Oceanထဲကgreen lightမှာထိုင်ကာခက်ချိန်းထားတဲ့သူတစ်ဦးနှင့်တွေ့ရန်စောင့်စားနေမိသည်။ထိုအချိန်ခက်မျက်လုံးထဲ၀င်လှတဲ့ခပ်လှလှအမျိုးသမီးကလှိုင်းများလား..
ကျောလယ်ရှိတဲ့ဆံပင်ဖြောင့်များကိုကောက်ထားကာ ဆေးရောင်နုနုလေးအဖျားတွင်ဆိုးထားသည့်လှိုင်းကမိုးပြာရောင်ဂါ၀န်လေးးနှင့်သိပ်လှတာဘဲ...စိတ်ဆောင်တဲ့ခန္ဓာကအလိုအလျောက်စနစ်နှင့်ရွေ့လျားကာလှိုင်းလက်ကိုပြေးဖမ်းလိုက်မိသည်။"လှိုင်း.."
"ဟင် အာ မ"
"လှိုင်း မတို့စကားပြောရအောင်လှိုင်း"
"ဟင့်အင်း လှိုင်းမှာအချိန်မရှိဘူးမ လွှတ်ပေးပါ"
"ဘာလို့အဲ့လောက်ပြောင်းလဲသွားတာလဲလှိုင်းရယ် မတို့ခနဘဲစကားပြောရုံပါလုပ်ပါ"
ကြီးလှပါတယ်ဆိုတဲ့ခက်ရဲ့မာနနဲ့သိက္ခာတွေကမြောင်းထဲ၀ယ်....
"ကျစ် ပြီးတာဘဲ "
လှိုင်းကစိတ်ပျက်သလိုခေါင်းငြိမ့်ပြပြန်တော့ စိတ်မကောင်းချင်းများကြားကပြုံးမိပြန်သည်။
"ဘာပြောချင်တာလဲ"
"မသိချင်တာဘာလို့အဲ့လောက်ပြောင်းလဲသွားရတာလဲ မမှာဘာလိုအပ်ချင်ရှိလို့လဲ"
"အဓိကတော့မကအမျိုးသမီးတစ်ယောက်မို့လို့"
"....."
"လှိုင်းသူငယ်ချင်းတွေကပြောတယ် နင့်တသက်လုံးမိန်းမတစ်ယောက်ထဲနဲ့အဆင်ပြေတာလားတဲ့ ပြီးတော့သူတို့ချိတ်ပေးတဲ့ကောင်လေးတစ်ယောက်နဲ့အစမ်းတွဲကြည့်ခိုင်းတယ် အဲ့မှာဘဲလှိုင်းကအမျိုးသားတွေအပေါ်မှာစိတ်၀င်စားမှုပိုများတာသိခဲ့ရတာ မကိုအားနာပါတယ် လှိုင်းအခုကိုစိုင်းနဲ့အဆင်ပြေနေတယ်မ သူကအရမ်းလဲချစ်တတ်တယ် ဂရုလဲစိုက်ပေးတယ်"
"အော် ငါကရော မင်းကိုမချစ်တတ်ခဲ့လို့ဂရုမစိုက်တတ်ခဲ့လို့လား ဟမ် ပြောပါဦး!!"
"လှိုင်းကိုမအော်ပါနဲ့"
"ငါတို့တွဲခဲ့တာအချိန်ခဏလေးလား ဟမ် လေးနှစ်လေ လှိုင်းရယ် ငါးနှစ်ပြည့်ရင်လက်ထပ်မယ်လို့မင်းဘဲပြောခဲ့တာလေ မိဘတွေလဲသဘောတူကြတယ်လေ ဘာတွေလိုနေသေးတာလဲ မဆီပြန်လာခဲ့ပါလားဟင်"