုင်ပြီး လှည့်ဖွင့်လိုက်တော့ တိတ်ဆိတ်နေတဲ့အိပ်ခန်းထဲမှာ တံခါးဆီက တကျွိကျွိ မြည်သံက အကျယ်ကြီး ထွက်လာတယ်။

သူ့ဖိနပ်တွေကို တံခါးဝက ခြေသုတ်ခုံပေါ်မှာပဲ ဖုန်သုတ်လိုက်ပြီးတော့ အိမ်ထဲကို တိတ်တိတ်လေးပဲ ဝင်သွားတယ်။

အခုချိန်လောက်ဆို သူရဲ့အမျိုးသား‌လေးကတော့ သူတို့နှစ်ယောက် အတူတူအိပ်နေကြ ကုတင်ပေါ်မှာ အိပ်ပျော်နေလောက်ပြီဆိုတာ အသေအချာပဲပေါ့။

သူရဲ့လည်ပင်းမှာ တင်းနေအောင် ချည်ထားတဲ့ နက်ခ်တိုင်ကို‌ ဆွဲဖြည်လိုက်ပြီး ပင်ပင်ပန်းပန်း သက်ပြင်းချမိလိုက်တယ်။

ဝမ်ရိပေါ် အိမ်ထဲမှာဖွင့်ထားတဲ့ မီးအလင်းရောင် နည်းနည်းလေးနဲ့ပဲ မီးဖိုချောင်ထဲကို ရောက်သွားတယ်။

မီးဖိုချောင်ထဲကို ဝင်ဝင်ချင်း ထမင်းစားစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ အုပ်ထားတဲ့ ပန်းကန်တွေကို သေချာ နေရာတကျ တင်ထားတာတွေ့လိုက်ရတယ်။

သူ့အတွက် ရှောင်းကျန့်က လုပ်‌ပေးထားတာတွေကို တွေ့လိုက်ရတော့ ပြုံးမိသွားတယ်။

ပြီးတော့ သူရဲ့ပစ္စည်းတွေကို စားပွဲအောက်မှာ ချထားလိုက်တယ်။

အုပ်ဆောင်းအပေါ်မှာ ကပ်ထားတဲ့ မှတ်စု စာရွက်အသေးလေးကို ယူဖတ်ကြည့်လိုက်တယ်။ ဒီစာက သေချာပေါက် ရှောင်းကျန့် ကိုယ်တိုင် ရေးထားတာပဲ။

ဝမ်ရိပေါ် အဲ့မှတ်စုစာရွက်လေးကို ယူပြီး သူရဲ့မှတ်စုစာအုပ်ထဲမှာ သူသိမ်းထားတဲ့ တခြား မှတ်စုစာရွက်လေးတွေနဲ့ ရောညှပ်ပြီး ထည့်သိမ်းထားလိုက်တယ်။

အချိန်ခဏလေးအတွင်းမှာပဲ သူစွပ်ပြုတ်ကိုပြန်‌နွှေးပြီး သူတစ်ယောက်တည်းပဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်စားနေတယ်။

အကယ်၍ တခြားလူတယောက်သာ သူတို့ရဲ့အိမ်လောက်နီးနီး ကြီးမားတဲ့အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရမယ်ဆိုရင် သေချာတယ်။ တကယ်ကို တအား ပျင်းဖို့ကောင်းမှာပဲ။

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now