7

4K 507 34
                                    

//Scroll Down for Zawgyi//

[UNICODE]

7.

သူတို့နှစ်ယောက်Lobbyမှာရှိနေတုန်း
အဲ့ကအနှိပ်သည်တစ်ကောင်က
ရှောင်းကျန့်ကိုညစ်ညစ်ပတ်ပတ်မျက်လုံးတွေနဲ့နှာဘူးလိုမျိုးလိုက်ကြည့်ပြီးအထာတွေလိုက်ပေးနေတာကြောင့်သူတို့
နှစ်ယောက်လုံး Spaသွားမလုပ်ဖြစ်တော့ဘူး။

ရိပေါ် တော်တော်လေး ဒေါသထွက်သွားခဲ့ပြီးတော့ ကျန့်ကိုလည်းအဲ့လိုမျိုးညစ်ပတ်စုတ်ပဲ့တဲ့ နေရာကနေချက်ချင်း‌ဆွဲထုတ်လာခဲ့တယ်

"ရိပေါ်! မင်းဘာလုပ်တာလဲ?"

ရှောင်းကျန့်ရဲ့မီးလောင်ထားတဲ့လက်က
အခုမှ ပြန်သက်သာလာစပဲရှိသေးတယ်
အဲ့တာကြောင့် ရိပေါ် သူ့လက်ကောက်ဝတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာကသူကိုအရမ်းနာကျင်စေတာမို့ငိုချမိတော့မလိုပဲ...

"အဲ့ကောင်ကမင်းကိုဒီလောက်
အထာတွေပေးနေတာတောင်မှ မင်းကအဲ့Spaကိုသွားချင်နေသေးတာလား?"

ရှောင်းကျန့်ခမျာအံဩလွန်းလို့
မျက်လုံးတောင်ပြူးသွားတယ်

သူ့နှလုံးခုန်နှုန်းတွေ အရှိန်ပြင်းပြင်းနဲ့ကျယ်ကျယ်လောင်လောင်
ခုန်ပေါက်နေတာကိုသူလုံးဝမရပ်တန့်နိုင်ခဲ့ဘူး

အခုရိပေါ်ကသူ့ကိုသဝန်တိုနေတာလား?

"ငါရဲ့လက်ကောက်ဝတ်ကိုအရင်ဆုံး
လွှတ်ပေးအုံး နာတယ်"

ရှောင်းကျန့်တိုးတိုးလေးပြောလိုက်ပေမဲ့ရိပေါ်ကသူကိုယ်သူဘာလုပ်ခဲ့လဲဆိုတာကိုချက်ချင်းပြန်သတိရသွားတယ်။

ရှောင်းကျန့်ရဲ့လက်ကိုအမြန်လွှတ်ပေးလိုက်ပြီးတော့ချက်ချင်းပဲ"ဆောရီး.."လို့ ပြောလိုက်တယ်။

အခုသူတို့နှစ်ယောက်က ဆိုင်ရဲ့အပြင်ဘက်နားမှာ မတ်တပ်ရပ်နေကြတာဖြစ်တယ်

ဒီညက အေးတဲ့ညဖြစ်တဲ့အပြင်
‌ပင်လယ်လေတွေကလည်း
သူတို့နားမှာတိုက်နေသေးတယ်

"ငါတောင်းပန်ပါတယ်
ငါအရမ်းတုံးအသလိုမျိုးဖြစ်သွားတယ်"

ရှောင်းကျန့်က နူးနူးညံ့ညံ့လေးပြုံးရင်းနဲပြောလိုက်တယ်

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now