8

4.1K 547 40
                                    

//Scroll Down for Zawgyi//

[UNICODE]

ရှောင်းကျန့် ဒီတိုင်းအဲ့နားလေးမှာပဲ
ထိုင်ရင်း ကျောက်စရစ်ခဲတွေ‌ ကျောက်ခဲတွေနဲ့ပဲဆော့နေရတာကိုပျင်းလာတယ်

အဲ့တာကြောင့်သူမတ်ထပ်ထရပ်လိုက်ပြီးတော့သူ့ဘောင်းဘီ‌ပေါ်ကဖုန်တွေကိုခါလိုက်တယ်

စကားပြောရင်းနဲ့အခုထိအလုပ်ရှုပ်နေသေးတဲ့သူရဲ့အမျိုးသားဖြစ်သူကို
သူမသိမသာလေးခိုးကြည့်လိုက်တယ်

ကြည့်ရင်းနဲ့သူ့ဘာသာသူမသိစိတ်ကနေအလိုအ‌လျောက်ခါးသက်သက်ပြုံးမိသွားတယ်

သစ်ပင်ကြီးရဲ့အနောက်ဘက်ကို
သူတစ်ယောက်တည်းထွက်လာခဲ့တယ်

ကြမ်းတမ်းပြီးမာကျောတဲ့သစ်ပင်ရဲ့ပင်စည်ပေါ်မှာသူ့လက်ထိပ်ဖျားလေးတွေနဲ့ခြေရာခံလိုက်သလိုမျိုး ပွတ်သပ်ရင်းနဲ့သံစဉ်လေးတစ်ခုကိုဆိုညည်း‌နေတယ်

“ဒီတစ်ခါမှာရော မင်းကထပ်ပြီးဘယ်နား‌လေးမှာလဲ”

သူကိုယ်သူတိုးတိုးလေးပြန်ပြောလိုက်ပြီးတော့သစ်ပင်ပေါ်မှာသူထွင်းထားခဲ့ဖူးတဲ့ နံပါတ်‌ကိုလိုက်ရှာနေခဲ့တယ်

ရှောင်းကျန့် လိုက်ရှာနေရင်းတွေ့သွားတော့ သူရဲ့နှုတ်ခမ်းထောင့်စွန်းလေးမှာအပြုံးလေးတစ်ခုဖြစ်သွားတယ်

သူထွင်းထားခဲ့ဖူးတဲ့နံပါတ်‌တွေပေါ်ကို လက်လှမ်းပြီးတော့ဖွဖွလေးတို့ထိလိုက်တယ်

သူ့တစ်ကိုယ်လုံးအပေါ် တကယ့်လက်တွေ့ဘဝကအမှန်တရားတွေကပြန်ပြီးတိုက်စားသွားတဲ့အခါမှာသူ့နှလုံးသားလေးနာကျင်သွားတယ်

မနက်ဖြန်ဆိုရင် သူတို့နှစ်ယောက်လုံးအတွက် ဘယ်အရာမှကျန်နေခဲ့လိမ့်မှာမဟုတ်ဘူး

သူတို့စိတ်အာရုံထဲက အမှတ်တရ,ရနံ့တွေကလွဲလို့ပေါ့

သူဖြေးဖြေးချင်းသက်‌ပြင်းချပြီးတော့သူရဲ့လက်တွေကိုပြန်ရုတ်သိမ်းလိုက်တယ်

ရှောင်းကျန့်နည်းနည်းလေးချောင်းကြည့်လိုက်တော့ရိပေါ်ကဖုန်းထဲကလူနဲ့စကားပြောနေတုန်းပဲဆိုတာကို တွေ့လိုက်ရတယ်

1 4 3 8 (Myanmar Translation)  [Completed]Where stories live. Discover now