//Scroll Down for Zawgyi//
[UNICODE]
Warning: Graphic description of vomiting.
အနီရောင်ကားလေးကသူ့ မြင်ကွင်းထဲကနေတဖြည်းဖြည်းဝေးကွာသွားပြီးတော့သေးငယ်လာတယ် ...
ရှောင်းကျန့်အဲ့အပြင်မှာ အရူးတစ်ယောက်လိုမျိုးဒီတိုင်း အောက်ကိုပဲငုံ့ကြည့် ရင်းနဲ့
တစ်နာရီလောက်ကြာတဲ့အထိမတ်တပ်ရပ် နေခဲ့တယ်
ခဏအကြာမှာတော့ သူရဲ့ လက်ချောင်းပေါ်မှာရွှေရောင်လက်စွပ်လေးကို အခုထိဝတ်ဆင်ထားတုန်းပဲဆိုတာသတိထားမိသွားခဲ့တယ်
ရိပေါ်ကတော့လက်စွပ်ကိုလုံးဝမဝတ်တော့ဘူး
ဒါကိုသူမှတ်မိတယ် ..
ရိပေါ် ဒီကနေမထွက်သွားခင်မှာ သူတို့ရဲ့ လက်ထပ်လက်စွပ်ကို ကုတင်ဘေးက စားပွဲခုံအသေးလေးပေါ်မှာတင်ထားခဲ့တယ်
ရှောင်းကျန့် သူရဲ့ ညာဘက်လက်ကိုတင်းတင်းဆုပ်ကိုင်ရင်းအခုထိ
တလက်လက်တောက်ပနေဆဲဖြစ်တဲ့လက်စွပ်လေးကိုစိုက်ကြည့်နေခဲ့တယ်
လက်စွပ်ပေါ်မှာသူရဲ့ ပုံရိပ်ကိုတောင်ပြန်မြင်ရတယ်
အဲ့အရာက အနည်းဆုံးတော့ မင်းရဲ့ အရောင်ကငါတို့ရဲ့အချစ်တွေလိုမျိုးမှေးမှိန် ပျောက်ကွယ်မသွားခဲ့ဘူးပဲ..လို့
သူကိုတွေးစေခဲ့တယ်
အခုဖြစ်နေတာတွေအကုန်လုံးကအိမ်မက်ဆိုးတစ်ခုသာဖြစ်နေခဲ့ရင်ဆိုပြီးသူဘာသာသူ ပြန်စဥ်းစားနေမိတယ်
ဝမ်းနည်းစရာကောင်းလောက်အောင်ပဲ ဒါတွေကအိမ်မက်ဆိုးတစ်ခုမဟုတ်ခဲ့ဘူး
သူငိုဖို့မျက်ရည်တွေတောင်မှကုန်ခမ်းသွားပြီလို့ ခံစားနေရပေမဲ့သူနှလုံးသားကတော့အခုထိတစ်စစီကျိုးပဲ့နာကျင်နေရတုန်းပဲ
သူရင်ဆိုင်ရမှာ သေလောက်အောင်ကြောက်တဲ့ အမှန်တရားဆိုတာ ဒါပါပဲ ...
ရှောင်းကျန့် သက်ပြင်းဖွဖွလေးချတယ်...
ခြံတံခါးသော့ခတ်ဖို့ကိုတောင်သူဂရုမစိုက်နိုင်တော့ဘဲငိုထားရလို့ဖောင်းကားနေတဲ့ မျက်လုံးတွေနဲ့ပဲအိမ်ထဲကိုပြန်ဝင်လာခဲ့တယ်
အိမ်ထဲကိုဝင်ဝင်ချင်းမှာပဲသူအထီးကျန်ပြီး ဘာမှမရှိတော့သလိုမျိူးခံစားရတယ် ..
အဲ့အချိန်မှာရုတ်တရက်ကြီးရှောင်းကျန့်ဘေးနားကအရောင်တွေအကုန်ပျောက်ကွယ်သွားတယ်
သူရဲ့အမြင်အာရုံတွေအကုန်ဝေဝါးသွားတာကြောင့်သူ့ ခန္ဒာကိုယ်ကလည်းဘေးဘက်ကို ယိမ်းယိုင်သွားတယ်
ခေါင်းကနာကျင်ကိုက်ခဲလာတာမို့သူ့နဖူး ကိုဖိကိုင်ထားရင်းနဲ့တံခါးကိုမှီထားရတယ်
“ခဏလေးပါပဲ...”
သူကိုယ်သူတိုးတိုးလေးပြန်ပြောရင်းနဲ့သူရဲ့ တုန်ယင်နေတဲ့လက်တွေနဲ့ ဆေးဘူး အသေးလေးကိုနောက်တစ်ကြိမ်ဆွဲထုတ် ပြီးဆေးလုံးတွေကိုတစ်ခါတည်းပါးစပ်ထဲ အကုန်မြိုချလိုက်တယ် ..
ရှောင်းကျန့်ဆေးလုံးတွေကြောင့် တော်တော်လေးပြင်းပြင်းထန်ထန်သီးသွားပြီး သူရဲ့နာကျင်နေတဲ့ဗိုက်ကိုဖိထားလိုက်တယ်
အသက်ကိုအဆုံးထိရောက်အောင် နက်နက်ရှိုင်းရှိုင်းရှုသွင်းပြီးဖြည်းဖြည်းချင်းပဲပြန်ရှုထုတ်တယ်
ရှောင်းကျန့်ရဲ့အခြေအနေကပိုဆိုးရွားလာပြီးတော့သူရဲ့ အစာအိမ်တစ်ခုလုံးကလည်း ဆွဲလိမ်ပြီးတစ်စစီဆုတ်ဖြဲခံနေရသလိုမျိုး ခံစားနေရတယ်
သူခက်ခက်ခဲခဲအသက်ရှုနေရင်းနဲ့ပဲ
ခပ်တိုးတိုးဆဲရေးလိုက်တယ်
သူရဲ့ဖုန်းကိုယူပြီး ဖုန်းနံပါတ်တစ်ခုကိုဖုန်းခေါ်လိုက်တယ်
လူကြီးမင်းခေါ်ဆိုနေသောဖုန်းနံပါတ်မှာယခုအချိန်မှာပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပါသဖြင့် နောက်တစ်ကြိမ်ပြန်လည်ကြိုးစားခေါ်ကြည့်ပါ
လူကြီးမင်းခေါ်ဆိုနေသောဖုန်းနံပါတ်မှာယခုအချိန်မှာပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပါသဖြင့် နောက်တစ်ကြိမ်ပြန်လည်ကြိုးစားခေါ်ကြည့်ပါ
လူကြီးမင်းခေါ်ဆိုနေသောဖုန်းနံပါတ်မှာယခုအချိန်မှာပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပါသဖြင့် နောက်တစ်ကြိမ်ပြန်လည်ကြိုးစားခေါ်ကြည့်ပါ
ရှောင်းကျန့်ရဲ့အမြင်အာရုံတွေမှောင်မဲသွားပြီးတော့ ရုတ်တရက် အန်ချင်လာတယ်
Fuck,အနာသက်သာဆေးတွေနဲ့
ဆေးအပျော့စားတွေကသူကိုယ်ထဲမှာ
လုံးဝအလုပ်မလုပ်တော့ဘူး..
သူ့ခန္ဒာကိုယ်အတွင်းထဲမှာတော်တော်လေး မသက်မသာခံစားနေခဲ့ရပြီးတော့ပြင်းထန်တဲ့အသက်ရှုသံတွေနဲ့အတူလေကိုမနည်းရှုသွင်းနေခဲ့ရတယ်
သူအသက်ရှုရတာတဖြည်းဖြည်းနဲ့ အရမ်းခက်ခဲလာသလိုမျိုးခံစားရတယ်
သူ့ရဲ့ပါးစပ်ကတဖြည်းဖြည်းပွင့်ဟလာပြီး သူ့နှုတ်ခမ်းထောင့်စွန်းကနေသရေတွေ အတန်းလိုက်စတင်စီးကျလာခဲ့တယ်
သူရဲ့ခန္ဒာကိုယ်ကိုကြမ်းပြင်ပေါ်ပြုတ်မကျသွားအောင်တံခါးဘောင်ကိုတင်းနေအောင်ကိုင်ထားရင်းနဲ့သူ့ဝမ်းဗိုက်ကြွက်သားတွေကျုံ့သွားတာကြောင့်ရှောင်းကျန့်သူရဲ့ဗိုက်ထဲကနေတစ်ဆင့်တော်တော်လေးပြင်းထန်တဲ့နာကျင်မှုတွေကို ခံစားနေရတယ်
သူရဲ့မျက်လုံးတွေမှာလည်းမျက်ရည်တွေဖြစ်တည်နေခဲ့ပြီးသူ့ကိုယ်ထဲမှာတစ်စုံတစ်ခုကအားပြင်းပြင်းနဲ့ပေါက်ထွက်တော့မဲ့အတိုင်းပဲ
သူ့ခန္ဒာကိုယ်ထဲကတစ်စုံတစ်ခုကအပြင်ကို အန်ထွက်ကျလာတော့မလိုမျိုးခံစားလိုက်ရတာကြောင့်သူရဲ့လည်ချောင်းတစ်ခုလုံး ရုတ်တရက်ကြီးတင်းကြပ်သွားတယ်
သူရဲ့ဝမ်းဗိုက်ကြွက်သားတစ်ခုလုံးကိုနာနာကျင်ကျင်ဆွဲကျုံ့ခံလိုက်ရသလိုမျိုးခံစားလိုက်ရပြီးကြမ်းပြင်ပေါ်ကိုသူသွေးတွေအများကြီးအန်ထုတ်လိုက်တယ်
သူပါးစပ်ထဲကသွေးတွေကနေရာအနှံ့ ပန်းထွက်သွားပြီးတော့အရင်ကဖြူဖွေးသန့်ရှင်းနေခဲ့တဲ့အဖြူရောင်ကြမ်းပြင်ကြွေပြားတွေကအခုတော့ သွေးတွေနဲ့ လုံးဝညစ်ပတ်သွားခဲ့တယ်
အနီရင့်ရောင်သွေးတွေနဲ့အတူအညိုရောင်ကော်ဖီစေ့လေးတွေလိုမျိုးသေးငယ်တဲ့အရာလေးတွေကကြမ်းပြင်ပေါ်မှာကပ်နေပြီး သွေးရောင်တွေနဲ့ ရောထွေးနေတယ်
လေထုတစ်ခုလုံးကသတ္ထုအနံ့လိုမျိုး ညှီစို့စို့သွေးအနံ့တွေရယ်မအီမသာဖြစ်စရာ ကောင်းတဲ့အန်ဖတ်အနံ့တွေကြောင့် တော်တော်လေးပြင်းထန်ပြီးဆိုးရွာနေခဲ့တယ်
ရှောင်းကျန့်ရဲ့ ဒူးတွေကပျော့ခွေသွားပြီး သွေးတွေနဲ့ရှုပ်ပွနေတဲ့ကြမ်းပြင်ဘေးမှာထိုင်ချလိုက်တယ်
သူတဖြည်းဖြည်းနဲ့အားအင်တွေကုန်ဆုံးလာတယ်
သူ့မျက်လုံးတွေကဖြည်းဖြည်းချင်းမှိတ်ကျလာပြီးအသက်ရှုမဝဖြစ်လာတယ်...
ရှောင်းကျန့်ဖုန်းကို တုန်တုန်ယင်ယင်နဲ့ကိုင်ရင်း နောက်တစ်ကြိမ်ဖုန်းထပ်ခေါ်လိုက်တော့သူရဲ့ ဖုန်းပေါ်မှာ သွေးတွေစွန်းထင်သွားတယ်။
သူ့Contactထဲကဖုန်းနံပါတ်ကိုအကြိမ်ပေါင်းများစွာဖုန်းခေါ်နေခဲ့ပြီးနောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်ကဖုန်းလာကိုင်ခဲ့တယ်
“ဟယ်လို အခုဘာဖြစ်လို့လဲ ကျန့်?”
တစ်ဖက်ကနေသူ့မွေးစားအစ်ကိုရဲ့အသံကို ကြားလိုက်ရတယ်
ရှောင်းကျန့်သက်ပြင်းအကြီးအကျယ်ချလိုက်တယ်။
သူချောင်းဆက်တိုက်ဆိုးနေတာကြောင့် သူ့တီရှပ်တစ်ခုလုံးကသွေးတွေနဲ့စိုရွဲသွားတယ်
နောက်ဆုံးမှာတော့
“ကျိုး-ကျိုးချန် ငါကိုဆေးရုံခေါ်သွားပေးပါ...” လို့ သူတိုးတိုးလေးပြောလိုက်တယ်
သူနောက်ထပ်စကားလုံးတွေထပ်မပြောနိုင်ခင်မှာပဲသူမျက်လုံးတွေအလင်းရောင်ကို လုံးဝမမြင်နိုင်တော့ဘဲအမှောင်ထုကသူကို လုံးဝလွှမ်းခြုံသွားခဲ့တယ်
. . .
ကားမောင်းနေတဲ့တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ပြီး ဝမ်ရိပေါ်လမ်းမကြီးကိုငေးကြည့်နေတယ်
“ဟေ့ ရိပေါ် မင်းရဲ့အိမ်ကို သူကိုပေးလိုက်တာနှမြောစရာကြီး အဲ့အိမ်ကမင်းအလုပ်ကြိုးစားပြီးဝယ်ထားတာလေ”
ကျိုးလိယင်းက ကားရဲ့အရှေ့ခုံမှာ သက်သောင့်သက်သာထိုင်နေရင်းနဲ့ ပြောတယ်
“သူမှာ တခြားနေစရာဘယ်နေရာမှမရှိဘူး”
“အို ကျေးဇူးပြုပြီး, သူ ကို သူ့ မိသားစုဆီမှာပဲပြန်သွားနေခိုင်းလိုက်ပါ လား အဲ့လောက် အိမ်အကြီးကြီးထဲမှာသူ တစ်ယောက်တည်းဘာလုပ်လို့ ရမှာလဲ?”
သူမကစိတ်ရှုပ်သလိုမျိုးပြောလိုက်တယ်
“ရပါတယ် မြို့ပေါ်မှာလည်းကိုယ်တို့ ကိုယ်ပိုင်အိမ်ရှိနေတာပဲလေ”
“အိုက်ယား~ဒါပေမဲ့ မ ကမြို့ပေါ်မှာမဟုတ်ဘဲဒီနေရာမှာလည်း ကိုယ်ပိုင်အိမ်တစ်လုံးလိုချင်တာလေ ..”
သူမက ရိပေါ် ရှေ့မှာ ညည်းတွားပြောပြီးနှုတ်ခမ်းစူလိုက်တယ်
“ကိုယ်တို့အခြေတကျဖြစ်သွားပြီးရင်ဒီမှာ အိမ်တစ်လုံး ထပ်ဝယ်ကြတာပေါ့”
ကျိုးလိယင်းကပြုံးပြီးသူမရဲ့ ချစ်သူ ပါးပေါ်ကိုအနမ်းလေးပေးပြီးကျီဆယ်လိုက်တယ်
နောက်ဆုံးမှာတော့ သူတို့အိမ်ကို ရောက်လာခဲ့ပြီးအိမ်ထဲမှာပစ္စည်းတွေကို နေရာချရင်းအလုပ်လုပ်နေကြတယ်
ဝမ်ရိပေါ် အိပ်ခန်းထဲကိုဝင်ဝင်ချင်းမှာပဲ အရမ်းစိမ်းသက်နေသလိုမျိုး ခံစားလိုက်ရတယ်
သူအရင်တည်းကဒီအိမ်ကိုခဏခဏရောက်ဖူးတယ်
များသောအားဖြင့် သူရှောင်းကျန့်ဆီ မပြန်ခဲ့တဲ့အပတ်တွေတုန်းကပေ့ါ
သူရဲ့ ခရီးဆောင်အိတ်ကိုချပြီး ပစ္စည်းတွေကိုထုတ်တယ်
သူ့အဝတ်တွေရယ်တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဗီရိုထဲမှာနေရာချနေတာနဲ့တင် အချိန်တစ်နာရီလောက်ကြာသွားတယ်
သူအလုပ်မှာချရေးနေကြမှတ်စုစာအုပ်လေးကို ယူလိုက်တယ်
သူကုတင်ရဲ့ဘေးဘက်မှာထိုင်ပြီး နောက်ထပ်အချိန်ဇယားတွေလုပ်ဖို့အတွက် ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်
သူဖွင့်ဖွင့်ချင်းမှာပဲသူရဲ့မှတ်စုစာအုပ်ထဲကနေ အဝါရောင်စာရွက်လေးအချို့ထွက်ကျလာတယ်
အဲ့စာရွက်လေးတွေကိုမြင်လိုက်ရလို့
ဝမ်ရိပေါ်ရဲ့မျက်လုံးတွေပြူးကျယ်သွားတယ်
ဒါတွေကသူအစာစားဖို့မေ့နေခဲ့တဲ့အချိန်တိုင်းမှာ ရှောင်းကျန့်သူအတွက်ရေးပေးထားတဲ့ မှတ်စုအသေးလေးတွေပဲ..
ဒီနေ့မှာလည်း အများကြီးအလုပ်ကြိုးစားခဲ့ပါတယ်! ဒီမှာမင်းအကြိုက် ဆန်ပြုတ်.♡
ဒီရိုးရှင်းတဲ့အသားဟင်းကိုမင်းကြိုက်မယ်လို့မျှော်လင့်ပါတယ် ♡
ဒီနေ့အလုပ်မှာ ကံကောင်းပါစေ,
ငါဒီနေ့အိပ်ယာထတာနည်းနည်းနောက်ကျသွားလို့ဒါလုပ်တာနည်းနည်းလောသွားတယ်. ညကျရင်တော့မင်းအကြိုက်ဆုံးဟင်းကိုငါချက်ထားပေးမယ်နော် ♡
အခုတစ်လော မင်းစိတ်ရှုပ်နေတာပဲ
ဒီယုန်ပုံစံပန်းသီးလေးတွေကိုစားလိုက်နော် ♡
မင်္ဂလာ မနက်ခင်းပါ! ဒီမှာမင်းအတွက်
ဝက်သားစွပ်ပြုတ်နွေးနွေးလေး..♡
အားတင်းထား ရိပေါ်! ဒါကမင်းအဆာပြေစားဖို့ဒင်းဆမ်းတွေ ♡
ဒီညအတွက်စားဖို့ဆာလမွန်ငါး ပြန်နွှေးလိုက်နော်? ဆောရီး ငါဒီနေ့နည်းနည်းလေးပင်ပန်းနေလို့ ကောင်းကောင်းစားနော် ဟုတ်ပြီလား? ♡
သူနှလုံးသားထဲမှာ အဆင်မပြေသလိုမျိုး ခံစားလာရတာကြောင့်သူအဲ့တာတွေကို ဆက်မဖတ်နိုင်တော့ဘူး..
ရိပေါ် အဲ့စာရွက်လေးတွေကို
သူ့မှတ်စုစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကြားထဲမှာပြန်ညှပ်ထားလိုက်တယ်
နောက်တစ်ပတ်အတွက်အစီအစဉ်တွေကိုရေးပြီးတော့ သူ မှတ်စုစာအုပ်ကိုပိတ်ပြီး
ကုတင်ဘေးကစားပွဲခုံအသေးလေးပေါ်မှာ တင်ထားလိုက်တယ်
ဝမ်ရိပေါ် ရေမြန်မြန်ချိုးဖို့စိတ်ကူးလိုက်တယ်
သူဒီတိုင်းအကြာကြီးအာရုံတွေပျံ့လွင့်နေပြီးရေတွေကတော့သူ့ကိုယ်ပေါ်ကနေအရှိန်နဲ့စီးကျနေတယ်
ဘာအကြောင်းကြောင့်မှန်းမသိပေမဲ့
သူစိတ်ထဲမှာ တော်တော်လေး
အထီးကျန်နေသလိုမျိုး ခံစားနေရတယ်
သူရေချိုးပြီးသွားတော့သူရဲ့
အဝတ်အစားတွေကိုလဲတယ်
နောက်ပြီးသူဧည့်ခန်းထဲသွားဖို့ဆုံးဖြတ်လိုက်တယ်
ဒီနေရာကအရင်အိမ်နဲ့လုံးဝမတူဘူးဆိုတာ
ဒီတိုင်းပဲသူသတိထားမိသွားတယ်..
သူရဲ့အကြိုက်အရဆိုရင်တော့ဒီနေရာက
တအားခေတ်ဆန်လွန်းတယ်
ဝမ်ရိပေါ် သူရဲ့စိတ်ခံစားချက်တွေကို
ဖယ်ရှားလိုက်ပြီးတော့ လှေကားကနေ
အောက်ဘက်ကိုဆင်းသွားတယ်
ကျောက်လိယင်းကအသင့်စားခေါက်ဆွဲပြုတ်ဘူးတစ်ခုစားနေတာကိုသူမြင်သွားခဲ့တယ်
“ဟိုက်ယားး.. ငါဒီမှာအရမ်းအလျင်လိုနေလို့ နံရံကပ်ဗီဒိုအပေါ်ထပ်မှာခေါက်ဆွဲပြုတ်ဘူးတွေကျန်သေးတယ် ငါခဏနေအပြင်သွားတော့မယ်နော်”
သူမခေါက်ဆွဲပြုတ်ဘူးရဲ့နောက်ဆုံးလက်ကျန် အရည်တစ်လုပ်ကိုသောက်လိုက်ရင်းပြောတယ်
ကျောက်လိယင်းသူမရဲ့ပါးစပ်ကိုလက်သုတ်ပုဝါနဲ့ သုတ်ပြီးသူမရဲ့စားလို့ကုန်သွားတဲ့ခေါက်ဆွဲပြုတ်ဘူးကို စားပွဲပေါ်မှာဒီတိုင်းတင်ထားခဲ့တယ်
“အာ...မရဲ့မန်နေဂျာကမကိုmessagesတွေ ဆက်တိုက်ပို့ပြီးမြုပ်သတ်တော့မယ် ညနေကျမှတွေ့မယ်နော်”
သူမထိုင်ခုံပေါ်က မြန်မြန်ထရပ်ပြီး
ပြောတယ်
ပြီးတော့ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းပေါ်ကိုခပ်ဖွဖွ
ဖိကပ်ပြီး နမ်းတယ်
“ညနေကျမှတွေ့မယ်နော်”
သူမအိမ်ထဲကထွက်သွားတဲ့အချိန်မှာ
သူမရဲ့ ဒေါက်မြင့်ဖိနပ်က
ကြမ်းပြင်ကြွေပြားနဲ့ထိပြီး
အသံကျယ်ကျယ်ထွက်လာတယ်
“အခုချိန်ကလူတွေကိုလိုက်နှိုင်းယှဉ်နေရမဲ့ အချိန်မဟုတ်ဘူး..”
ရိပေါ်သက်ပြင်းချရင်းတိုးတိုးလေး
ပြောပြီးသူ့ဆံပင်တွေကြားထဲကို
လက်ထိုးထည့်လိုက်တယ်
အဲ့အတူတူစနေခဲ့တဲ့အချိန်ကစပြီး နောက်ထပ်နှစ်ပတ်လောက်ကုန်ဆုံးသွားခဲ့ပြီ
သူတို့ရဲ့ ဘဝတွေကလည်းအေးဆေးပါပဲ
ရိပေါ် ဖြစ်ပျက်နေသမျှအရာအားလုံးကို
တကယ်မရှင်းပြနိုင်ပေမဲ့ သူသတိထားမိတာတစ်ခုကတော့ သူအခုနေနေတဲ့အိမ်က
အရမ်းအေးစက်လွန်းတယ်..
ဒီအိမ်မှာနွေးထွေးမှုဆိုတာလုံးဝမရှိဘူး...
သူတို့နှစ်ယောက်အတူတူအိပ်တဲ့ အချိန်ကြရင် ကျောက်လိယင်းကသူကိုပွေ့ဖက်ပြီးတိုးဝှေ့နေခဲ့ပေမဲ့လည်းသူအရင်အိမ်ကနေထွက်လာခဲ့ပြီးတည်းကနွေးထွေးမှုဆိုတဲ့အရာကိုသူလုံးဝမခံစားရတော့ဘူး
သူ့အတွက် အရာအားလုံးက
ကွဲပြားခြားနားနေခဲ့ပြီးတော့
အရောင်ကင်းမဲ့နေခဲ့သလိုပဲ
“ရိပေါ် မတို့လက်ထပ်ပွဲကျရင်ဒီကိတ်မုန့်ကိုလိုချင်တယ်”
သူမဖုန်းထဲကပုံကိုပြရင်းနဲ့ပြောတယ်
သူမရဲ့ချစ်သူကသူမဆီအာရုံမရှိဘဲတခြား တစ်နေရာဆီစိတ်ရောက်နေတာကိုမြင်လိုက်ရတော့သူမရဲ့အပြုံးတွေရပ်တန့်သွားတယ်
“ရိပေါ်?”
ကျောက်လိယင်းကသူ့အရှေ့မှာလက်တွေကို
ဝှေ့ယမ်းနေတယ်
“အာ? အင်း ပြောလေ”
အဲ့တစ်ယောက်အကြောင်းတွေးနေတာတွေရပ်ပြီး မေ့ပစ်လိုက်စမ်းပါ
သူမ မကျေမနပ်စူပုတ်သွားပြီးတော့ သူမရဲ့ဖုန်းကို ဘေးမှာချထားလိုက်တယ်
“အခုတစ်လော အမြဲတမ်းသတိလက်လွတ်ဖြစ်နေတာပဲနော်”
“ဆောရီး ကိုယ်တချို့အကြောင်းအရာတွေကို တွေးနေမိလို့”
ရိပေါ်ကခပ်မြန်မြန်ပဲပြန်ဖြေလိုက်တယ်
“မင်း ကိုယ့်ကိုခုနကပြောနေတာဘာ-..”
သူမကသူရဲ့စကားတွေကိုဖြတ်ချလိုက်ပြီးတော့ လက်ပိုက်လိုက်တယ်
“အဲ့တစ်ယောက်အကြောင်းတွေးနေတာလို့တော့ မ ကိုမပြောနဲ့နော်”
ရိပေါ် ခဏလောက်ရပ်တန့်သွားပြီးတော့ မျက်မှောင်ကြုံ့တယ်
“ကိုယ်သတိလက်လွတ်ဖြစ်တိုင်း
သူ့အကြောင်းတွေကိုပဲပြန်ပြောနေတော့မှာလား”
“ဟွန့် ကောင်းပြီလေ! ဒါဆိုမင်းဘာလို့
အမြဲတမ်းသတိလက်လွတ်ဖြစ်နေရတာလဲ? မ ကိုရောအခုထိချစ်သေးရဲ့လား.ရိပေါ်ရယ်?”
သူမရဲ့မျက်လုံးမှာမျက်ရည်တွေဝေ့သီနေရင်းနဲ့ မေးတယ်
“ဘာမှမဟုတ်ပါဘူး ဒီအတိုင်းအလုပ်အကြောင်းပါပဲ ပြီးတော့ မကိုချစ်တာပေါ့ တကယ်လို့ကိုယ်သာမချစ်ရင် ကိုယ်ဒီမှာဘယ်လိုလို့ရှိနေနိုင်မှာလဲ”
ကျိုးလိယင်းချက်ချင်းပဲပြန်ပျော်ရွှင်သွားပြီးတော့သူတို့ရဲ့လက်ထပ်ပွဲအကြောင်းကိုဆက်ပြောကြတယ်..
နောက်နေ့ကြတော့ သူတို့တွေ
လက်ထပ်ပွဲ စီစဉ်သူတစ်ယောက်နဲ့
သွားတွေ့ခဲ့ပြီးအဲ့လူကို သူတို့စဉ်းစားထားတဲ့ဒီဇိုင်းပုံစံတွေရယ် လက်ထပ်ပွဲဘယ်တော့ကျင်းပမလဲဆိုတာကိုပါပြောခဲ့တယ်
စီစဉ်စရာရှိတဲ့အရာအားလုံးကို
လက်စသတ်ပြီးဘယ်နေရာမှာလက်ထပ်ပွဲကျင်းပမယ်ဆိုတာကိုပါဆုံးဖြတ်ခဲ့တယ်
လက်ထပ်ပွဲ စီစဉ်ပေးတဲ့လူနဲ့တွေ့ပြီးတော့
သူတို့နှစ်ယောက် ဒိတ်လုပ်သလိုမျိုး
နေရာအစုံ လျှောက်သွားလည်ကြတယ်
ဝမ်ရိပေါ် စိတ်ထဲမှာပျော်ရွှင်သလိုမျိုး
ခံစားနေရပေမဲ့ သူသတ်မှတ်ထားတဲ့
စိတ်ကျေနပ်မှုဆီကိုတော့ဘယ်တော့မှ မရောက်ခဲ့ဘူး
သူ့ရင်ထဲမှာပျောက်ဆုံးနေတဲ့အပိုင်းအစတစ်ခုရှိနေသလိုပဲ
စေ့စပ်ထားပြီးသားသူတို့နှစ်ယောက်
Shoppingအတူတူထွက်ကြတယ်
ကျောက်လိယင်းကမတူညီတဲ့လက်ထပ်ဝတ်စုံတွေကိုစမ်းဝတ်ကြည့်တယ်
ရိပေါ်ရောပဲ
သူတို့နဲ့လိုက်ဖက်လောက်မဲ့စုံတွဲဝတ်စုံကို ရှာဖွေကြတယ်
အိမ်အပြန်လမ်းမှာတော့ သူတို့တွေ
ကိတ်မုန့်ဆိုင်တစ်ဆိုင်ရှေ့မှာဖြတ်သွားပြီးတော့ အဲ့ဆိုင်ရှေ့မှာပဲကားရပ်လိုက်တယ်
ဒီဆိုင်က ရှောင်းကျန့်အကြိုက်ဆုံး
ကိတ်မုန့်ဆိုင်ဆိုတာ သူသတိရသွားတယ်
သူ့စိတ်ထဲမှာကွက်လပ်ဖြစ်နေခဲ့တဲ့ အစိတ်အပိုင်းတစ်ခုက ရှောင်းကျန့်အကြောင်းတွေးမိလိုက်ရုံနဲ့တင် ရုတ်တရက်ပြည့်စုံသွားသလိုပဲ
သူတို့ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ
သူရဲ့နှာခေါင်းထဲမှာရင်းနှီးနေတဲ့အနံ့လေး တစ်ခုကိုရှုရှိုက်လိုက်မိတယ်
မှတ်ဉာဏ်တချို့ကသူ့ခေါင်းထဲမှာပြန်ပေါ်လာတယ်
သူတို့တွေရှားရှားပါးပါးမြို့ထဲမှာအပြင်ထွက်ပြီးအိမ်အတွက်အသုံးအဆောင်ပစ္စည်းတွေသွားဝယ်တိုင်းရှောင်းကျန့်အကြိုက်ဆုံး ချောကလက်ကိတ်မုန့်ကိုဝယ်ဖို့သူတို့တွေ အမြဲတမ်း ဒီကိတ်မုန့်ဆိုင်ကိုလာလေ့ရှိတယ်
“ရိပေါ်?”
“အာ..အင်း ပြောလေ?”
သူရဲ့မသိစိတ်တစ်ဝက်အသိစိတ်တစ်ဝက်ဖြစ် နေတာကနေရုန်းထွက်ပြီးသူ့လက်ကိုကိုင်ထားတဲ့ကျောက်လိယင်းကိုကြည့်လိုက်တယ်
“မ..ဟိုနားကချောကလိတ်ကိတ်မုန့်လေး လိုချင်တယ်”
သူမကမှန်ဘောင်ပေါ်ကနေတစ်ဆင့်
လက်ညှိုးထိုးရင်းပြောလိုက်တယ်
ဝမ်ရိပေါ်စိတ်ထဲမှာမသက်မသာ
ဖြစ်သွားတယ်
ဘာလို့သူမကချောကလက်ကိတ်ကိုမှ
ရွေးရတာလဲ
“ကိုယ်ချောကလက်စားရတာမကြိုက်ဘူး”လို့ သူပြောလိုက်တယ်
“ဟင် တကယ်လား?”
“အို ဒါက ငါသဘောကျဆုံး
ဖောက်သည်တွေမဟုတ်လား!”
ကိတ်မုန့်ဖုတ်တဲ့သူဆိုင်ပိုင်ရှင်က မီးဖိုချောင်ထဲကနေထွက်လာပြီး
ပျော်ရွှင်နေတဲ့လေသံနဲ့ပြောတယ်
ဒါပေမဲ့သူကဝမ်ရိပေါ်ကိုတခြားလူတစ်ယောက်နဲ့တွဲတွေ့လိုက်ရတာမို့အံဩသွားတယ်
“ကောင်းသောနေ့လည်ခင်းပါ”
ရိပေါ်ကယဉ်ယဉ်ကျေးကျေးပဲပြန်နှုတ်ဆက်လိုက်တယ်
“အာ? ဟိုချောကလက်အရမ်းကြိုက်တဲ့
ယုန်ပေါက်လေးကရော ဘယ်မှာလဲ”
ဝမ်ရိပေါ် စိတ်ထဲမှာ သက်ပြင်းချပြီး နည်းနည်းနေရခက်သွားသလိုမျိုး ပြုံးပြလိုက်တယ်
“သူက အာ..အင်း”
ကျောက်လိယင်းက သူစကားပြောနေတာကို
ချက်ချင်း ဝင်ဖြတ်ချလိုက်တယ်
“အတိတ်ကအတိတ်မှာပဲကျန်ခဲ့ပြီ!
အခုချိန်မှာကျွန်မကရိပေါ်ရဲ့ချစ်သူပဲ!”
သူမက ရိပေါ်ကိုယ်ပေါ်မှာမှီရင်း
ဆိုင်ပိုင်ရှင်ကိုပြုံးပြတယ်
“အာ အဲ့လိုလား? ကောင်းပါပြီ
ဒါဆို မင်းတို့ဘာလိုချင်လဲ?”
ဆိုင်ပိုင်ရှင်ကချောင်းဟန့်ရင်း
သူတို့ကိုမေးတယ်
ဆိုင်ပိုင်ရှင်ကသူကိုအခုလိုမျိုးရှာတွေ့သွားတော့သူဒီကိုရောက်လာခဲ့မိတာကို ရှက်မိသွားတယ်
ဒီကိတ်မုန့်ဆိုင်စဖွင့်တည်းက
သူတို့တွေစပြီးလာစားခဲ့တာမို့လို့
ဆိုင်ပိုင်ရှင်နဲ့သူတို့ကတော်တော်လေး
ခင်ခဲ့တယ်
အဲ့အချိန်ကစပြီးသူတို့လာစားတိုင်း
discountတွေအမြဲတမ်းရတယ်
အဲ့တာကလည်း ရှောင်းကျန့်ရဲ့
ရင်းနှီးဖော်ရွေတတ်တဲ့အကျင့်ကြောင့်ပါပဲ
“ကျွန်မတို့တွေဒီစတော်ဘယ်ရီကိတ်ကို ဝယ်မယ်”
ကျောက်လိယင်းက ဆိုင်ရှင်ကိုပြောလိုက်တော့ ဆိုင်ရှင်ကခေါင်းငြိမ့်ပြတယ်
ဝမ်ရိပေါ် ငွေရှင်းလိုက်တယ်။
သူတို့ကို discountပေးဖို့ဘာညာတောင် မပြောတော့ဘူး
သူတို့ဆိုင်ပြင်ရောက်တော့
ဝမ်ရိပေါ် သက်ပြင်းဖွဖွလေးချလိုက်တယ်
“မ တို့တွေ အဲ့ကိတ်မုန့်ဆိုင်ကို
နောက်တစ်ခါပြန်မသွားတော့ဘူး
ဆိုင်ရှင်က ရိုင်းတယ်..”
ရိပေါ်သူရဲ့တခြားလက်တစ်ဖက်နဲ့ လက်သီးတင်းတင်းစုပ်လိုက်တယ်
ဒါပေမဲ့ သူ ဘာမှမပြောတော့ဘူး
သူတို့နှစ်ယောက် ဒီတိုင်းပဲအိမ်ပြန်သွားကြတယ်
နောက်ရက်တွေမှာလည်း
အလုပ်လုပ်လိုက်,စားလိုက်,အိပ်လိုက်နဲ့ပဲ
သံသရာလည်နေတာကပုံမှန်သဘာဝကျတဲ့ အရာတစ်ခုလိုမျိုးဖြစ်လာတယ်
ဝမ်ရိပေါ်ကတော့ အမြဲတမ်းပင်ပန်းနေသလိုမျိုး
ခံစားနေရတယ်
သုံးရက်ဆိုတဲ့အချိန်ကာလကလည်း
မြန်မြန်ဆန်ဆန်ပဲကုန်ဆုံးသွားခဲ့တယ်
ဝမ်ရိပေါ် သူအိမ်ထဲကိုဝင်ဝင်ချင်း
သက်ပြင်းကိုလေးလံစွာချလိုက်တယ်
ဒီနေ့လုပ်ခဲ့ရတဲ့အလုပ်တွေကြောင့်
သူအရမ်းပင်ပန်းနေပြီးသူရဲ့ပခုံးတွေကလည်း နာကျင်နေတယ်
“ရိပေါ်”
ကျောက်လိယင်းကစိတ်ရှုပ်နေသလိုမျိုး
ပြောလိုက်တယ်
“အဲ့အသုံးမကျတဲ့လူအကြောင်း
မ ဖြင့်ယုံတောင်မယုံနိုင်ဘူး!”
သူမကဒေါသတကြီးပြောရင်း
သူမရဲ့လက်တွေကိုတင်ပါးပေါ်မှာတင်တယ်
“ဘာဖြစ်လို့လဲ?”
ရိပေါ် သူရဲ့အိတ်ကိုဆိုဖာခုံပေါ်ကို
ပင်ပင်ပန်းပန်းချရင်းမေးလိုက်တယ်
သူမရဲ့ပါးစပ်ကနေ“အသုံးမကျတဲ့လူ”လို့ပြောလိုက်တည်းကသူခံစားချက်မကောင်းတော့ဘူး
သူမပြောတဲ့အဲ့လူကဘယ်သူလဲဆိုတာ
သူ့အတွေးထဲမှာကြိုသိနေခဲ့တယ်
“ဒီနေ့ ရှေ့နေက ကွာရှင်းစာချုပ်တွေကို
မဆီပြန်ပို့လိုက်တယ်လေ
အဲ့စာရွက်တွေကအခုထိမပြီးဆုံးနိုင်သေးဘူး!!!”
ကျောက်လိယင်းကသူကိုအောက်နားမှာ ရှောင်းကျန့်ရဲ့လက်ရေးနဲ့ထင်ထင်ရှားရှားလက်မှတ်ထိုးထားတဲ့ကွာရှင်းစာချုပ်တွေကို ပြရင်းပြောလိုက်တယ်
အဲ့လက်မှတ်တွေကိုမြင်လိုက်ရလို့ သူ့နှလုံးသားကရုတ်တရက်နာကျင်သွားတယ်
“ကိုယ်နားမလည်ဘူး ဒါကဘာလို့လက်ခံလို့ မရသေးတာလဲ?”
သူမကနောက်တစ်ရွက်ကိုလှန်ပြရင်း
ပြန်ပြောလိုက်တယ်
“သူ ဒီနေရာမှာ လက်မှတ်ထိုးဖို့
မေ့ကျန်ခဲ့တယ်လေ”
သူမ စာရွက်ရဲ့ ညာဘက်အောက်နားကို
လက်ညှိုးထိုးပြတယ်
အမှန်ပဲ အဲ့နားမှာတကယ်
ကွက်လပ်ကြီးဖြစ်နေခဲ့တယ်
ဘာကြောင့်မှန်းမသိပေမဲ့ သူ့နှလုံးသားတွေကရုတ်တရက်ကြီး ခုန်ပေါက်သွားတယ်
“သူစာရွက်အကုန်လုံးမှာလက်မှတ်ထိုးပြီးပြီလို့ ထင်နေတာ”
“အား သူဒီစာရွက်တွေပေးတုန်းက
မင်းသေချာပြန်မစစ်ခဲ့ဘူးလား?”
ကျောက်လိယင်းက စိတ်အနှောင့်အယှက် ဖြစ်နေတဲ့လေသံမျိုးနဲ့ ပြောတယ်
ဝမ်ရိပေါ် တကယ်ဒေါသထွက်သွားတယ်
အခုသူမကသူ့ကိုလက်ညှိုးလာထိုးနေတာလား?
လွန်ခဲ့သောနှစ်ပတ်ထဲကသူမဘာသာစာရွက်တွေကိုပြန်မစစ်ခဲ့ဘဲနဲ့များ!
“ယင်း, ကိုယ်မင်းကိုဒါတွေပေးတုန်းက
မင်းစာရွက်တွေကိုသေချာ ပြန်မစစ်ခဲ့တာလေ”
“Wow, အခုတော့ ကျွန်မရဲ့အပြစ်ပေါ့?”
သူမကိုပြစ်ချက်တစ်ခုနဲ့မှားယွင်းစွပ်စွဲခံလိုက်ရလို့ အံ့အားသင့်သွားသလိုမျိုး ပြောလိုက်တယ်
“ဘယ်သူဖြစ်ရအုံးမှာလဲ?မင်းပဲဒီကွာရှင်းစာချုပ်တွေကို အသည်းအသန်လိုချင်နေခဲ့တာလေ”
ကျိုးလိယင်း သူမရဲ့အောက်နှုတ်ခမ်းကို
ဒေါသတကြီးကိုက်လိုက်တယ်
“ဒါပေါ့, ကျွန်မကဒါကိုအလျင်လိုရမှာပေါ့!
ရှင်ကျွန်မနဲ့စောစောလက်မထပ်ချင်ဘူးလား?ရှင်ကကျွန်မကိုချစ်တယ်လေ ဟုတ်တယ်မလား?”
ဒီတစ်ခါမှာတော့ ဝမ်ရိပေါ် ပြန်ဖြေဖို့
တကယ်ကြီးတုံ့ဆိုင်းနေခဲ့တယ်
သူဘာကြောင့်မှန်းမသိပေမဲ့
သူပါးစပ်ကိုဖွင့်လိုက်တာတောင်မှ
သူ့ပါးစပ်ထဲကနေဘာစကားမှထွက်မလာခဲ့ဘူး
သူမကိုအဲ့လိုမျိုးဒါကတအား ဘောင်ကျော်လွန်းတယ်လို့ပြောလိုက်တာက အရမ်းမှားသွားတယ်ဆိုတာ
သူ ချက်ချင်းပဲသတိပြုမိသွားတယ်
“ဘုရားရေ! ကျွန်မသိတယ်!
ရှင်သူ့အကြောင်းကိုအခုထိစဉ်းစားနေတုန်းပဲမလား!”
သူမရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေ
စီးကျနေရင်းနဲ့ပဲ အော်ပြောလိုက်တယ်
သူမရဲ့ mascaraတွေပေကျံသွားပြီး
မိတ်ကပ်တွေလည်း ပျက်သွားတယ်
“ယင်း..ကိုယ်”
သူလှမ်းခေါ်ဖို့လုပ်လိုက်ပေမဲ့
သူမကသူရဲ့လက်ကိုချက်ချင်း
ရိုက်ထုတ်လိုက်တယ်
“မင်းကတော်တော်လေး မကောင်းတဲ့ကောင်ပဲ!”
သူမကငိုရင်း ကွာရှင်းစာချုပ်တွေနဲ့
ဝမ်ရိပေါ်ကိုပစ်ပေါက်လိုက်တယ်
သူမက သူကို ပြင်းပြင်းထန်ထန်
ပါးတစ်ချက်ရိုက်လိုက်တယ်
အဲ့ရိုက်လိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့အိမ်ထဲမှာပဲ့တင်သံထပ်သွားတယ်
“ကျွန်မ လုံးဝမယုံနိုင်ဘူး!
ကျွန်မရှင့်အတွက်ဒီလောက်အရာအားလုံး လုပ်ပေးခဲ့တာတောင်!”
သူမကအော်ပြောလိုက်တယ်
သူမရဲ့မျက်နှာက နည်းနည်းတောင်
အနီရောင်သန်းနေပြီ!
ရိပေါ်ရဲ့ဘယ်ဘက်ပါးက
တော်တော်လေးနာကျင်ယောင်ကိုင်းနေပေမဲ့ သူ ငြိမ်ငြိမ်လေးပဲနေခဲ့တယ်
သူမ ဒေါသတကြီး အံကြိတ်ပြီးတော့
သူကို ကျောပေးလိုက်တယ်
ကျောက်လိယင်း သူမရဲ့ပစ္စည်းတွေသိမ်းပြီး
အော်လိုက်တယ်
“ကျွန်မတို့တွေ လုံးဝပြတ်ပြီ!
ဘယ်သူမှ ရှင်နဲ့အတူတူရှိနေချင်မှာ
မဟုတ်ဘူး!”
သူမ တံခါးကို ဘန်းခနဲအသံကျယ်ကျယ်နဲ့
ပိတ်ပြီးထွက်သွားခဲ့တယ်
အခုတော့ ရိပေါ်ရဲ့အမှောင်ထဲမှာ
သူတစ်ယောက်တည်းကျန်နေခဲ့ရမဲ့
အလှည့်ပဲ...
ဝမ်ရိပေါ် ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပြီး
ခါးသက်သက်နဲ့ ရယ်လိုက်တယ်
“ကျန့် ဒီလိုနာကျင်မှုတွေဘယ်လိုများ
သည်းခံနိုင်ခဲ့တာလဲ?”
သူ့နားမှာရှိသမျှအရာအားလုံးက အဓိပ္ပာယ်တွေပျောက်ဆုံးသွားခဲ့သလိုမျိုး
သူခံစားခဲ့ရတယ်
ဝမ်ရိပေါ် အခု စိတ်တွေတအားရှုပ်ထွေးနေတယ်
ဒါပေမဲ့ အမှန်တိုင်းပြောရရင်
သူနာကျင်နေခဲ့တယ်
ရှောင်းကျန့်နဲ့သူရဲ့အိမ်ကနေထွက်လာခဲ့ပြီးတည်းက သူ့ရင်ထဲမှာနောင်တတရားတွေကိန်းအောင်းနေခဲ့တယ်
သူ ရှောင်းကျန့်နဲ့အတူတူ အဲ့သုံးရက်ကိုသာဖြတ်သန်းပြီးသွားခဲ့ရင် အရာအားလုံးကအရင်တုန်းကအတိုင်းပြန်ဖြစ်သွားလိမ့်မယ်လို့အမြဲတမ်းထင်ခဲ့တယ်
ဟုတ်တယ်,အဲ့လိုမျိုးတွေးတာက
တော်တော်လေး ရူးကြောင်ကြောင်နိုင်တဲ့အရာပဲ
ဒါပေမဲ့ တစ်နည်းနည်းနဲ့များဖြစ်ခဲ့ရင်
ဒီတိုင်း ဖြစ်ခဲ့ရင် ဆိုရုံလေးပေါ့
သူတို့တွေ ဘဝအသစ်ကိုစတင်နိုင်တယ်
သူအဲ့အရာကိုမျှော်လင့်နေခဲ့တယ် အဲ့လိုမျိုးဖြစ်လာဖို့ကိုလည်း ဆုတောင်းခဲ့တယ်
တကယ်တမ်းကျ အရင်တုန်းကသူနဲ့ ကျောက်လိယင်းအရာအားလုံးကို မသိမသာအဆုံးသတ်လိုက်ဖို့ ဖုန်းထဲမှာပြောရင်း ရန်ဖြစ်ခဲ့ဖူးတယ်
ဒါပေမဲ့ ကိစ္စတွေက ကောင်းကောင်းမွန်မွန်ဖြစ်မလာခဲ့ဘူး
သူမက သူတို့အိမ်ထိရောက်လာခဲ့တယ်
ရိပေါ်ကအဲ့တာကို မငြင်းဆန်နိုင်ခဲ့ဘူး
အဲ့အချိန်တုန်းတည်းကနေအခုထိ သံသယတွေကသူ့စိတ်ထဲမှာ
ဖုံးလွှမ်းနေခဲ့တယ်
သူက တော်တော်လေးကဆိုးရွားတဲ့
အမှိုက်လိုကောင်မျိုးဖြစ်ခဲ့တယ်ဆိုတာ
ဝမ်ရိပေါ် သတိရသွားခဲ့တယ်
သူဘယ်လိုတောင် စောက်ကျင့်မကောင်းတဲ့ကောင်ဖြစ်ခဲ့တာလဲ..
သူ ဒီလိုညစ်ပတ်စုတ်ပဲ့တဲ့အရာတွေကို
နားလည်နိုင်ဖို့တအားတုံးခဲ့တာပဲ
သူ့ရှေ့တည့်တည့်မှာ ရှိတဲ့
ပန်းချီကားအကြီးကြီးကို
သတိမထားမိခဲ့ဘူး..
သူ ပေါ်ပေါ်တင်တင်ဖောက်ပြန်ပြီး တအားကောင်းကောင်းမွန်မွန်နေခဲ့တာပဲ
ဒါပေမဲ့ သူအခုမှဒါတွေသိတာက
အရမ်းနောက်ကျနေခဲ့ပြီလို့ သူထင်တယ်
သူကအရာအားလုံးမှာ အမြဲတမ်းနောက်ကျနေခဲ့တာပဲ မဟုတ်လား?
ဝမ်ရိပေါ် ခြောက်ကပ်ကပ်ရယ်ရင်း
သူ့ဆံပင်တွေကိုလက်တစ်ဖက်တည်းနဲ့
ဆုပ်ကိုင်လိုက်တယ်
သူ ရှောင်းကျန့် နောက်တစ်ကြိမ်
ထပ်တွေ့ချင်တယ်
နောက်ဆုံးအကြိမ်အနေနဲ့ပေါ့..
အကယ်၍များ ရှောင်းကျန့် အခုထိ
သူတို့နှစ်ယောက်ရဲ့အိမ်မှာ
ရှိနေတုန်းပဲလားဆိုတာ
ပြန်သွားကြည့်ချင်ရုံလေးပါပဲ
သူအမှန်လို့ထင်ခဲ့တဲ့အရာအားလုံးနဲ့
လွဲချော်ခဲ့တယ်
သူ့နှုတ်ခမ်းတွေ တုန်လှုပ်လာခဲ့ပြီး
နွေးထွေးတဲ့မျက်ရည်တွေက
သူမျက်နှာတစ်လျှောက်စီးကျလာတာကိုတောင် သတိမထားမိခဲ့ဘူး
သူရဲ့ယောက်ျားလေးကိုလွမ်းနေခဲ့တယ်
ကြမ်းပြင်ပေါ်မှာ တစ်နာရီလောက်
ငိုပြီးသွားတော့ သူ ရှောင်းကျန့်ဆီကို
နောက်ဆုံးတစ်ခေါက်အနေနဲ့
သွားလည်ဖို့ စိတ်ကိုပြင်ဆင်လိုက်တယ်
သူ အိမ်အပြင်ကို ခပ်မြန်မြန်ထွက်သွားပြီးကားရဲ့ အင်ဂျင်ကိုချက်ချင်းစနှိုးလိုက်တယ်
သူ stirring wheel ကိုတင်းတင်းကြပ်ကြပ်ဆိုင်ကိုင်ရင်း ရှောင်းကျန့်ရဲ့အိမ်ကိုအမြန်ပြန်သွားခဲ့တယ်
သူရှောင်းကျန့်ကိုနောက်တစ်ကြိမ်ပြန်တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင်
သူ့နှလုံးသားလေးက ပျော်ရွှင်နေတယ်
အိမ်ကြီးရဲ့ရှေ့ကိုရောက်တော့
သူ့နှလုံးသားတွေက အရှိန်မြန်မြန်နဲ့
ပြေးလွှားနေသလိုမျိုး ခံစားရတယ်
ဝမ်ရိပေါ် ကားပေါ်ကနေအပြင်ကို
ဆင်းသွားပြီး ခြံတံခါးတွေကိုသေချာ
မပိတ်ထားတာကိုတွေ့လိုက်တယ်
ခြံတံခါးက နည်းနည်းလေးပွင့်နေပြီးတော့
သူ့စိတ်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေ
မြင့်တက်သွားခဲ့တယ်
မီးတွေကလည်းမဖွင့်ထားဘူး
တစ်စုံတစ်ယောက်ကအိမ်ထဲကို ဖောက်ဝင်ခဲ့တာလား?
သူချက်ချင်းပဲ အိမ်ထဲကိုပြေးသွား
လိုက်တယ်
အဲ့မှာအိမ်တံခါး မပိတ်ထားတာကသူကိုပိုပြီး ကြောက်ရွံ့သွားစေတယ်
“ရှောင်းကျန့်!?”
သူ အိမ်တံခါးကနေဖောက်ဝင်လာခဲ့ပြီး
လူတစ်ယောက်မှမရှိတဲ့ဧည့်ခန်းကိုအရင်ဆုံးတွေ့လိုက်ရတာမို့အော်ခေါ်လိုက်တယ်
ဒါပေမဲ့ဘယ်သူမှ ပြန်မဖြေလာခဲ့ဘူး
ဘယ်သူမှလည်းသူကိုလာကြိုမခဲ့ဘူး
သူ့နှလုံးသားတွေ နစ်မြုပ်သွားခဲ့တယ်
သူ အရင်တုန်းကအချိန်တွေကို
ပြန်သတိရသွားတယ်
အရင်တုန်းကသူ့အိမ်ထဲကို ခြေချလိုက်တိုင်းအမြဲတမ်း သူပြန်ရောက်လာတာကို ထိုင်စောင့်နေခဲ့တဲ့လူတစ်ယောက် အမြဲတမ်းရှိခဲ့တယ်..
သူပြန်ရောက်တိုင်းအနွေးထွေးဆုံးပွေ့ဖက်မှုတွေ အချိုမြိန်ဆုံးအနမ်းတွေနဲ့
ကြိုဆို နှုတ်ဆက်ခံခဲ့ရတယ်
ဒါပေမဲ့ အခုတော့ ဘယ်သူမှ
မရှိတော့ဘူး
သူရဲ့ “ကိုယ်အိမ်ပြန်ရောက်ပြီ”ဆိုတာကို
ပြန်ဖြေမဲ့လူမရှိဘူး
ဘာကြောင့်လဲဆိုရင် သူ အမျှော်လင့်ဆုံး အတွေ့ချင်ဆုံးလူက “ကြိုဆိုပါတယ်”လို့ပြန်ပြောဖို့ မရှိခဲ့တာကြောင့်ပဲ..
ပတ်ဝန်းကျင်တစ်ခုလုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးအိမ်က နည်းနည်းလေးကြောက်စရာကောင်းနေတယ်
စိုးရိမ်စိတ်တွေကသူ့တစ်ကိုယ်လုံးကို
လွှမ်းမိုးသွားတယ်
အဆိုးဆုံးဆိုတဲ့အရာတွေအတွက်
သူ့စိတ်ကိုပြင်ဆင်ထားဖို့ သူကိုယ်သူကြိုးစားတယ်
ဒီနေရာမှာသက်ရှိအရိပ်အယောင်လေးများရှိမလားဆိုပြီးသူအိမ်ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီးအခန်းတိုင်းကိုဝင်ရှာကြည့်တယ်
အထဲမှာ ဘယ်သူမှမရှိခဲ့ဘူး
အိမ်မှာ တကယ် လူတစ်ယောက်မှ
မရှိခဲ့ဘူး
ဗီရိုတွေ စားပွဲတွေမှာတက်နေတဲ့
သိသိသာသာထူထပ်နေတဲ့ဖုန်တွေကိုသူတွေ့လိုက်ရတယ်
အဲ့ဖုန်မှုန့်တွေကြောင့်ဒီနေရာမှာ
လူမနေတာကြာပြီဆိုတာ
လုံးဝသေချာသွားတယ်
သူ့နှလုံးသားတွေ စူးရှနာကျင်သွားတယ်
“သူတကယ်ကြီးထွက်သွားခဲ့တာပဲ”
ရိပေါ် ထိုင်ခုံပေါ်မှာထိုင်ချလိုက်ပြီး
နောက်တစ်ကြိမ် ခြောက်ကပ်ကပ်
ရယ်လိုက်တယ်
နေဝင်ခါနီးနေပြီဆိုတာသူပြတင်းပေါက်ကနေတစ်ဆင့်ကြည့်ရင်းမြင်သွားခဲ့တယ်
အခု အပြင်မှာသိပ်မမှောင်သေးဘူး
သစ်ပင်တွေ ချုံပုတ်တွေကလည်း
အခုထိအမဲရောင်အရိပ်တွေမဖြစ်သေးဘူး
နောက်ပြီး သူရဲ့မျက်လုံးတွေက
ဥယျာဉ်အပြင်ဘက်ကသစ်ပင်ကြီးတစ်ခုပေါ်ကို အကြည့်ရောက်သွားခဲ့တယ်
သူ့စိတ်ထဲမှာတစ်စုံတစ်ခု
ပြန်ပေါ်လာတယ်
ဝမ်ရိပေါ် ချက်ချင်းမတ်တပ်ထရပ်ပြီး နောက်ဖေးကိုချက်ချင်းပြေးသွားတယ်
သူ သစ်ပင်ဆီ မြန်မြန်လေးပြေးသွားပြီး
သူ့ဖုန်းကိုထုတ်လိုက်တယ်
ရိပေါ် flashlightကိုဖွင့်ပြီး
တစ်စုံတစ်ခုကိုလိုက်ရှာတယ်
မိနစ်သုံးဆယ်လောက်လိုက်ရှာပြီးတဲ့နောက်မှာတော့ သူအဲ့အရာကိုရှာတွေ့သွားတယ်
ခံစားချက်တွေကအလုံးလိုက်
အရင်းလိုက် သူ့ဆီဝင်လာတယ်
1438. သစ်ပင်ပင်စည်ပေါ်မှာ
ထင်ထင်ရှားရှားထွင်းထားတဲ့နံပါတ်တွေ
မှန်တယ် ဒီနံပါတ်တွေက
သူရှောင်းကျန့်ကိုသူရဲ့အမျိုးသားလေးဖြစ်ပေးဖို့တောင်းဆိုခဲ့တုန်းကပြောခဲ့တဲ့နံပါတ်တွေဖြစ်တယ်
ဝမ်ရိပေါ် သူရဲ့ဖိနပ်ကိုချွတ်လိုက်ပြီးတော့
သစ်ပင်ပေါ်ကို စတက်သွားခဲ့တယ်
ရှောင်းကျန့် မသိခဲ့တာအရာကတော့
တကယ်တမ်းကျဝမ်ရိပေါ်က ဒီနေရာမှာ
ပထမဆုံးထွင်းခဲ့တဲ့လူပဲ
အကယ်၍များတစ်ယောက်ယောက်က
သစ်ပင်ပေါ်ကိုတက်ပြီး နည်းနည်း
မြင့်မြင့်လေးသွားခဲ့မယ်ဆိုရင်
သူတို့တွေ1438ဆိုတဲ့နံပါတ်ကိုသေသေသပ်သပ်ထွင်းထားပြီးအဲ့နောက်မှာ အရမ်းသေးတဲ့1004 8sတွေ့ရလိမ့်မယ်
(ရှစ်ကိုမှ တစ်ထောင့်လေးလုံးပါ)
14388888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888888
သူဘယ်တုန်းကဒါကိုထွင်းခဲ့တာလဲ?
သူဒီအိမ်ကိုဝယ်တုန်းက ရှောင်းကျန့်ကို
Surpriseမလုပ်ခင် သူဒီသစ်ပင်ကြီးကို
ခုတ်ပစ်မယ်ဆိုပြီး စနောက်ခဲ့တယ်
ရှောင်းကျန့်က အဲ့တာနဲ့ပတ်သက်ပြီး
ချက်ချင်းပဲ လန့်သွားခဲ့သေးတယ်
ဝမ်ရိပေါ်သူကိုယ်သူ ဖုန်ခါရင်း သက်ပြင်းချရင်းအထဲကိုပြန်ဝင်လာတယ်
သူတို့နှစ်ယောက်အတူတူရှိခဲ့တုန်းက
အမှတ်တရတွေအကြောင်းပြန်တွေးမိတော့ သူ့နှလုံးသားလေးပျော့ပြောင်းသွားတယ်
ဒါပေမဲ့ ဟိုးအစတုန်းတည်းက
သူကရှောင်းကျန့်နဲ့မထိုက်တန်ဘူးဆိုတာ ရိပေါ်သိခဲ့တယ်
ရှောင်းကျန့်က အရမ်းကြင်နာပြီး
သူများတွေအပေါ်တွေးပေးတယ်
ရှောင်းကျန့်က သူထက်ပိုကောင်းတဲ့
တစ်စုံတစ်ယောက်နဲ့ပဲ ထိုက်တန်ခဲ့တာပါ
သူ့အမျိုးသားလေးကအမြဲတမ်းသူ့အနားမှာရှိပေးပြီးသူကိုဂရုစိုက်ပေးခဲ့တဲ့တစ်ဦးတည်းသောလူဖြစ်ခဲ့တာတောင်မှသူကတော့ရှောင်းကျန့်အပေါ်မှာတော်တော်ဆိုးဆိုးရွားရွားဆက်ဆံခဲ့မိတယ်
ရိပေါ် စိတ်ညစ်စရာတွေများလွန်းလို့
အဲ့စိတ်ညစ်စရာတွေနဲ့ဖုံးလွှမ်းခံလိုက်ရပြီး
သူက အဲ့တာကို မထိန်းချုပ်နိုင်ဘူး
သူက အရေးမပါတဲ့အရာတွေဆီမှာ
ယိမ်းယိုင်သွားခဲ့ပြီးသူတို့ဘယ်လိုနေလဲဆိုတာကို လိုက်ဝေဖန်နေတဲ့လူတွေကြောင့်
စိတ်ရှုပ်ခဲ့တယ်
သူရဲ့စိတ်တွေကဖျက်ဆီးဖယ်ရှားခံလိုက်ရပြီး များလွန်းတဲ့ဖိအားတွေကြောင့်ဘာကိုမှ သေချာမစဉ်းစားနိုင်ခဲ့ဘူး
သူ တခြားသူတွေရဲ့စကားလုံးတွေထဲမှာ
ဝါးမြိုခံလိုက်ရပြီး အဲ့လူတွေရဲ့
စကားတွေကိုတောင်ယုံကြည်ခဲ့သေးတယ်
သူ ကျောက်လိယင်းရဲ့ ပြောတဲ့
ရှောင်းကျန့်ကဖောက်ပြန်နေပါတယ်ဆိုတဲ့ စကားလုံးတွေအောက်မှာ လွှမ်းမိုးခံလိုက်ရတယ်
သူ မူးနေတဲ့အချိန်တွေတိုင်း
သူမက သူရဲ့ စိတ်ဖိစီးနေတဲ့နှလုံးသားကို
အသုံးချပြီးအခွင့်ကောင်းယူခဲ့တယ်
သူရဲ့အချစ်ရဆုံးသူကိုတောင်မှ
စုံလုံးကန်းပြီး သူကိုယ်တိုင်စွပ်စွဲခဲ့သေးတယ်
ရှောင်းကျန့် သူကိုရှင်းပြနိုင်ဖို့ အခွင့်အရေး
တစ်ကြိမ်လေးတောင်မှမပေးခဲ့ဘူး
သူတော်တော်လေးတုံးအခဲ့တာပဲ
အမှန်တိုင်းပြောရရင်တော့
ရှောင်းကျန့် သူကို ကွာရှင်းဖို့
မတားခဲ့လို့ ဝမ်ရိပေါ် အသည်းကွဲခဲ့ရတယ်
ဒါပေမဲ့ သူက ဒါကိုထိုက်တန်တာပဲလေ
အရာအားလုံးကိုစတင်ခဲ့တာသူကိုယ်တိုင်ပဲ မဟုတ်လား?
အရမ်းကောင်းတဲ့ နတ်သားလေးက
သူလိုမျိုးမကောင်းဆိုးဝါး စွပ်စွဲတာကို
ခံခဲ့ရတာပဲ...
ဝမ်ရိပေါ်သက်ပြင်းချရင်း
မတ်တပ်ရပ်ပြီး အိမ်အပြင်ကို
ထွက်သွားတယ်
သူရှောင်းကျန့်ကိုစကားပြောချင်တယ်
တစ်စုံတစ်ခုကိုပြောပြချင်တယ်
သူကိုခွင့်လွှတ်ပေးဖို့အတွက်
တောင်းဆိုမှာတော့ မဟုတ်ပါဘူး
သူကအဲ့အရာနဲ့လုံးဝမထိုက်တန်ဘူး
ဝမ်ရိပေါ် ရှောင်းကျန့်ကိုထပ်ပြီး
မနာကျင်စေချင်တော့ဘူး
ဒီအတိုင်းရှောင်းကျန့်ကိုစကားပြောခွင့်ရမဲ့
နောက်ထပ်အခွင့်အရေးတစ်ကြိမ်
သူတောင်းဆိုတာ ဒါအကုန်ပါပဲ..
သူ ရှောင်းကျန့်ရဲ့ဖုန်းနံပါတ်ကို
ခေါ်ဖို့ သူ့ဖုန်းကိုထုတ်လိုက်တယ်
သူ့ဖုန်းကိုတစ်စုံတစ်ယောက်ဖုန်းလာကိုင်မှာကို စောင့်ရင်း ကားအပြင်မှာမတ်တပ်ရပ်နေခဲ့တယ်
လူကြီးမင်းခေါ်ဆိုနေသောတယ်လီဖုန်းနံပါတ်မှာ ယခုအချိန်ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပါသဖြင့်နောက်တစ်ကြိမ်ပြန်လည် ကြိုးစားခေါ်ကြည့်ပါ
လူကြီးမင်းခေါ်ဆိုနေသောတယ်လီဖုန်းနံပါတ်မှာ ယခုအချိန်ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပါသဖြင့်နောက်တစ်ကြိမ်ပြန်လည် ကြိုးစားခေါ်ကြည့်ပါ
လူကြီးမင်းခေါ်ဆိုနေသောတယ်လီဖုန်းနံပါတ်မှာ ယခုအချိန်ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပါသဖြင့်နောက်တစ်ကြိမ်ပြန်လည် ကြိုးစားခေါ်ကြည့်ပါ
“ကျေးဇူးပြုပြီး ဖုန်းကိုင်ပေးပါ”
သူအသက်ရှုသံတွေအောက်မှာ
တိုးတိုးလေးပြောလိုက်တယ်
“ရိပေါ်?”
သူ့နာမည်ကိုကြားလိုက်ရတာကြောင့်
သူတို့ရဲ့ အိမ်နီးချင်းကိုကြည့်ဖို့အတွက်
လှည့်လိုက်တယ်
သူတို့က သူမကို အမြဲတမ်း ‘အဖွား’လို့
ခေါ်တယ်
သူမရဲ့လက်ထဲမှာဟင်းသီးဟင်းရွက်ခြင်းတောင်းသေးသေးလေးကိုကိုင်ထားတယ်
“အဖွား ကောင်းသောညနေခင်းပါ”
သူနှုတ်ဆက်လိုက်တယ်
“လူငယ်လေး ဒီမှာဘာလုပ်နေတာလဲ?”
“အာ ကျွန်တော်..ကျွန်တော်ရဲ့..အာ..
ရှောင်းကျန့်ဆီလာလည်တာ”
သူ ပြောနေရင်းနဲ့စကားထစ်သွားတယ်
“မင်းမသိသေးဘူးလား? အို ကောင်လေးရယ် အဖွားကမင်းနဲ့သူတစ်ချိန်လုံး
အတူတူရှိနေခဲ့တယ်လို့ထင်နေတာ”
သူမကစိုးရိမ်တကြီးပြောလိုက်တယ်
“Uhm သူဘာဖြစ်ခဲ့လို့လဲ?”
သူမေးလိုက်တယ်
အခုထိသူ့ဖုန်းကိုလည်းဘယ်သူမှ
လာမကိုင်တာကြောင့်ခုနတည်းက
သူ့လက်ဖဝါးတွေမှာချွေးထွက်နေတယ်
“မင်းကိုပြောရရင် လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူ့အစ်ကိုကအိမ်ကိုအလောတကြီးရောက်လာပြီး
သူကိုဆေးရုံခေါ်သွားတယ်
အဖွားကြားသလောက်ဆို
အဲ့မှာ သွေးတွေကလည်းအများကြီး...”
ဝမ်ရိပေါ်ရဲ့သွေးတွေစီးဆင်းနေတာရပ်တန့်သွားပြီးတော့တစ်ကိုယ်လုံး အေးခဲသွားတယ်။ဘာ?
“ဘယ်ဆေးရုံလဲ?”
သူ့အသံထဲမှာသိသိသာသာကြောက်ရွံမှုတွေနဲ့အတူစိုးရိမ်တကြီးမေးလိုက်တယ်
“ဟွား ဆေးရုံမှာ, ကောင်လေးရယ်
အဖွားကတကယ်ပဲမင်းသူနဲ့အတူတူရှိနေခဲ့တယ်လို့ထင်ခဲ့တာ”
နောင်တတရားတွေ,တာဝန်မကျေတဲ့အပြစ်တွေကသူကိုအရှင်လတ်လတ်ဝါးမြို
နေခဲ့ပြီးတော့ သူ့နှလုံးကလည်း
အရမ်းမြန်မြန် ခုန်ပေါက်နေခဲ့တယ်
အာရုံကြောတွေကသူကိုသတိပေးသလိုမျိုးထိခတ်လာတယ်
“ကျေးဇူးပါ, အဖွား! ကျွန်တော်ပဲ
အခုချက်ချင်းဆေးရုံကို
လိုက်သွားမယ်”
သူကားထဲကို ခပ်မြန်မြန်ဝင်ပြီး
အင်ဂျင်ကိုနှိုးလိုက်တယ်
သူတစ်စက္ကန့်တောင်မှ
အချိန်ဖြုန်းမနေတော့ဘဲ
ချက်ချင်းမောင်းထွက်သွားတယ်
သူသတ်မှတ်ထားတဲ့အရှိန်ထက်
ကျော်လွန်အောင်မြန်မြန်မောင်းနေပြီး
သူ မီးပွိုင့်ဥပဒေတွေဘာတွေလုံးဝ
ဂရုမစိုက်တော့ဘူး
ဝမ်ရိပေါ် ဟိုက်ဝေးလမ်းမတစ်လျှောက်
ကားတွေအများကြီးကိုကျော်တက်ပြီး
ဆေးရုံကို အမြန်ဆုံးရောက်အောင်
ကားရဲ့ဟွန်းကိုလည်းဆက်တိုက်
တီးနေတယ်
သူ အဲ့ကို အရမ်းနောက်ကျပြီးမှ
ရောက်သွားတဲ့လူမဖြစ်ချင်ဘူး
သူ့နှလုံးသားထဲမှာအော်ဟစ်နေပြီး
Stirring wheelကိုကိုင်ထားတဲ့သူ့လက်ဖဝါးကလည်းချွေးတွေထွက်နေခဲ့တယ်
သူ ဆေးရုံကိုမြန်မြန်ရောက်နိုင်အောင်
အကောင်းဆုံးကြိုးစားပြီး
လမ်းချိုးတွေရောက်တိုင်း
သူ ဘေးကိုအရှိန်နဲ့ကွေ့တယ်
(Sharp turn ကွေ့သလိုမျိုး)
အဝေးကနေ ဟွား ဆေးရုံကိုမြင်လိုက်ရလို့ ဝမ်ရိပေါ် ပြုံးလိုက်တယ်..
သူ မကြာခင်ရှောင်းကျန့်ကို
သွားတွေ့နိုင်တော့မယ်
ပြီးရင် ရှောင်းကျန့်ကိုအရမ်းအရေးကြီးတဲ့
တစ်စုံတစ်ခုကိုပြောမယ်
သူဆေးရုံနဲ့ပိုပြီးနီးလာလေလေ
သူ့နှလုံးသားတစ်ခုလုံးကအပျော်တွေနဲ့
ပြည့်နှက်နေခဲ့တယ်
သူ မငိုဘဲနေဖို့ကိုသူကိုယ်သူမထိန်းချုပ်ထားနိုင်တော့ဘူး။
နောက်ဆုံးတော့ သူ ရှောင်းကျန့်ဆီကိုရောက်တော့မယ်
ဒီနောက်ဆုံးတစ်ခါလေးပဲ ဘေးကိုကွေ့ပြီးသွားရင် သူရဲ့နောက်ဆုံးပန်းတိုင်ကို
ရောက်နိုင်တော့မယ်
မတရားကျယ်လောင်တဲ့ဟွန်းတီးသံကြီးက သူဘယ်ဘက်နားကနေထွက်လာတာကို
ကြားလိုက်ရတယ်
သူ အဲ့တာကိုမသိလိုက်ခင်မှာပဲ
အရှိန်နဲ့လာနေတဲ့ထရပ်ကားတစ်စီးက
သူ့ရှေ့တည့်တည့်ကိုဝင်လာခဲ့ပြီး
သူနဲ့နီးကပ်လာတဲ့ ကားရဲ့ရှေ့မီးနှစ်လုံးက
အလင်းရောင်တွေကသူကိုအဲ့နေရာမှာတင် အေးခဲသွားစေခဲ့တယ်
သူ့နှလုံးသားတစ်ခုလုံးဆွဲလိမ်ခံလိုက်ရသလိုမျိုး ဖြစ်သွားပြီးမျက်လုံးတွေကို မှိတ်ချလိုက်တယ်
ပြီးတော့သူအပေါ်ကျရောက်လာမဲ့ကြီးမားတဲ့ သက်ရောက်မှုကြီးအတွက်သူကိုယ်သူ ပြင်ဆင်ခဲ့တယ်
ရှောင်းကျန့်, ကိုယ်မင်းကို ဒါလေးတောင်ပြောခွင့်မရှိတော့ဘူး...
ကိုယ်မင်းကို အဆုံးမရှိချစ်တယ်,
ကိုယ်ရဲ့ နတ်သားလေး..
T/N; Next part will be Epilogue (Final)
YOU ARE READING
1 4 3 8 (Myanmar Translation) [Completed]
FanfictionXiao Zhan, I didn't get to tell you that I love you infinity, my angel | A short story | 「一战」 BJYX FANFICTION [MYANMAR] [I don't own the characters and I don't intend to harm anyone in any way. This is purely fiction] This is originally written by @...