"ခက် ထတော့လေဟာ"
အိမ်ဟောင်းကိုရောက်နေကြတာပထမဆုံးညဖြစ်သည်။ ခက်နဲ့နီးကပ်နေမှခက်အကြောင်းကိုပိုသိလာရသလိုပင်၊ခက်ကလေးဆန်သည်မှာသူ့ကိုကိုကြီးဆိုသူနှင့်သာဖြစ်လိမ့်မည်။ ခက်ရဲ့ပုံစံကိုသူမကအသိဆုံးမို့။
"ရားးးထတော့လို့ပြောနေတယ်နော်"
ခက်ကိုလဲနှိုးရင်လိုက်ကာစများကိုဆွဲတင်ရန်လဲပြင်နေမိသည်။
"နိုးနိုးရာ အစောကြီးရှိသေးတယ် နင်လဲပြန်အိပ်"
အပြောထက်အလုပ်ကမြန်သောခက်ကနိုးနိုးကိုခါးကိုဆွဲပွေ့ကာအိပ်ယာပေါ်တင်ပြီးနှင့်ပြီဖြစ်သည်။
"ခက်..ငါ"
"တိတ်တိတ်နေကွာ"
အနောက်မှနေကာခါးကိုကျစ်နေအောင်ဖက်ထားသေးသည်။ခက်ရဲ့လေ၀င်လေထွက်နွေးနွေးလေးကသူမဂုတ်ပေါ်သို့တိုးဝှေ့ကျီစယ်နေသည်။ထိကပ်နေတဲ့ခန္ဓာကိုယ်နှစ်ခုအကြား အခုန်မြန်နေတဲ့ဗုံးတစ်လုံးကမလူးသာမလွန့်သာ..ခြေချောင်းတွေကုပ်ထားမိသည့်အထိခက်ရဲ့ဩဇာကလွှမ်းမိုးနိုင်သည်။
ခဏအကြာအသက်ရှူသံခပ်ပြင်းပြင်းနှင့်အိမ်မက်ကမ္ဘာထဲရောက်သွားပြန်တဲ့ခက်ရယ်ပါ..
အနီးကပ်မြင်နေရတဲ့ခက်မျက်နှာကိုသူမစေ့စေ့စပ်စပ်ကြည့်မိသည်။ မှိတ်ကျနေတဲ့မျက်တောင်လေးတွေမှာ မျက်ရည်စတွေတွဲခိုနေသလိုကြည်ကြည်လေးဖြစ်နေပြီးဖြောင့်တန်းတန်းမျက်ခုံး
ထူထူလေးတွေက၀န်းရံထားသည်။နှုတ်ခမ်းရဲရဲကညကမိုးရေထဲသောင်းကျန်းထားလို့အဖျားကှိနေမှန်းသိသာစေသည်။"ခိခိ"
ချစ်လွန်းလို့ငါဘယ်လိုလုပ်ရပါ့..
-------------------------------
"ကဲ ပေါက်စ ဒါကိုကိုကြီးရဲ့ရှယ်ယာသုံးပုံတစ်ပုံ""ဟင် ဘာအတွက်လဲကိုကိုကြီးကလဲ "
"Brandတစ်ခုလုပ်ချင်တယ်ဆိုအရင်းအနှီးပေါ့ပေါက်စရယ်"
"ခက်မှာရှိပါတယ်"
"ဘာလဲ စစ်သွေးစီကိုရှယ်ယာတွေပြန်ရောင်းပြီးမှလား"
"အဲ့တာတော့အဲ့တာပေါ့ ဒါပေမယ့် အောက်ခြေကစချင်တာ"
"မစရပါဘူး ဘယ်လောက်အတိုက်အခိုက်များလိုက်သလဲ ခက်ရယ် ကိုကိုကြီးစပေးထားတာကိုသာအောင်မြင်အောင်လုပ်ပါ ကိုကိုကြီးစကားကိုနားထောင်စမ်း"