Epilogue

7.8K 633 79
                                    

//Scroll Down for Zawgyi//

[UNICODE]

Warning ⚠️ Semi-graphic description of wound.Also,minor topic about drug use.

လူတွေပြောကြတာရှိတယ်လေ,

လူတစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးမှာဖြတ်သန်းခဲ့ရတဲ့မှတ်ဉာဏ်တွေအကုန်လုံးကို အဲ့လူမသေခင်အချိန်မှာ ဦးနှောက်ကနေခုနစ်စက္ကန့်လောက်
တဖြတ်ပြန်‌ပေါ်လာတတ်တယ်ဆိုတာ…

လူတစ်ယောက်ရဲ့ဘဝမှာ
ကြုံတွေ့ခဲ့ရသမျှဝမ်းနည်းစရာကောင်းတဲ့အခိုက်အတန့်တွေ ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေ
အကုန်လုံး,ပြီးတော့
ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေ
အကုန်လုံးကရုပ်ရှင်ကားတစ်ခုလိုပဲ
ပြန်ပေါ်လာလိမ့်မယ်..

ဒါဟာ စာအုပ်ထဲကထွက်လာတယ်လို့
အပြောခံထားရတဲ့ ပုံပြင်တစ်ပုဒ်လိုပါပဲ

ဒါပေမဲ့ သူအလှည့်ကြတော့ကွဲပြားနေခဲ့တယ်

အဖြစ်အပျက်တွေကသူ့ဦးနှောက်ထဲမှာ
ပြန်ပေါ်လာတဲ့အခါ သူ ဝမ်းနည်းမှုဆိုတဲ့အရာကို အပိုင်းသေးသေးလေးတစ်ခုအနေနဲ့တောင်ပြန်မြင်ရတာမျိုးမရှိခဲ့ဘူး

အဲ့အစား ပြီးပြည့်စုံတဲ့ဘဝလေးမှာ ပြုံးပြီးရယ်‌မောနေတဲ့ကမ္ဘာပေါ်မှာအလှဆုံး လူတစ်ယောက်ကိုသူမြင်ခဲ့တယ်

မျက်လုံးတွေကိုမှေးပြီးကြည့်လိုက်တာကြောင့် သူ့မျက်လုံးတွေက
လခြမ်းကွေးလေးလိုမျိုးဖြစ်သွားတယ်

သူမျက်နှာပေါ်မှာ ပေါ်နေတဲ့ပျော်ရွှင်မှုကို
သူမဖွက်ထားနိုင်ခဲ့ဘူး

သူကအဲ့လူရဲ့ဘေးနားမှာမရှိနိုင်တော့ဘူး
ဆိုပေမဲ့သူပျော်ရွှင်နေခဲ့တယ်

အဲ့လူကအခုမှတကယ်စင်စစ်‌ပျော်ရွှင်နေရတာကြောင့်သူဒီထက်ပိုပြီးမတောင်းဆိုနိုင်တော့ဘူး

သူမတွေ့ရတာတော်တော်ကြာနေပြီဖြစ်တဲ့
အရာလေးပေါ့..

သူ့အရှေ့မှာရှိတဲ့လူက မြင်ကွင်းထဲကနေ
တဖြည်းဖြည်းပျောက်ကွယ်သွားပြီးတော့
အရမ်းကျယ်လောင်တဲ့ဆူညံသံတစ်ခုက
သူရဲ့တည်ငြိမ်နေတဲ့စိတ်ကို
လာနှောင့်ယှက်ခဲ့တယ်

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now