စာကြည့်ခုံပေါ်၌ထိုင်ကာsocial mediaတွေထဲသို့သူမကြည့်မိသည်။ အရင်ကလို လှိုင်းမှားပါတယ် တောင်းပန်ပါတယ် ပြန်လာပါရစေတို့ရှိမနေခဲ့။ တကယ်ကြီးထားသွားခြင်းပင်။
သူမရဲ့playlistကိုမွှေနှောက်ကာ ဖွင့်မိသည့်သီချင်းကတော့ it's you..It's you ... it's always you...If i ever gonna fall in love I know it gonna be you...
မထိန်းနိုင်စွာသည်းလာခဲ့တဲ့ အလွမ်းမိုးများကြောင့် မကျေမနက်ဖြစ်လိုက်မိသည်။
"ဘာလို့ ငိုနေရတာလဲ အရူးမရဲ့"
သူမဆံပင်တွေထဲလက်ထိုးမွှေကာ စာကြည့်ခုံပေါ်မှာပင်ခေါင်းမှောက်ထားကာငိုမိသည်။
လှိုင်းရက်စက်ပါသည်။
ချစ်ပြီဆိုလဲအောက်ကျို့ပြီးချစ်တယ်
ပိုင်ဆိုင်ချင်ရင်လဲအထက်စီးဆန်ဆန်သိမ်းပိုက်ချင်တယ်။မယောင်္ကျားလေးတစ်ယောက်မဖြစ်ချင်ဘူးလှိုင်း
လှိုင်းချစ်တဲ့တစ်စုံတစ်ယောက်ဖြစ်ချင်ရုံပါ...ပိုလို့ပြင်းထန်လာတဲ့ရှိုက်သံတွေကြား သူမမောပန်းကာအိပ်စက်ခြင်းဆီသို့။
--------------------------
"မလှိုင်းကိုဒီနေ့ဘာချက်ကျွေးမှာလဲ""လှိုင်းကဘာစားချင်လဲ"
"မရဲ့အသည်းလေးလေ ဟီး"
ပြောပြောဆိုဆိုလှိုင်းကသူမနှုတ်ခမ်းတို့အားလျင်မြန်စွာ နမ်းလိုက်သည်မို့ လန့်သွားရသည်။
"အာ...အဆိုးလေး တွေ့မယ် မပြေးနဲ့"
သူမကိုခပ်ဖွဖွနမ်းသော်လည်းသူမကတော့ညှာတာမှုရှိလိမ့်မည်မဟုတ်။
နှုတ်ခမ်းသားချင်းထိကပ်မှုကပူနွေးနွေးရယ်။လှိုင်းနှုတ်ခမ်းခပ်ပါးပါးလေးအား သူမအညှာအတာကင်းမဲ့စွာ ကိုက်လိုက်မိသည်။
ဂျယ်လီလေးလို အိနေတာမို့။"အာ့ မ"
"တစ်ကောင်လုံးမြိုချထားချင်တယ်"
လှိုင်းမျက်နှာလေးရဲတက်ကာ သူ့ကိုအတင်းတွန်းတော့သည်။
သို့သော်လဲပို၍သာကြမ်းတမ်းလာသောအနမ်းများကမရပ်တန့်နိုင်။ မိနစ်အနည်းငယ်လောက်ကြာမှခက်လည်းမောပြီဖြစ်သည်။