"တော်ပါတော့ လှိုင်းကိုလွတ်လပ်ခွင့်ပေးပါတော့မ"
"မတောင်းပန်ပါတယ် လှိုင်းရယ် လှိုင်းပြန်စဉ်းစားပေးပါဦး"
"လှိုင်းကbiပါမ lesbianမဟုတ်ဘူး နားလည်မယ်ထင်ပါတယ် လှိုင်းတို့ရပ်လိုက်ကြတာပေါ့"
အော် အခုတော့မ မရှိရင်သေပါတော့မယ်ဆိုတဲ့ကောင်မလေးကမကိုလမ်းခွဲဖို့တောင်ပြောတတ်ပြီပေါ့ အဲ့တာတွေဟိုကောင်လေးကသင်ပေးတာလားကလေးမရယ်....
"အင်းပါသိပါပြီ လှိုင်းကဂတိမတည်ဘူးနော် ပြောတော့နောင်တမရပါဘူးတဲ့ အဟက် အလိမ်အညာ..."
သွေးအေးစွာနဲ့ခြောက်ကပ်ကပ်အသံကြောင့်လှိုင်းအနည်းငယ်ထိန်လန့်သွားသည်။ သို့သော်လဲသူမဆုံးဖြတ်ပြီးသားအရာတစ်ခုကိုဖြစ်အောင်လုပ်တတ်တဲ့ ခေါင်းမာတဲ့သူမအကျင့်လေးက လက်မခံနိုင်။သူမမှားမှန်းသိတာတောင်ပေါ့
"သွားတော့လှိုင်း ဒီအိမ်ကိုမင်းဘယ်တော့မှပြန်မလာခဲ့နဲ့"
ပြောလဲပြောသူမလဲထိုနေရာမှထွက်ကာ အိပ်ခန်းလေးထဲကနှစ်ယောက်အိပ်ကုတင်ပေါ်ထိုင်ချလိုက်သည်။
"လှိုင်းရယ်...."
----------------------------
"ဟယ်လိုမေမေ သမီးဒီနေ့အိမ်ပြန်လာမလို့""ငွေလှိုင်းရောလားသမီး မေမေစောင့်နေမယ်"
"ခက်တစ်ယောက်တည်းပါ"
"ငွေလှိုင်းကသူ့မိဘအိမ်ပြန်သွားလို့လား "
"ခက်လာမှရှင်းပြမယ်မေမေ"
"ဟုတ်ပါပြီ"
မေမေကအတိမ်အနက်သိသလို သက်ပြင်းယဲ့ယဲ့ချကာဆိုသည်။
------------------------------------------
ကျောင်းဆင်းခေါင်းလောင်းတီးသံကြားသည်နှင့်ဆရာမအားနှုတ်ဆက်ကာ မုန့်စားရုံဘက်သူမထွက်လာသည်။
ခက်၀င့်ဝါ...သူမကိုယောကျာ်းလေးရော မိန်းကလေးပါစိတ်၀င်စားကြသည်။ တော်သည်။ထက်မြက်သည်။လှသည်။ ပြတ်သားသည်။
ကောင်းပေ့ဆိုတဲ့အရာအားလုံးသူမစီမှာစုနေသလားထင်ရအောင်ပြည့်စုံလွန်းလှသည်။တစ်ခုတည်းသာ...သူမမှာသူငယ်ချင်းမရှိ ။အထက်တန်းကျောင်းသူပီပီသူငယ်ချင်းအပေါင်းအဖော်ဆိုသည်မှာအရေးပါလှသည်။
ခက်၀င့်ဝါကိုခင်ချင်တဲ့လူအများကြီးရှိသည်။သို့သော်တစ်ယောက်ကိုမျှလိုတာထက်ပိုမဆက်ဆံခဲ့။Bffလုပ်ရအောင်ဆိုပြီးပြောလာတဲ့ကောင်မလေးတွေတိုင်းကိုလဲ "ငါမယုံဘူး" ဆိုကာဖယ်ထုတ်တတ်သည်။