//Scroll Down for Zawgyi//
[UNICODE]
6.
“တကယ်ကြီး ပြောနေတာလား?”
ခြစ်ခြစ်တောက်ပူနေတဲ့နေလုံးကြီးရဲ့အပူရှိန်ကနေကာကွယ်ဖို့လက်တွေနဲ့မျက်နှာပေါ်မှာ ကာထားရင်း
ရိပေါ်ပြောလိုက်တယ်ဆားနံ့သင်းသင်းလေးရောယှက်နေတဲ့ ပင်လယ်လေတွေကကမ်းခြေရဲ့နေရာအနှံ့မှာ ပြည့်နှက်နေတယ်
သူတို့နှစ်ယောက်လုံးရဲ့ခြေထောက်တွေကလည်း ကမ်းခြေပေါ်ကသဲဖြူဖြူလေးတွေထဲမှာနစ်မြုပ်နေတယ်
“ငါဆီမှာလုပ်ချင်တာတွေရှိတယ်
ငါတို့အဲ့တာတွေကိုလုပ်ကိုလုပ်ရမယ်!”ဝမ်ရိပေါ်ကိုလူနည်းနည်းရှင်းတဲ့နေရာအထိဆွဲခေါ်လာပြီးရှောင်းကျန့်ကပြောလိုက်တယ်
“အိုကေ,ငါ့မှာအရာအားလုံးအတွက် အစီအစဉ်ကြိုချထားပြီးသား..”
ရှောင်းကျန့် လွယ်အိတ်ထဲမှာ
ခပ်မြန်မြန်လျှောက်နှိုက်ရှာနေပြီးတော့ဝမ်ရိပေါ်ကို ရှောင်းကျန့်ရဲ့လှပတဲ့လက်လေးနဲ့ သူကိုယ်တိုင်ရေးထားတဲ့ အစီအစဉ်ဇယားလေးကိုပြလိုက်တယ်
∆ ရေလွှာလျှောစီးမယ်
∆ Banana boatစီးမယ်
∆ကျွန်းတွေတစ်ကျွန်းပြီးတစ်ကျွန်း လျှောက်သွားမယ်
∆ ရေငုပ်မယ်
∆ သဲနဲ့ရဲတိုက်လေးတွေဆောက်မယ်
∆ ပင်လယ်ကမ်းခြေမှာSpaလုပ်မယ်ဝမ်ရိပေါ် listရဲ့အောက်ဆုံးမှာရေးထားတဲ့နှစ်ခုကိုဖတ်ပြီး ရယ်လိုက်တယ်
ရှောင်းကျန့်က ဝမ်ရိပေါ်ရယ်နေတာတွေ့တော့သူ့အမျိုးသားကိုဆူပုတ်ပုတ်နဲ့
ကြည့်လိုက်တယ်“မင်းကဘာကိုရယ်နေတာလဲ?”
“သဲ ရဲတိုက်လုပ်မယ် ပြီးတော့ Spa?
တကယ်ကြီးပြောနေလား?”သူက နှာခေါင်းရှုံ့ပြီးပြောလိုက်တယ်
ရှောင်းကျန့်ကအဲ့တာကိုမကျေမနပ်ဖြစ်သွားပြီးတော့သူပြောတာကိုလက်မခံတဲ့အနေနဲ့ နှုတ်ခမ်းဆူလိုက်တယ်
“ဘယ်ဟာကအဲ့လောက်တောင်ရယ်နေရလို့လဲ? ငါတို့တွေ ဒါတွေအကုန်အတူတူလုပ်ခဲ့ဖူးတယ်လေ မင်းမမှတ်မိဘူးလား?”
YOU ARE READING
1 4 3 8 (Myanmar Translation) [Completed]
FanfictionXiao Zhan, I didn't get to tell you that I love you infinity, my angel | A short story | 「一战」 BJYX FANFICTION [MYANMAR] [I don't own the characters and I don't intend to harm anyone in any way. This is purely fiction] This is originally written by @...