အပိုင်း ၁၀

1.3K 41 1
                                    

မနက်ပိုင်းအစည်းအဝေးကြောင့် ခက် အိပ်ယာကကမန်းကတမ်းထကာ ပြင်ဆင်ပြီးအောက်ဆင်းလာသည်။ မီးဖိုခန်းမှာမနက်စာပြင်နေတဲ့ငွေလှိုင်းကသူ့ကိုတွေ့တော့ ခေါင်းငုံ့သွားသည်။ ထို့နောက် မရဲတရဲဖြင့်

"မနက်စာစားလို့ရပြီ"

သူ့အပစ်နှင့်သူမဝံ့မရဲဖြစ်နေပုံကသနားဖို့ကောင်းပါသည်။ ခက်သည်ပိုချစ်ရသူဖြစ်သည်။ တင်းခံထားတဲ့စိတ်တွေနဲ့ ရင်ထဲကနာရတာ ကိုယ်တိုင်သာသိသည်။

"မစားတော့ဘူး အစည်းအဝေးရှိလို့"

"အင်း ပြန်လာရင်.."

"ပြော"

သူ့အိတ်ထဲကတစ်ခုခုကိုထုတ်ယူနေပုံရကာ

"စတော်ဘယ်ရီဖြစ်ဖြစ် စပျစ်ဖြစ်ဖြစ်ဝယ်ခဲ့ပါလား မလောက်ရင် လှိုင်း နောက်ကျထပ်ပေးပါ့မယ်နော်"

"မလိုဘူး နှစ်ပဲခြောက်ပြားနဲ့"

လက်ထဲကတစ်ထောင်တန်သုံးရွက်ကိုကြည့်ကာဆိုတော့ လှိုင်းကခေါင်းငုံသွားသည်။ မိဘတွေလည်းစွန့်ပစ်လိုက်ပြီး တတ်ထားတဲ့ပညာကိုလည်းအသုံးမချတတ်တဲ့လှိုင်းဘဝဟာ ပျက်သည်ထက် ပျက်တော့မည်။
လှိုင်းရဲ့ကူကယ်ရာမဲ့ပုံကိုသဘောကျသည်။ လှိုင်းမှာအားထားစရာခက်တစ်ယောက်တည်းရှိစေချင်သည်။ ခက် လက်ခုပ်ထဲကရေလို လှိုင်းကိုခြယ်လှယ်ချင်လှသည်။

နောက်ကျနေပြီဖြစ်တာကြောင့် ကားပေါ်တက်ကာ ချိန်းထားတဲ့အစည်းအဝေးသွားရသည်။ နိုးနိုးပေးထားတဲ့ဆေးကလည်း မနက်စာစားပြီးသောက်ရမဲ့ဖြစ်သည်။ ဆေးမသောက်လျှင် အိမ်မလာတော့ဟုချိန်းခြောက်ခြင်းကြောင့် ကားထဲကရေဘူးနဲ့သာဆေးငါးလုံးကောက်မော့ပစ်လိုက်သည်။

——————————————————————-
"အခုက August ဆိုတော့  ခန့်မှန်းချေ March ,April လောက်မွေးမယ်ထင်တယ် လှိုင်းကဘယ်လိုမွေးချင်လဲ ရိုးရိုးလား ခွဲမွေးမလား"

သူပြန်ရောက်နေသော်လည်း ကားမပါခဲ့တာမို့ သိပဲုမပေါ်။ နှစ်ယောက်သားစကားကောင်းနေကြသည်။

"လှိုင်းမသိပါဘူး မ ကတာဝန်ယူပေးမယ်တဲ့ မ ပြောတဲ့အတိုင်းဘဲ မွေးရမှာပေါ့"

Você leu todos os capítulos publicados.

⏰ Última atualização: Mar 12, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

RepentOnde histórias criam vida. Descubra agora