မနက်ခင်းလှလှ၌နေရောင်နုနုထိုးကာဟိုတစ်စဒီတစ်စ
ပတ်၀န်းကျင်အသံများကနားထဲ၀င်ရောက်လာသည်။
မှိတ်ချထားတဲ့မျက်ခွံကိုတစ်ဒေါက်ဒေါက်ခေါက်နေသလို ခပ်မွှေးမွှေးအနံ့တစ်ခုလဲရနေသေးသည်။"ဘာတွေလုပ်နေတာလဲ"
အိပ်ယာပေါ်မှ လူးလဲထကာပတ်၀န်းကျင်ကိုစူးစမ်းကြည့်မိသည်။
"မ ရေ"
"လှိုင်းနိုးလာပြီလား breakfastအဆင်သင့်ဘဲ လှိုင်းကြိုက်တဲ့ ကြက်ဉမွှေကြော်ကိုထောပတ်နံ့လေးရအောင်ထည့်ကြော်ပေးထားတယ် ထမင်းကြော်လဲကြော်ထားတယ် ကြိုက်တယ်မလား"
ပုံမှန်အတိုင်းပြုမူနေပြီးအရာအားလုံးမေ့ပျောက်သွားသလို မ က ပြုံးရင်းဆိုနေရှာသည်။ အပစ်ရှိသလိုခံစားနေရသည့်သူသာမအေးချမ်းနိုင်..
မ ကိုသာမထားခဲ့ဘဲ သူငယ်ချင်းတွေစကားနားမယောင်ခဲ့ဘဲ ကိုယ့်အချစ်ကိုကိုယ်ဂရုစိုက်ခဲ့ရမှာ...
လှိုင်းအရမ်းမှားသွားတယ်..မလိုလူမျိုးကိုလှိုင်း
ကသစ္စာဖောက်ခဲ့တာ..."ဘာတွေတွေးနေတာလဲ မျက်နှာသွားသစ်လေကွာ"
"အာ ဟုတ်"
ထမင်းကြော်နံ့ကတကယ်ကိုဗိုက်ဆာလာတာကြောင့် အလျင်အမြန်ဘဲမျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးထမင်းဝိုင်းထဲထိုင်လိုက်တော့သည်။
"မကအလုပ်ရှိသေးတယ် လှိုင်း ဟို လက်ထပ်ဖို့က.."
"အဆင်ပြေသလိုလုပ်ပါ မ"
ပြုံးပြကာဆိုလိုက်တော့ခေါင်းလေးပွတ်ပေးကာ နဖူးပြင်အားထိတယ်ဆိုရုံလေးအကြင်နာခြွေလိုက်သည်။
"ကျေးဇူးတင်လိုက်တာ"
---------------------------------
ခြံထဲကမောင်းထွက်သွားတဲ့ကားကိုမျက်စိတဆုံးကြည့်ပြီးမှငွေလှိုင်းသက်ပြင်းအသာချမိသည်။
မကဖြူစင်တယ် ငါကသာမကိုသစ္စာဖောက်ခဲ့တာ...
ငါ့လိုသစ္စာဖောက်တဲ့လူကို မ ကပြန်လက်ခံပေးသေးတာ..ဒီကိစ္စကိုလဲငါပြောကြည့်ရင်လက်ခံလောက်မှာပါ မကသဘောထားကြီးပြီးငါ့ကိုအရမ်းချစ်တာဘဲလေ...ဆုံးဖြတ်ချက်ချကာဆီးစစ်တံလေးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။