9

4.2K 597 86
                                    

//Scroll Down for Zawgyi///

[UNICODE]

9.

ဥယျာဉ်‌ထဲမှာတချို့ကိစ္စ‌တွေဖြစ်ပြီးသွားတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံး စကားသိပ်မပြောဖြစ်ကြတော့ဘူး

အချိန်ကလည်း နည်းနည်းလေး နောက်ကျနေပြီ

ဝမ်ရိပေါ်လည်း အထုပ်သိမ်းရအုံးမှာဆို‌တော့သူတို့တွေ
အိမ်ထဲကိုပဲပြန်ဝင်လာခဲ့တယ်

သူတို့နှစ်‌ယောက်ဒီအတိုင်းညစာကိုပဲ တိတ်တိတ်လေးထိုင်စားနေခဲ့တယ်

သူတို့နှစ်ယောက်ကြားထဲက
လေထုကအောင့်သက်သက်ဖြစ်နေလား
မဖြစ်ဘူးလားဆိုတာကို‌တောင်ဘယ်သူကမှ
ပြောပြနိုင်မှာ မဟုတ်ဘူး။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ထမင်းစားခန်းထဲမှာ‌ ထမင်းပန်းကန်နဲ့သူတို့ရဲ့တူတွေဇွန်းတွေအချင်းချင်းရိုက်ခတ်သံ‌တစ်ခုပဲကြားနေရတယ်

ရှောင်းကျန့်က အစားအသောက်တွေကို ငုံ့ကြည့်ပြီးတိတ်တိတ်လေးထိုင်စားနေတယ်

ရိပေါ်ကတော့ သူကို ခဏခဏလှမ်းကြည့်နေတယ်

ရိပေါ်ကသက်ပြင်းတစ်ခုကိုချလိုက်ရင်းနဲ့

“ကျန့်”

သူလည်း သူ့နာမည် ခေါ်သံကိုကြားလိုက်ရတော့
အရှေ့မှာထိုင်‌နေတဲ့သူရဲ့အမျိုးသားကို
လှမ်းကြည့်လိုက်တယ်

“အွန်း ပြောလေ?”

“အာ..”

ဝမ်ရိပေါ် ဘယ်ကနေစပြောရမှန်းမသိဘူး

“မနက်ဖြန်ကြရင် ဒီကို
လူတစ်ယောက်‌လာလိမ့်မယ်”

အဲ့ဒီစကားလုံးတွေကသူ့နားထဲကို
ရိုက်ခတ်လာတဲ့အချိန်မှာ ရှောင်းကျန့်
သိသိသာသာ တုန်လှုပ်သွားတယ်

“အာ..ဟုတ်လား? ဧည်သည်လာတာကောင်းတာပေါ့ ငါတို့ဆီ
ဧည်သည်‌မလာတာလည်းတော်တော်လေးကြာနေပြီလေ”

ရှောင်းကျန့်ကနှုတ်ခမ်း‌ထောင့်စွန်းတွေအသာ‌လေးတွန့်ကွေးသွားရုံလောက်ပြုံးပြီး ရိပေါ်ကိုကြည့်ရင်းပြောလိုက်တယ်

သူတို့ကြားထဲမှာ တိတ်ဆိတ်မှုတွေက တစ်ဖန်ပြန်ပြီး ဝင်ရောက်လာတယ်

ဘယ်သူကမှ အသံမထွက်လာတော့ဘူး

ပြောစရာဘာရှိသေးလို့လဲ? ဘာမှမရှိတော့ဘူး ဘာမှထပ်ပြီးဆွေးနွေးစရာမရှိတော့ဘူး

အခုဆိုအရာအားလုံး ပြီးဆုံးသွားပြီဆိုတာ
တော်တော်လေး သိသာတယ်

ရှောင်းကျန့် မတ်တပ်ရပ်လိုက်ပြီး သူစားထားတဲ့ပန်းကန်ပြားကို ကောက်ကိုင်ပြီး
တိတ်တဆိတ် ဆေးကြောနေတယ်

ရေပိုက်ခေါင်းထဲကနေ စီးကျလာတဲ့ရေကျသံတွေကသာ တိတ်ဆိတ်မှုကိုနှောင့်ယှက်နေတဲ့ တစ်ခုတည်း‌‌သောဆူညံသံတွေပဲ

သိပ်မကြာခင်မှာပဲရိပေါ်လည်းသူ့နောက်ကိုလိုက်လာတယ်

ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်လုံး အတူတူ
အိပ်ယာဝင်ခဲ့ကြတယ်

သူတို့နှစ်ယောက်ကြားထဲမှာ
တော်တော်လေးကြီးမားတဲ့
အကွာအဝေးတစ်ခုရှိ‌နေခဲ့တယ်

ဘယ်သူကမှ “ကောင်းသောညပါ”
ဒါမှမဟုတ် “အိမ်မက်လှလှမက်ပါစေ”လို့မပြောဘူး

အဲ့လိုမျိုးပြောရမဲ့အကြောင်းကဘာလဲ?

ဒီည သူတို့ကြားမှာတစ်ခုခုဖြစ်ခဲ့ရင်ရော
ဘာများ ပိုပြီးကောင်းသွားမှာမို့လို့လဲ?

နိုးလာတာနဲ့ သူတို့နှစ်ယောက်ကွာရှင်းကြမယ်ဆိုတာကို
သိနေခဲ့ပြီးမှတော့သူရဲ့အိမ်မက်တွေကဘယ်လိုလို့ချိုမြိန်‌‌နိုင်အုံးမှာလဲ

နှစ်ယောက်စလုံးတစ်ယောက်ကို တစ်ယောက်အချင်းချင်းကျောပေးထားပြီး ကုတင်‌ပေါ်မှာလှဲနေတယ်

တစ်ယောက်ကတော့ တော်တော်လေး
နောက်ကျမှ အိပ်ပျော်သွားခဲ့ပေမဲ့

ကျန်တဲ့‌ နောက်တစ်ယောက်ကတော့
လုံးဝ အိပ်လို့မရနိုင်ခဲ့ဘူး

အချိန်‌တွေကတဖြည်းဖြည်းနဲ့ ကုန်သွားပြီးတော့မိုးလင်းလာတယ်

အခုဆို အပြင်မှာ မနက်ခြောက်နာရီတောင်ရှိနေပြီ။

ရိပေါ်ကတော့ သေချာပေါက်
မနက် ကိုးနာရီဝန်းကျင်လောက်မှ နိုးလိမ့်မယ်

ရှောင်းကျန့်ကတော့ အိပ်မပျော်တာကြောင့် အိပ်ယာပေါ်ကနေခပ်သွက်သွက်ခြေလှမ်းတွေနဲ့ အတူ ထလိုက်တယ်

သူရဲ့အမျိုးသားကတော့ အခုထိ အိပ်ပျော်နေတုန်းပဲဆိုတာကိုပါ တွေ့လိုက်ရတယ်

နောက်ထပ် နာရီပိုင်းလေးအတွင်းမှာပဲ
ရိပေါ်ကို သူရဲ့အမျိုးသားဆိုပြီး
ခေါ်လို့ရ‌နိုင်‌တော့မှာမဟုတ်ဘူး...

သူတို့နှစ်ယောက်လုံးအတူတူသုံးတဲ့
ရေချိုးခန်းထဲကိုဝင်လာပြီး
ဘေစင်ရှေ့မှာ ခဏရပ်လိုက်တယ်

သူ့မျက်နှာကို စက္ကန့်အနည်းငယ်လောက် ပြန်စိုက်ကြည့်‌လိုက်တယ်

သူရဲ့အသားအရောင် အခြေအနေကတော်တော်လေးမကောင်းဘူး။
သူရဲ့ ဘဝကြီးကလည်း
တဖြည်းဖြည်းပျက်စီးယိုယွင်းနေပြီဆိုတာကို
သူသတိထားမိသွားတယ်

သူ့မျက်လုံးအောက်က ညိုမည်းနေတဲ့
မျက်ကွင်းတွေကသူကိုပိုပြီးကြည့်ရဆိုးစေတယ်

ပြီး‌တော့ သူ တစ်ညလုံးအိပ်မပျော်ခဲ့ဘူး

အခုချိန်မှာ သူတော်တော်လေး အားနည်းပြီးနေမကောင်းဖြစ်‌နေတယ်လို့ ခံစားနေရတယ်

သူ ခဏ ခဏ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်
ရှုထုတ်လိုက်နဲ့ လုပ်နေတယ်

“မင်းလုပ်နိုင်ပါတယ် ကျန့်ရာ
နောက်ထပ် နာရီပိုင်းလေးပါပဲ”

မှန်ပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့
သူရဲ့ ပုံရိပ်ကိုကြည့်ပြီးသူကိုယ်သူ
ပြန်ပြောလိုက်တယ်

ဟုတ်တယ် နောက်ထပ်နာရီပိုင်း
နည်းနည်းလေးပါပဲ ပြီးရင်
ငါထွက်သွားတော့မယ်...

ရှောင်းကျန့် မျက်နှာသစ်လိုက်ပြီးတော့
မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်တယ်

နောက်ပြီး သူအဝတ်အစားလဲလိုက်တယ်
ဒီနေ့အတွက် သူအကုန်လုံးအဆင်သင့်ဖြစ်နေမှရမယ်...

သူ မနက်စာလုပ်ဖို့
မီးဖိုချောင်ထဲကို သွားလိုက်တယ်

သူ ဟင်းချက်နေတုန်းမှာပဲ
ခြံတံခါး‌ဝကနေ သူကို တစ်စုံတစ်ယောက်က
ခေါ်နေတဲ့အသံကိုကြားလိုက်တယ်

“အာ? အစောကြီးပဲရှိသေးတာကို
စာပို့သမားက အခုထဲကရောက်နေပြီလား”

သူကိုယ်သူ တိုးတိုးလေးပြန်ပြောပြီး
မီးဖိုရဲ့ မီးအရှိန်ကို လျှော့ချပြီး
ယောင်းမကိုဘေးဘက်မှာချထားလိုက်တယ်

ရှောင်းကျန့် အိမ်တံခါးရှေ့ကိုသွားပြီး
ဖွင့်လိုက်တယ်

အဲ့မှာ, သူ ခြံတံခါးပေါက်ဝမှာ
အရမ်းလှတဲ့ အမျိုးသမီးတစ်ဦးကို
တွေ့လိုက်ရတယ်

သူမက အိမ်ထဲကနေ တစ်ယောက်ယောက်
ထွက်လာတာကို တွေ့လိုက်တော့
ချက်ချင်းပဲပြုံးပြပြီး
သူမရဲ့လက်တွေကို သူရှေ့မှာ
‌ဝှေ့ယမ်းပြလိုက်တယ်

ရှောင်းကျန့် စိတ်ထဲမှာ တော်တော်လေး
ရှုပ်ထွေးသွားပြီးတော့ တွေး‌လိုက်မိတယ်

ငါ ဒီလူကိုမသိဘူး။ သူမကဘယ်သူလဲ?

အဲ့အချိန်မှာပဲ သူ့စိတ်ထဲမှာ
တစ်စုံတစ်ခုကို ပြန်သတိရသွားတယ်

“မနက်ဖြန်ကြရင် ဒီကို လူတစ်ယောက်
လာလိမ့်မယ်”

အိုး..ဒါဆို အဲ့လူက သူမပဲ

ရှောင်းကျန့် အချိန်ထပ်မဖြုန်းတော့ဘဲ
အပြင်ကို မြန်မြန်လေးထွက်ပြီး
ခြံတံခါးကိုသွားဖွင့်‌ပေးလိုက်တယ်

“အာ... ကောင်းသော မနက်ခင်းပါ”
ရှောင်းကျန့် အောင့်သက်သက်နဲ့ပဲ
နှုတ်ဆက်လိုက်တယ်

အဲ့အမျိုးသမီးကတော့ သူကိုတွေ့လိုက်ရလို့ အံဩသွားတယ်

သူမက ခဏလောက်ရပ်တန့်သွားပြီးတော့
ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးကို အပေါ်အောက် ကြည့်နေတယ်

“ကျွန်မရဲ့ ရိပေါ်ကဘယ်မှာလဲ?”

သူမကမေးလိုက်တယ်

သူမရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်ခြေတစ်လှမ်းလောက် နောက်ဆုတ်သွားမိတယ်

သူ့နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန်
ဆွဲလိမ်ခံလိုက်ရသလိုပဲ

ရှောင်းကျန့် သူမကိုပြုံးပြီး
ပြန်ပြောလိုက်တယ်

“အို..သူကအခုထိအိပ်နေတုန်းပဲ
အိမ်ထဲကို ဝင်ပါ..ငါသူကိုမင်းအတွက်
သွားနှိုးပေးမယ်”

သူက ခြံတံခါးကိုဖွင့်ပေးလိုက်တော့
အဲ့အမျိုးသမီးကသူကိုပြုံးပြတယ်

သူမကချက်ချင်းပဲ အထဲကိုဝင်သွားပြီးတော့

“အိုက်ယားး ချစ်စရာကောင်းလိုက်တဲ့
အိမ်လေးပဲ”

ရှောင်းကျန့်ထက်အရင်ရှေ့ကနေ
လမ်းလျှောက်သွားပြီးတော့
ပြောလိုက်တယ်

သူကတော့ ဒီတိုင်း တိတ်တိတ်လေးပဲ
ငြိမ်သက်နေခဲ့တယ်

သူတို့ အိမ်တံခါးရှေ့ကိုရောက်တော့
ရှောင်းကျန့်ကသူမကိုဧည့်ခန်းထဲ
ခေါ်သွားတယ်

“ငါ ခုနကဟင်းချက်နေတာတွေကို
လက်စသတ်ပြီးရင် ရိပေါ်ကိုသွားနှိုး‌လိုက်မယ်”

သူကိုယ်သူပြန်ပြီးဆင်ခြေပေးနိုင်ဖို့
အတွက်ယဉ်ယဉ်ကျေးကျေးပဲပြောလိုက်တယ်

အမျိုးသမီးကလည်းပြန်ပြောတယ်

“အာ...ဘာမှမဖြစ်ပါဘူး သူကအခုထိ
အိပ်နေတုန်းဆိုလည်းထားလိုက်ပါ။ အဆင်ပြေပါတယ် သူလည်းအရမ်းပင်ပန်းနေမှာပဲ
ပြီးတော့ ရှင်ဘာချက်နေတာလဲဆိုတာ
ကျွန်မ သိချင်လို့”

သူမ ဆိုဖာခုံပေါ်ကနေမတ်တပ်ထရပ်လိုက်ပြီး ပြုံးရင်းနဲ့ ပြောလိုက်တယ်

ရှောင်းကျန့် ဘာပြန်ပြောရမှန်းမသိဘူး
အဲ့တာကြောင့် ဒီတိုင်းပဲ “ရပါတယ်”ဆိုပြီးတော့ပဲ
ပြန်ပြောလိုက်တယ်

သူမီးဖိုချောင်ထဲကို ဝင်သွားတော့
အဲ့အမျိုးသမီးကလည်းသူ့နောက်ကနေ
လိုက်ဝင်လာခဲ့တယ်

သူမက ထမင်းစားစားပွဲမှာ
ဝင်ထိုင်‌တယ်

အထူးသဖြင့် ရှောင်းကျန့် ထိုင်နေကြသူ့ထိုင်ခုံနေရာမှာ
ထိုင်ရင်းနဲ့ သီချင်းညည်းနေတယ်

ရှောင်းကျန့်ကတော့ သူပုံမှန်ချက်‌နေကြ
ဝက်နံရိုးစွပ်ပြုတ်ကိုပဲဆက်ချက်နေခဲ့တယ်

မိနစ်အနည်းငယ်လောက်ကြာပြီးတဲ့နောက်မှာတော့ သူအဲ့စွပ်ပြုတ်‌တွေကို ပန်းကန်လုံးထဲ ထည့်လိုက်တယ်

“မင်းလည်းဗိုက်ဆာနေမှာပဲ”

ရှောင်းကျန့် ပြောပြီးတော့ အဲ့အမျိုးသမီး
ရှေ့မှာ ထမင်းတစ်ပန်းကန်နဲစွပ်ပြုတ်
တစ်ခွက်ချပေးလိုက်တယ်

“ဝါးး အနံ့လေးကအရမ်းကောင်းတာပဲ
ကျေးဇူးပါ”

သူမကပြောပြီးတော့ သူကိုနောက်တစ်ခါ
ထပ်ပြုံးပြလိုက်တယ်

ရှောင်းကျန့်က သူမရဲ့မျက်နှာချင်းဆိုင်ဘက်မှာထိုင်ပြီး စွပ်ပြုတ်ကို
တိတ်တိတ်လေးသောက်နေခဲ့တယ်

“ဒါကတော်တော်လေးအရသာရှိတာပဲ
ဒီလိုချက်တတ်ဖို့
ရှင် ဘယ်မှာသင်ခဲ့တာလဲ?”

သူမက စိတ်အားထက်သန်စွာနဲ့
မေးလိုက်တယ်

ရှောင်းကျန့် သူမရဲ့‌ မေးခွန်းကြောင့်
နည်းနည်းလေးတုန်လှုပ်သွားတယ်

“အို..ဒီတိုင်းပဲ အတွေ့အကြုံအရပါ”

“ဒါက တော်တော်လေးကောင်းတယ်”

သူမက သူမရဲ့အစားအသောက်တွေကို
ကုန်အောင်စားလိုက်ပြီးတော့
ချီးကျူးတယ်

“အို!ကျွန်မဘယ်လောက်တောင်ရိုင်းလိုက်သလဲလေ ကျွန်မကိုယ်ဘာသာကိုယ်တောင် မမိတ်ဆက်ရသေးဘူး

ကျွန်မက ‘‌ကျောက်’လိယင်းပါ သိပ်မကြာခင်မှာတော့ ‘ဝမ်’ဆိုပြီး‌ပြောင်းရတော့မှာပေါ့”

သူမရဲ့ သွားဖြူဖြူလေးတွေအကုန်လုံးကို
လှစ်ဟပြရင်း အပြုံးလေးနဲ့ပြောပြီး
ရှောင်းကျန့်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့
အတွက် သူမရဲ့လက်တွေကို
ဆန့်ထုတ်လိုက်တယ်

“အာ မင်း ငါကိုကျန့်လို့ပဲခေါ်လို့ရပါတယ်”

သူ နူးနူးညံ့ညံ့‌လေးပြန်ပြောပြီး
သူမနဲ့ညင်ညင်သာသာပဲ
လက်ဆွဲနှုတ်ဆက်လိုက်တယ်

အခု ရှောင်းကျန့် ရင်ထဲမှာ တော်တော်လေးဆိုးဆိုးရွားရွား မွန်းကြပ်နေသလိုမျိုး ခံစားရတယ်

ဘာလို့ ဒီအမျိုးသမီးက သူ့အိမ်ထဲ‌ ရောက်လာတာလဲ?
သူမ ဒီအထိ ရောက်လာဖို့လိုလို့လား?

“အို, ဒီလိုဆို ရှင်က ရှောင်း ကျန့်ပေါ့”

သူမရဲ့လက်တွေကို တင်းတင်းကြပ်ကြပ်
ပြန်ပြီးဆုပ်‌ချေရင်းနဲ့ မကျေနပ်ဖြစ်သွားသလိုမျိုး
ပြောလိုက်တယ်

“အင်း..”

သူလည်း သူရဲ့ ဟန်ဆောင်အပြုံးလေးနဲ့ပဲ
တိုးတိုးလေးပြန်ပြီး ပြောလိုက်တယ်

“ကျွန်မ ဒီမှာရှိ‌နေတာကို
စိတ်မဆိုးဘူးလား? ရှင်လည်း
ဘာတွေဖြစ်နေလဲဆိုတာ
သိလောက်မယ်ထင်တယ်”

သူမရဲ့ ထိုင်ခုံမှာ မှီထိုင်ပြီးပြောလိုက်တယ်

“ဘယ်နား စိတ်ဆိုးစရာရှိလို့လဲ?”

ရှောင်းကျန့် ခြောက်ခြောက်ကပ်ကပ်
ပြောပြီး သူမကို သူရဲ့ဗလာသက်သက်
မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်

“ဒါပေါ့..ဘာစိတ်ဆိုးစရာရှိလို့လဲနော် ဟုတ်တယ်မလား”

သူမက နောက်တစ်ခါ ပြုံးလိုက်တယ်

ရှောင်းကျန့် အခု တော်တော်လေး
မအီမသာဖြစ်‌နေတယ်

သူမရဲ့ ပြုံးနေတဲ့မျက်နှာကိုကြည့်ရင်းနဲ့
တော်တော်လေးနေမကောင်းဖြစ်ချင်လာသလိုမျိုး
ခံစားရတယ်

သူမရဲ့ ရေမွှေးနံ့ကအရမ်းပြင်းတယ်

သူမရဲ့ မျက်နှာပေါ်က ထူထဲပြည့်သိပ်နေတဲ့
မိတ်ကပ်တွေကလည်းသူကို
တော်တော်လေးစိတ်အနှောင့်အယှက်
ဖြစ်စေတယ်

သူမကတော်တော်လေးအဆိပ်အတောက် တွေနဲ့ပြည့်နှက်နေသလိုမျိုးခံစားလိုက်ရတယ်

သူပါးစပ်ကဘာမှမပြောပေမဲ့ သူရဲ့အစာအိမ်ကတော့ နည်းနည်းချင်းစီ စပြီးတော့ တဖြည်းဖြည်းနာကျင်လာပြီ...

“ရှင် သိလား?”

ကျောက်လိယင်းက သူမရဲ့ဇွန်းတွေတူတွေကို စားပွဲပေါ်မှာ ချထားလိုက်ပြီး
လက်တစ်ဖက်နဲ့မေးထောက်ထားတယ်

“ကျွန်မ ရှင့်ကိုအားကျခဲ့ဖူးတယ်”

ရှောင်းကျန့်က သူမရဲ့စကားကြောင့်
အံဩသွားတယ် အားကျတယ်?

“ဘာကြောင့်လဲ?”

“အို..ပြောရရင်ရိပေါ်ကအလုပ်မှာဆို
အရမ်းလုံ့လရှိပြီးတော့ အလုပ်ကြိုးစားတဲ့လူလေ ဒါကြောင့်မို့ ကျွန်မထင်ခဲ့တာက
သူလက်ထပ်ထားတဲ့လူကဘယ်လောက်တောင်
ကံကောင်းတဲ့လူလဲပေါ့
ရိပေါ်ကရှင်သူ့အတွက်ချက်ပေးတဲ့အစားအသောက်တွေကဘယ်လောက်တောင်မှအရသာရှိလဲဆိုတာအမြဲကြွားနေကြပဲ”

သူမကရှင်းပြရင်းနဲ့ ဘာကြောင့်မှန်းမသိ
စကားလုံးတွေကို ဖြည်းဖြည်းချင်း
ဆွဲထုတ်နေသလိုပဲ

သူ‌မ ပြောတာကို နားထောင်နေရတာ
အပ်တွေနဲ့ ထိုးစွခံနေရသလိုပဲ

ရှောင်းကျန့်ဒီတိုင်းဘာမှပြန်မပြောဘဲ တိတ်တိတ်လေး ငြိမ်နေခဲ့တယ်

သူမက ဆက်ပြောတယ်

“အဲ့တော့ ကျွန်မက ရှင်ကိုတကယ်
အရမ်းထူးခြားပြီး လုပ်နိုင်စွမ်းတွေ
အများကြီးရှိတဲ့လူတစ်ယောက်,
ဝမ်ရိပေါ်လိုမျိုးဘယ်သူကိုမှမမှီခိုဘဲ
အလုပ်ကြိုးစားတဲ့လူတစ်ယောက်
ဖြစ်မယ်လို့ထင်ခဲ့တယ်”

ရှောင်းကျန့်နည်းနည်းလောက်ခေါင်းငုံ့လိုက်ပြီး
စားပွဲအောက်ကလက်တွေကို
လက်သီးဆုပ်လိုက်မိတယ်

သူရဲ့ရှေ့က ဘာမှမကျန်တော့တဲ့
ပန်းကန်လုံးကို
ဒီအတိုင်းစိုက်ကြည့်နေခဲ့တယ်

“ဒါပေမဲ့ အခုတော့ ရှင်ကဒီတိုင်း
ဘာအလုပ်မှ မယ်မယ်ရရမရှိတဲ့
အိမ်ရှင်ထီးတစ်ယောက်သက်သက်ပဲ
ဆိုတာ ကျွန်မသိလိုက်ရတယ်

ကျွန်မ ရိပေါ်အတွက်စိတ်မကောင်းဘူး
သူကတော့ရှိသမျှအလုပ်တွေအကုန်လုံးကိုလုပ်နေခဲ့ရပြီးရှင်ကတော့အိမ်မှာအေးဆေးဇိမ်နဲ့နေပြီး
သက်သောင့်သက်သာအနားယူနေခဲ့တာပဲ”

ရှောင်းကျန့် သူရဲ့အောက်နှုတ်ခမ်းကို
ခပ်ပြင်းပြင်း ကိုက်လိုက်မိတာကြောင့်
စတင် သွေးထွက်လာခဲ့တယ်..

ရှောင်းကျန့် ခြောက်ကပ်ကပ်နဲ့
ရီမောလိုက်ရင်းနဲ့

“မင်းပြောတာမှန်ပါတယ်”

ရှောင်းကျန့်ဆီကနေ ဒီလို တုံ့ပြန်မှုမျိုးကိုကြားလိုက်ရလို့ ကျောက်လိယင်းလည်းတကယ်ပဲ
အံဩသွားခဲ့တယ်

နောက်ပြီးတော့ သူမပြုံးရင်းနဲ့

“ရိပေါ်အတွက် ထပ်ပြီးစိတ်မပူနဲ့တော့
ကျွန်မ သူကိုကောင်းကောင်း
ဂရုစိုက်‌ပေးမှာပါ ပြီးတော့ကျွန်မသူကို
ဒီထက်ပိုပြီးအများကြီးပျော်ရွှင်အောင်ထားမယ်”

ရှောင်းကျန့် သူမရဲ့စကားတွေကို ဘယ်လိုမှ မခံစားနိုင်တော့ဘူး

ရှောင်းကျန့် သူ့ထိုင်ခုံပေါ်ကနေ
မတ်တပ်ထရပ်လိုက်ပြီး
မျက်ရည်‌ကျခါနီးအချိန်မှာ မျက်နှာကို တခြားတစ်ဖက်လှည့်လိုက်တယ်

သူရဲ့ ရင်ဘတ်တွေအရမ်းနာကျင်နေပြီး သူရဲ့ အဆုတ်တစ်ခုလုံးကလည်းမီးလောင်ကျွမ်းနေသလိုပဲ

သူရဲ့ လည်ချောင်းကလည်း
တဖြည်းဖြည်းနာကျင်လာပြီးတော့ ပေါက်သွားတဲ့သူ့အောက်နှုတ်ခမ်းကနေ
သွေးတွေစိမ့်ထွက်လာတယ်

သူရဲ့လက်သည်းတွေက လက်ဖဝါးထဲမှာ
စိုက်ဝင်နေခဲ့တာမို့ သူ့လက်ဖဝါးကတဖြည်းဖြည်းနဲ့
အနီ‌ရောင်ပြောင်းလာပြီးအဲ့နားမှာ နီရဲနက်ရှိုင်းတဲ့အမှတ်အသားတွေကျန်နေခဲ့တယ်

သူရဲ့အနာကျက်ထားတာသိပ်မကြာ‌သေးတဲ့
အပူလောင်ခဲ့ဖူးတဲ့လက်က
သူရဲ့အရေပြားတွေကအခုထိ
အထိမခံနိုင်ဖြစ်နေတုန်းပဲ

အခုချိန်မှာတော့ သူ့လက်ကြားထဲကနေ
သွေးတချို့ထွက်လာတယ်

ရှောင်းကျန့် သူရဲ့လက်ကိုသူ့‌ ကျောအ‌နောက်မှာ
မြန်မြန်ဖွက်ပြီး ပြောလိုက်တယ်

“ကျေးဇူးပြုပြီး ကမ္ဘာပေါ်မှာ
သူကို အပျော်ရွှင်ရဆုံးလူဖြစ်အောင်
မင်းကပဲလုပ်ပေးပါ”

သူလှည့်ကြည့်လိုက်တဲ့အချိန်မှာ
သူမရဲ့ နာကျင်ပြီးစိတ်မကောင်းဖြစ်နေတဲ့, နောင်တရနေတဲ့မျက်နှာပေါ်က မျက်လုံးတွေကို
မြင်လိုက်ရတယ်

“မင်း ငါကို ခွင့်ပြုပါအုံး
ငါ ‌ရေချိုးခန်းထဲ သွားဖို့လိုနေပြီ”

သူ နာကျင်မှုတွေကြောင့် အံကြိတ်ပြီး
အဲ့စကားတွေကို ပြောလိုက်တယ်

သူမီးဖိုချောင်ထဲကနေ အမြန်ဆုံး
ထွက်လာခဲ့ပြီး မီးဖိုချောင်နဲ့အနီးဆုံး ရေချိုးခန်းထဲကို ဘာမှမကြည့်တော့ဘဲ
အလျင်အမြန်ဝင်သွားလိုက်တယ်။

အဲ့မှာ သူအခုချိန် လုံးဝ မမြင်ချင်ဆုံးလူနဲ့ဝင်တိုက်မိသွားတယ်

အဲ့လူကဘယ်သူလဲဆိုတာသိနေခဲ့တာမို့
သူ ပြန်ကြည့်မနေတော့ဘူး

“ဆောရီး..”

သူတိုးတိုးလေး ပြောပြီး
ရေချိုးခန်းထဲကိုဝင်ခါနီးမှာ
လက်တစ်ဖက်က သူ့လက်မောင်းကို
ဆုပ်ကိုင်လိုက်တယ်

“ကျန့် မင်းအဆင်ပြေရဲ့လား?”

ကျေးဇူးပြုပြီးအဲ့လိုမျိုးမေးခွန်းတွေကို
မမေးစမ်းပါနဲ့

“ငါအဆင်ပြေတယ် မင်းရဲ့ဧည့်သည်ကို
သွားဧည့်ခံလိုက်ပါအုံး ငါ ရေချိုးခန်းထဲ
ခဏလောက်ဝင်လိုက်အုံးမယ်”

သူပြောပြီးတစ်ဖက်ကပြန်ပြောတာကိုတောင်
မစောင့်တော့ဘဲ
သူရဲ့လက်မောင်းတွေကို
ရိပေါ်ရဲ့ ဆုပ်ကိုင်ထားတဲ့ကြားကနေ
ရုန်းထွက်လိုက်တယ်

သူတံခါးကို ပိတ်လိုက်တယ်

ရှောင်းကျန့် ဘေစင်ပေါ်မှာ မှီထားရင်းနဲ့
သူ မောဟိုက်နေခဲ့တယ်

ရေချိုးခန်းထဲက နံရံကပ်ဗီဒိုထဲမှာ
သူဖွက်ထားတဲ့အရာကို
အစီအစဥ်မကျဝုန်းရုန်းသုန်းကား
လိုက်ရှာနေတယ်

သူ ဆေးဘူးအသေးလေးကိုယူပြီး
ဆေးလုံးတွေကိုလက်ဖဝါးပေါ်‌တောင်
မတင်တော့ဘဲသူ့ပါးစပ်ထဲတန်းပြီးတော့
လောင်းချလိုက်တယ်

သူချောင်းဆိုးပြီးနည်းနည်းလေးသီးသွားတာကြောင့် အသက်ကိုမနည်းခက်ခက်ခဲခဲရှုလိုက်ရတယ်

“နောက်ထပ်နာရီပိုင်းပါပဲ..”

သူကိုယ်သူ တိုးတိုးလေး ပြန်ရေရွတ်လိုက်ပြီးတော့ နောက်တစ်ကြိမ်မျက်နှာကို
ထပ်သစ်လိုက်တယ်

အံဆွဲထဲကဂွမ်းစတချို့ကိုယူပြီး
သူရဲ့ ပေါက်သွားတဲ့ နှုတ်ခမ်းနဲ့
သွေးထွက်နေတဲ့လက်‌ကို
ဆေးထည့်လိုက်တယ်။

ရှောင်းကျန့် ရေချိုးခန်းထဲက‌ထွက်လာချိန်မှာ ထမင်းစားခန်းထဲမှာ လူနှစ်ယောက်
စကားပြောနေကြတယ်

ရှောင်းကျန့်ကတော့ ရောက်နေပြီဆိုတာ သူကိုယ်သူ အခုထိ ထုတ်မပြရသေးဘူး

“ကွာရှင်းစာချုပ်တွေက ဘယ်မှာလဲ?”

ကျိုးလိယင်းက စိတ်မရှည်တဲ့အသံနဲ့
ပြော‌နေတယ်

“ငါ အဲ့တာတွေကိုအခန်းထဲက
အံဆွဲထဲမှာထားခဲ့တယ်”

ရိပေါ်ကခြောက်ကပ်ကပ်နဲ့ပြန်ပြောလိုက်တယ်

ရှောင်းကျန့် တစ်ကိုယ်လုံး ဆွဲစုပ်ခံလိုက်ရသလိုမျိုး တော်တော်လေးခံစားလိုက်ရတယ်

“ဘေဘီ, မဆီမှာ လာမဲ့ ၁၂နာရီကြရင်
အစည်းအဝေးသွားဖို့ရှိတယ်
ကွာရှင်းစာချုပ်တွေကို
မကြာခင် မတို့ရဲ့ရှေ့နေဆီပို့ဖို့လိုသေးတယ်လေ”

သူမက သူတို့ကိုတော်တော်လေး
မြန်မြန်‌ပြီးဆုံးစေချင်နေတာပဲ

ရှောင်းကျန့် အဲ့လိုမျိုးတွေးရင်းနဲ့
လှေကားပေါ်ကိုတက်သွားလိုက်တယ်

ရိပေါ်နဲ့ ကျိုးလိယင်း စကားပြောနေတာကို
သူ ထပ်ပြီး နားထောင်မနေတော့ဘူး

သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲကို
ဝင်သွားတော့king-sizeမွေ့ယာကြီးဘေးမှာLuggageအကြီးကြီးကိုတွေ့လိုက်ရတယ်

သူ ခါးသက်သက် ရယ်မောပြီးတော့
အံဆွဲနားကိုသွားတယ်

သူ အဲ့တာကို ဖြည်းဖြည်းချင်းဖွင့်ပြီး
ကွာရှင်းစာရွက်တွေကို တွေ့လိုက်တယ်
အဲ့တာက ဖိုင်တစ်ခုလုံးပဲ

ရှောင်းကျန့် သူမျက်ရည်တွေ
စီးကျလာမှာကို တားလိုက်တယ်

ငို‌နေတာက အကျိုးမရှိဘူး

သူမြစ်ချောင်းလောက်ငိုနေခဲ့ရင်တောင်မှ
ဘယ်အရာကိုမှ ပြောင်းလဲပေးနိုင်မှာ
မဟုတ်ဘူး

သူ အဲ့ဖိုင်ကိုဆွဲထုတ်ပြီး ဘေးပတ်ပတ်လည်ကို
လှည့်ကြည့်လိုက်တဲ့အချိန်
တံခါးဝနားမှာရပ်နေတဲ့ ဝမ်ရိပေါ်ကို
တွေ့လိုက်တယ်

“ငါအခုပဲ လက်မှတ်ထိုးပေးတော့မလို့ပါပဲ” လို့ သူပြောလိုက်တယ်

ရှောင်းကျန့် တစ်ဖက်ကပြန်ပြောလာတာတွေအတွက် စောင့်မနေတော့ဘဲ
သူ့နားကစားပွဲခုံကိုသွားလိုက်တယ်

သူထိုင်ချလိုက်ပြီးတော့ ပထမဆုံး
စာမျက်နှာမှာ လက်မှတ်ထိုးခါနီးမှာ
ရိပေါ်က ပြောလာခဲ့တယ်

“မင်းငါတို့ကို မတားတော့ဘူးလား?”

ရှောင်းကျန့် သူရဲ့ညာဘက်လက်ထဲက
ဘောပင်ကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်တယ်

“ငါက ဘာ‌လို့တားရမှာလဲ?”

သူ ခပ်တိုးတိုးပဲပြောပြီး ရိပေါ်ရဲ့
မျက်လုံးတွေကို မကြည့်ခဲ့ဘူး

ရိပေါ်ကတော့ တိတ်ဆိတ်နေပြီး
ဘာမှ ထပ်မပြောလာခဲ့ဘူး

သူ့ရင်ဘတ်ထဲမှာ ရုတ်တရက်
စူးရှနာကျင်သွားပေမဲ့ အဲ့တာကို
မသိချင်ယောင်ဆောင်ခဲ့တယ်

“မင်းပြောတာမှန်တယ် မင်းကဘာလို့
ငါတို့ကို တားရမှာလဲ..?”

ရိပေါ်ကနည်းနည်းပဲကြားနိုင်လောက်တဲ့အသံနဲ့ပြောလိုက်တယ်

ရှောင်းကျန့်ကတော့ အဝေးကိုကြည့်ရင်း
ဘာမှထပ်ပြီး မပြောလာခဲ့ဘူး

ရှောင်းကျန့် အဲ့နေရာမှာ
တော်တော်ကြာကြာထိုင်နေခဲ့ပြီးတော့
ဒီတိုင်းသူကိုယ်သူ ပြန်ပြောနေခဲ့တယ်

သူဆီမှာ သူ့အချစ်ဆုံးလူရဲ့မျိုးရိုးနာမည်
ရှိတော့မှာ မဟုတ်ဘူး

တစ်လျှောက်လုံး သူကိုယ်သူ
ဝမ်ကျန့်လို့ခေါ်တာကိုရပ်ပစ်ခဲ့တယ်

သူရဲ့ နှလုံးသားကခုန်ပေါက်ဖို့ကိုတောင်
မနည်းရုန်းကန်နေရတယ်ဆိုတဲ့အချက်က
သူကိုနာကျင်စေတယ်

သူတို့ရဲ့ ရန်ဖြစ်စကားများတာတွေ
ပိုဆိုးလာတဲ့အချိန်တည်းက
သူရဲ့မသိစိတ်ထဲမှာကြောက်စရာကောင်းတဲ့အတွေးတွေရှိနေခဲ့တယ်

သူရဲ့စိတ်ထဲက အကြီးမားဆုံး
စိုးရိမ်မှုတွေ စိတ်မလုံခြုံမှုတွေက
“အကယ်၍များ” ဆိုတာတွေ,သံသယတွေနဲ့ ပြည့်နှက်နေခဲ့တယ်

သူ အဲ့လိုမျိုး‌တွေဘယ်တော့မှ
မစဉ်းစားချင်ခဲ့ဘူး

ဒါပေမဲ့ သူကိုယ်သူလည်းအဲ့လို
အတွေး‌တွေ မတွေးဘဲနေဖို့ကို
မရပ်တန့်နိုင်ခဲ့ဘူး

သူတို့နှစ်ယောက်အတူတူနေရင်း
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးသွားခဲ့ပေမဲ့

နေ့ရက်တွေက တဖြည်းဖြည်းနဲ့
ပိုပြီး အုံ့မှိုင်းလာပြီး
ဘာမှမရှိသလိုမျိုးဗလာဆန်လာတယ်

ရှောင်းကျန့် ဒါကို သတိပြုမိခဲ့တာပေါ့
အရမ်းကိုသတိပြုခဲ့မိတာပေါ့...

သူ ရိပေါ်ရဲ့‌ ခြေလှမ်းတွေနဲ့အဆင်ပြေအောင်ညှိဖို့ကြိုးစားခဲ့ပါတယ်

ဒီအတိုင်း သူ့နှလုံးသားတစ်ခုလုံးနဲ့
ချစ်ရတဲ့လူနဲ့သူအတူတူရှိနေရဖို့အတွက်ပေါ့

သူ တကယ့်အစစ်အမှန်တရားတွေကို
ရင်မဆိုင်ချင်ခဲ့ဘူး ဘာကြောင့်လဲဆိုရင်

သူသိတယ် သူသာရင်ဆိုင်ခဲ့ရင်
အရာအားလုံးက မြန်မြန်ဆန်ဆန်
အဆုံးသတ်သွားလိမ့်မယ်

အဲ့အချိန်‌ တွေထဲကစပြီးတော့
သူကိုယ်သူ ‘ရှောင်းကျန့်’လို့ပဲ
ဆက်တိုက်ပြန်ခေါ်နေခဲ့တယ်

သူရဲ့ အဆိုးဝါးဆုံး အိမ်မက်ဆိုးတွေက
တကယ်တမ်းဖြစ်လာခဲ့ရင်
နာကျင်ရတာ ပိုလျော့သွားအောင်လို့ပေါ့

သူနဲ့ သူရယ်အမြင်အာရုံတွေ တဖြည်းဖြည်း မဝေဝါးလာခင်အထိ
ရှောင်းကျန့် စာရွက်တွေကိုစိုက်ကြည့်နေခဲ့တယ်

“ခဏလေးပါပဲ..”

အသက်ကိုခပ်ပြင်းပြင်းရှုသွင်း,ရှုထုတ် လုပ်ပြီး သူကိုယ်သူပြန်ပြောလိုက်တယ်

သူကွာရှင်းစာချုပ်မှာ တုန်တုန်ယင်ယင်နဲ့ပဲ
လက်မှတ်စထိုးလိုက်တယ်

ဝမ်ရိပေါ်ကတော့ အရူးတစ်ယောက်လိုမျိုး
တံခါးပေါက်မှာ မတ်တပ်ရပ်နေရင်း
စာရွက်တွေကိုတစ်ရွက်ပြီးတစ်ရွက်
တိတ်တဆိတ် လက်မှတ်ထိုးနေတဲ့
ကျန့်ကို ကြည့်နေတယ်

သူ့ရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်ကြီးကို
ခံစားနေရပေမဲ့ သူမဖော်ပြနိုင်ဘူး

မိနစ်အနည်းငယ်လောက်ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ရှောင်းကျန့်ကသူ့ထိုင်ခုံပေါ်ကနေ မတ်တပ်ထရပ်လိုက်ပြီးတော့
စာရွက်တွေကို သပ်သပ်ရပ်ရပ်
ပြန်စီပြီး ဖိုင်ထဲကိုပြန်ထည့်တယ်

ရှောင်းကျန့် ဝမ်ရိပေါ်ဆီကို တည့်တည့်လျှောက်သွားပြီးတော့ဖိုင်ကိုဝမ်ရိပေါ်ဆီ
လှမ်းပေးလိုက်တယ်

အခုတော့
သူ ရှောင်းကျန့်ကိုအနီးကပ်မြင်ခဲ့ရပြီ

ရှောင်းကျန့်ရဲ့‌ ‌ ‌‌ပေါက်ပြဲနေတဲ့
နှုတ်ခမ်းရယ် လက်မှာ ဆေးပလာစတာတွေကပ်ထားတာကို မြင်သွားတယ်

သူ ဘာဖြစ်လို့လဲဆိုပြီးမေးချင်ခဲ့ပေမဲ့
ဒါကသူ့ကိစ္စမဟုတ်တော့ဘူးလို့တွေးမိသွားတယ်

“ငါ မင်းတို့နှစ်ယောက်လုံးကို
အကောင်းဆုံး‌တွေပဲဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်...သူမကမင်းကို
ပိုပြီးပျော်ရွှင်ရအောင်လုပ်ပေးလိမ့်မယ်”

ရှောင်းကျန့်ကတိုးတိုးလေးပြောတယ်

ဝမ်ရိပေါ် ဘာမှပြန်မပြောနိုင်ခင်မှာပဲ
အဲ့လူက ထွက်သွားခဲ့ပြီ...

အဲ့လူက သူရဲ့အမျိုးသားမဟုတ်တော့ဘူး
သူရဲ့ကျောင်းကချစ်သူကောင်လေးလည်းမဟုတ်တော့ဘူး

တံခါး‌ပေါက်ကနေ ထွက်သွားခဲ့တဲ့
အဲ့လူက သူရဲ့ အခင်ဆုံးသူငယ်ချင်းတောင်မှ မဟုတ်တော့ဘူး

သူနဲ့ ဒီတိုင်းသိဖို့ အကြောင်းဖန်လာတဲ့
သူစိမ်းတစ်‌ယောက်သက်သက်ပဲ

. . .

ရှောင်းကျန့် သူ့ရှေ့ကလူနှစ်ယောက်ကို
မျက်နှာချင်းဆိုင်ရင်း ခြံတံခါးဝမှာ
မတ်တပ်ရပ်နေခဲ့တယ်

“ရှင်ရဲ့ ဧည့်ခံမှုအတွက်
ကျေးဇူးတင်ပါတယ် ရှောင်းကျန့်”

ကျောက်လိယင်းက သူမရဲ့ဖြူဖွေးတဲ့
သွားတွေကိုလှစ်ဟပြရင်း
ပြုံးပြီး ပြောတယ်

“ဒါပေါ့..”

သူလည်းအပြုံးလေးနဲ့တုံ့ပြန်ပြီးတော့ ခေါင်းငုံ့နှုတ်ဆက်ရင်း ပြန်ပြောလိုက်တယ်

ကျောက်လိယင်းက သူမရဲ့ကားအနီလေးထဲဝင်သွားပြီးတော့ သူမနဲ့ရိ‌ပေါ်တို့နှစ်ယောက်ရဲ့
တချို့ပစ္စည်းတွေကို နေရာချနေတယ်

ဝမ်ရိပေါ်ကတော့ အဲ့အပြင်နားမှာ
အချိန်တစ်ခုလောက်ထိ
မတ်တပ်ရပ်နေခဲ့တုန်းပဲ

သူတို့နှစ်ယောက်ကြားထဲမှာ
တိတ်ဆိတ်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်

“ငါ ဒါတွေကိုခန့်မှန်းပြီးသားပါပဲ”

ရှောင်းကျန့်က တိတ်ဆိတ်ငြိမ်သက်နေတဲ့
လေထုကို ဖြိုခွဲလိုက်တယ်

ရိပေါ်က သူရဲ့ အနက်ရောင်မျက်ဝန်းတွေကိုသေချာစိုက်ကြည့်နေတယ်

“အင်း...”

သူဖွဖွလေးပြန်‌ဖြေပြီးသူ့ရင်ဘတ်ထဲမှာ တစ်စုံတစ်ခုဟာတုန်လှုပ်နေသလိုမျိုး
ခံစားနေရတယ်

“ရိပေါ်! ဘေဘီ ဘာတွေအဲ့လောက်
ကြာနေတာလဲ?”

ကျောက်လိယင်းက သူ့ကားရဲ့ပြတင်းပေါက်ကို ဆွဲချရင်းနဲ့ပြောလိုက်တယ်

“နှုတ်ဆက်ပါတယ် ဝမ်ရိပေါ်..”

ရှောင်းကျန့်သူ့လက်ဆစ်တွေတဖြည်းဖြည်း ဖြူလာတဲ့အထိသံဗန်းတံခါးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းနဲ့ ပြောလိုက်တယ်

ရိပေါ်ကို လှလှပပလေးပြုံးပြရင်းနဲ့
လွှတ်ပေးလိုက်ဖို့ ကြိုးစားခဲ့ပေမဲ့
သူ့နှုတ်ခမ်းတွေကစတင်တုန်လှုပ်လာပြီး
နှုတ်‌ခမ်းထောင့်စွန်းတွေကလည်း
တုန်ခါနေခဲ့တယ်

တကယ်တမ်းကျ သူလုံးဝမပြုံးပြချင်ခဲ့ဘူး
သူ တအားငိုချင်နေခဲ့တာဖြစ်တယ်

သူ့ခံစားချက်တွေကို မြုပ်နှံထားခဲ့ရတာ
တော်တော်ကြာနေခဲ့ပြီ...

ကျေးဇူးပြုပြီး သွားလိုက်ပါတော့

သူဒီနာကျင်မှုတွေကိုဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့ဘူးလို့ထင်တယ်

ရိပေါ်ရဲ့မျက်လုံး‌ထဲက နာကျင်နေတဲ့ပုံရိ‌ပ်လေးကို ရှောင်းကျန့် ဖြတ်ခနဲလှမ်းမြင်ခဲ့ရတယ်

သူပဲစိတ်ကူးယဉ်ပြီးလျှောက်မြင်နေမိတာလားတော့ မသိပေမဲ့အဲ့လိုမြင်လိုက်ရတာကသူ့နှလုံးသားတွေကိုပိုပြီးကွဲကြေစေတယ်

“နှုတ်ဆက်ပါတယ် ရှောင်းကျန့်...”

[T/N; ငိုချင်လိုက်တာနော်( T_T)
ဖတ်ရအဆင်မပြေဖြစ်သွားရင် အမှားပါသွားရင်ဆောရီးပါ…

ဖတ်ပြီး ခံစားရတာလေးရေးပေးခဲ့ပါအုံး
ကိုယ်ကတော့ကိုကို့ကိုအရမ်းသနားတယ်( T_T)

Don’t forget to vote… there’s only two more chapters left꒰⑅ᵕ༚ᵕ꒱˖♡

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now