နားမလည်နိုင်သလိုဖြစ်နေသော ခက်အမူအယာကို ကိုကိုကြီးက ရိပ်စားမိသည်။ခပ်အေးအေးတစ်ချက်ပြုံးကာ ရှင်းပြရန်ပြင်လိုက်သည်။
"သူကစာချုပ်မှာလက်မှတ်ထိုးပြီးပြီ ခက်ရောဘဲလေ"
ထက်မြက်တဲ့ခက်အဖို့တော့ ဒါမျိုးကရိပ်မိလွယ်ပါသည်။
"ဒါဆို ဟိုနေ့ကလွှဲပြောင်းခြင်းစာချုပ်က.."
"Right,good job"
ငယ်ငယ်ကဉာဏ်စမ်းမှန်တိုင်းပြောသလိုပင်ခပ်အေးအေးဆိုလာသည်။
"လှိုင်းဆန္ဒပါတယ်ပေါ့ ၀မ်းသာလိုက်တာလှိုင်းရယ်"
ပေါက်စပျော်နေတာသိသာလှသည်။အရောင်လဲ့နေတဲ့မျက်၀န်းများမှာမျက်ရည်ပင်ဝဲနေသည်။
"ကဲ congratulationsပါဗျာ မဂ်လာဆောင်အမြန်ဆုံးလုပ်လိုက်ကြတော့"
"ဟုတ် ကိုကိုကြီး"
ကလေးတစ်ယောက်လိုဖြူစင်သောခက်ဟာ လှိုင်းရဲ့အကြောင်းပြချက်ကိုမေးလဲမမေးခဲ့သလို သိချင်သည့်ပုံလဲမပေါ်။ ပြန်လာရင်ကိုအဆင်ပြေနေသည့်ပုံ..
ထိုနေ့ညကပျော်ရွှင်စွာမွေးနေ့ပွဲကျင်းပခဲ့ကြသောထိုလူသားနှစ်ယောက်၏မြင်ကွင်းအား ရင်နာနာနှင့်ငေးကြည့်နေခဲ့ရသောလူတစ်ယောက်လဲရှိခဲ့သည်။
-----------------------------
မွေးနေ့အပြီးည၁၁:၀၀ပင်ရောက်နေချေပြီ။
စစ်သွေးနှင့်ကိုကိုကြီးတို့ကသောက်လိုက်စားလိုက်ဖြင့် ငယ်စဉ်တောင်ကြေးကလေးဘ၀က ဗရုတ်သုတ်ခများကို ခပ်အေးအေးပြောကာရယ်မောကြသည်။ခက်ကတော့ အရက်ဆိုလုံး၀မကြိုက်သူပင်. ခါးလွန်းသောအရာ၊ချိုလွန်းသောအရာ၊စပ်လွန်းသောအရာတွေ သူမ မကြိုက်။
အပိုအလိုမရှိသောအရသာခပ်ပေါ့ပေါ့ကိုသာနှစ်ခြိုက်သည်မို့ကိုကိုကြီးနှစ်ချို့စပျစ်ဝိုင်လေးသာ စီစဉ်ပေးတတ်သည်။သောက်စားထားကြသောကြောင့် အိမ်မပြန်တော့ဘဲထိုတိုက်မှာသာအိပ်ကြမည်ဟုဆိုသည်။ သို့သော်လဲခက်ကတော့ လှိုင်းကိုခေါ်ကာရန်ကုန်အိမ်သို့ ပြန်မောင်းလာခဲ့သည်။ ကားပေါ်မှာ ငိုက်နေတဲ့လှိုင်းပုံစံက ငယ်ငယ်ကလိုဖြူစင်နေတုန်းပင်။