ကားမှန်ကမြင်နေရတဲ့မြင်ကွင်းက မြင်နေကျပေမဲ့ဒီနေ့မှငေးစရာတွေပိုများနေသလို...
လူထုကြီးဘက်ကိုကျောပေးကာ မှန်ကိုသာငေးရင်းကျွန်မပုသိမ်မြို့သို့ပြန်လာခဲ့သည်။
ညနေစောင်းအချိန်တွင်တော့ကားဂိတ်သို့ရောက်ကာtaxiနှင့်အိမ်ပြန်လာခဲ့သည်။"မေမေခက်ပြန်လာပြီ"
"သမီးခက် ရေအရင်ချိုးလိုက်ဦး မေမေသမီးအခန်းကိုရှင်းထားတယ်"
"ဟုတ်မေမေ"
ခက်ကသမီးအကြီးဆုံး ခက်အောက်အငယ်မလေးတစ်ယောက်ရှိသည်။ ခက်နဲ့ငါးနှစ်ကွာတဲ့ညမလေးက၉တန်းကျောင်းသူပင်။
"သက်ရောအမေ ကျူရှင်သွားတာလား"
"ဟုတ်တယ် စာမေးပွဲနီးနေပြီလေ"
"သက်ဖုန်းရောမေမေ စစ်ရအောင်"
"မေမေ့ကိုအပ်ထားတယ် ယူပေးမယ်နော်"
သက်ကိုလွတ်လပ်ခွင့်ပေးပါသည်။စာမေးပွဲနီးမှဖုန်းကိုသိမ်းသည် ခက်ပြန်လာတိုင်ညမလေးဖုန်းကိုစစ်သည်။ ကျောင်းနေအရွယ်မှာလမ်းမှားမရောက်စေချင်။
"သမီးတို့ဘာဖြစ်ကြတာလဲ"
လှိုင်းနဲ့ကိစ္စကိုမေမေကမေးလာသည်။
"သူကစေ့စပ်ထားတာဖျက်မယ်တဲ့မေမေ"
"စကားများကြတာလား မေမေတောင်းပန်ပေးမယ်လေ"
"မဟုတ်ဘူးမေမေ တောင်းပန်စရာမလိုပါဘူး သမီးကြောင့်မဟုတ်ဘူး သူ့ကောင်လေးကြောင့်ဖြတ်သွားတာ"
ထိုအခါမှမေမေကနားလည်သလို အလိုက်တသိ အခန်းတံခါးကိုပိတ်ကာထွက်သွားသည်။
မေမေထွက်သွားတာသေချာမှ လစ်ဟာနေတဲ့ကျွန်မရဲ့လက်သူကြွယ်ကိုကြည့်မိသည်။
လှိုင်းရာ၀တ်ထားသေးလားဟင်?-------------------------
"ရော့ လက်ဆောင်"စာကြည့်တိုက်အရှေ့၌ယောင်လည်လည်လုပ်နေသောသူမကမွေးနေ့လက်ဆောင်လာယူတာကလွဲ၍မဖြစ်နိုင်
"မမ အားနာစရာကြီး"
"အပိုတွေ ငါသူများကျွေးတာအလကားမစားဘူး"
ထိုနေ့ကပထမဆုံးစပေးခဲ့တဲ့ လက်ဆောင်လေးကယုန်လေးနှစ်ကောင်ထည့်ထားတဲ့snow ballလေးပင်။