စစ်သွေးတစ်ယောက်ခက်ဖုန်းကိုတောက်လျှောက်ခေါ်နေမိသည်။ ဒီဟာမလေးချိန်းထားပြီးမနိုးသေးတာလား?မဖြစ်နိုင်။ ခက်ကဝီရိယကောင်းသည်။ ဆယ်တန်းတုန်းကတောင်မနက်၅နာရီကျူရှင်ကိုသူ့ထက်အရင်နိုးကာသူ့ကိုလာနှိုးပြီးပွစိပွစိလုပ်တတ်သောသူပင်။
"ဘာများဖြစ်နေသလဲကွာ"
ခက်ရဲ့ရန်ကုန်အိမ်ကိုစစ်သွေးမသိတာကြောင့်ပိုလို့အခက်တွေ့နေသည်။
"ဟယ်လို ဦးလေး"
"အေး မောင်စစ်သွေးလား"
"ဟုတ်တယ် ဦးလေးရေ ကျွန်တော့်ကိုခက်ရန်ကုန်လိပ်စာလေးပြောပြပေးပါလား ချိန်းထားတာလဲမလာဘူး ဖုန်းဆက်တာလဲမကိုင်လို့ အဆင်မှပြေရဲ့လားလို့"
"ဟေ ဟုတ်လား"
ထိုအခါမှအနည်းငယ်စိုးရိမ်သွားဟန်ခက်အဖေကလိပ်စာပေးကာ အခြေအနေကြည့်ပြီးဖုန်းပြန်ဆက်ဖို့လဲမှာသည်။ခက်နဲ့စစ်သွေးကိုမိဘတွေသဘောတူကြသည်။ သို့သော်လဲ သူငယ်တန်းတည်းကအိမ်နီးချင်းဖြစ်တဲ့သူတို့နှစ်ယောက်ကတော့ မောင်နှမတွေလိုသာ..ခက်မှာချစ်ရတဲ့ကောင်မလေးရှိသလို သူ့မှာလဲသားသားရှိသည်။ ထိုကောင်လေးကလွဲပြီးမည်သူမျှသူမချစ်နိုင်။
------------------
*တီ တီ *ကားဟွန်းသံသာအဆက်မပြတ်ထွက်လာသော်လည်း ခြံတံခါးကပိတ်ရက်ပင်။ကားပေါ်မှဆင်းကာအောါယ်ခေါ်ရတော့သည်။
"ခက်ရေ ဟဲ့ ခက်၀င့်ဝါ"
ခြံတံခါးကိုကိုင်ကာအော်ခေါ်နေရင်းတံခါးကပွင့်သွားသည်။
"အော် စေ့ထားတာကိုး"
အိမ်ထဲအပြေး၀င်ပြီး ခက်ကိုရှာမိသည်။
"ခက် နင်ဘယ်မှာလဲ"
တစ်အိမ်လုံးမှောင်မဲနေပြီး ခက်အရိပ်အယောင်မတွေ့။အိမ်မှာလူမရှိဘဲနဲ့တော့ တံခါးစေ့ထားမှာမဟုတ်။
"ခက် နင်ဘယ်.."
၀ရံတာမှာလဲကျနေတဲ့ခက်ကိုတွေ့လိုက်ရသည်။ရေတွေလဲစိုလို့...
"ခက် ခက် .. သတိထား စမ်း "
ခက်ကိုလှုပ်ရမ်းကာသတိရစေရန်ပြုမူမိသည်။