ကြည်လင်နေတဲ့ကောင်းကင်ကြောင့်မှိုင်းညှို့တဲ့စိတ်အစဉ်ကအနည်းငယ်ကြည်လင်လာသယောင်။
"ငါနင့်ကိုကျေးဇူးတင်တယ်နော် နိုးနိုး ပြီးတော့စစ်သွေးရော"
"ရပါတယ်ဟာ ငါကနင့်အတွက်အမြဲရှိမှာပါ"
"အဟွင်း အဟွင်း"
ချောင်းဟန့်ကာစောင်းထေ့နေတဲ့စစ်သွေးကိုမြတ်နိုးကခပ်စောင်စောင်လေးကြည့်လိုက်သည်။
"အော် ဒါနဲ့ခက် ကိုကိုကြီးပြန်ရောက်နေပြီ"
"ဟင် တကယ်လား ကိုကိုကြီးတကယ်ပြန်ရောက်နေတာလား"
"အေး နင့်ကိုပြောရင်နင်ပျော်မယ်လို့ထင်သားဘဲ"
အရောင်လဲ့လာတဲ့ခက်မျက်လုံးတွေကထိုကိုကိုကြီးဆိုသူနဲ့ကောင်းမွန်သောဆက်ဆံရေးရှိပုံရသည်။
"ကိုကိုကြီးကဘယ်သူလဲ ကိုစစ်သွေး"
"ငါ့အကိုလေ ငါတို့ထက်ရှစ်နှစ်ကြီးတယ် ငယ်ငယ်ကတည်းကခက်ကိုဆိုအရမ်းချစ်တာ င့ါထက်တောင်ပိုအလိုလိုက်တာပါဆို"
မြတ်နိုးရဲ့အမေးကိုစစ်သွေးကရယ်ကျဲကျဲဖြင့်ပြန်ဖြေလေသည်။ရက်အနည်းငယ်အတွင်းရင်းနှီးသွားကြတဲ့သူတို့ကအသက်လဲသိပ်မကွာတော့ သူငယ်ချင်းဖြစ်ရန်လွယ်ကူသည်။
--------------------------------
တောက်ပနေတဲ့ဟိုတယ်တစ်ခုမှာကြီးမားလှတဲ့ကြိုဆိုပွဲကြီးကိုစည်ကားစွာကျင်းပနေသည်။အဆင့်အတန်းတူညီလှတဲ့ လူကုံတန်အသိုင်းအဝိုင်း၊ရှယ်ယာရှင်၊စီးပွားဖက်တွေနှင့်မိတ်ကောင်းဆွေကောင်းများစွာကကြိုဆိုခွက်မြှောက်နေကြသည်။"ကိုကိုကြီး!!"
ထည်ဝါတဲ့ပွဲအလယ်မှာခက်ရဲ့ပုံစံကမအပ်စပ်စွာကွဲထွက်နေသည်။ တီရှပ်အပွတစ်ထည်နဲ့ဂျင်းဘောင်းဘီရှည်တစ်ထည်သာဆင်မြန်းထားသောသူမကသူ့အတွက်အထူးဧည့်သည်။
"ပေါက်စ"
ဧည့်သည်တွေကြားအတင်းတိုးထွက်ကာ သူရဲ့ပေါက်စစီသို့ခြေလှမ်းမိသည်။
"ပေါက်စလေး ဘယ်လိုရောက်လာတာလဲကွယ်"
"ကိုကိုကြီး ခက်သတိရနေတာကိုပြန်လာတာကိုမပြောဘဲနဲ့"