"နေအဂ္ဂါ......... "တံခါးကိုဝုန်းခနဲဖွင့်ပြီး သူ့နာမည်ကိုအမောတကောအော်ခေါ်နေတဲ့ထွဋ်ခေါင်ကြောင့် နေအဂ္ဂါဆော့လက်စ ဂိမ်းစက်ကိုချထားလိုက်ရင်း အလန့်တကြားမော့ကြည့်မိသည်
"ဘာဖြစ်လာတာလဲ"
"ပြဿနာအကြီးအကျယ်တက်ပြီ ဖုန်းဖွင့်ကြည့်လိုက်"
နေအဂ္ဂါဆိုဖာနှစ်လုံးညားညှပ်နေတဲ့ဖုန်းကိုထုတ်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့ သူနဲ့အမျိူးသမီးငယ်တစ်ယောက်ရဲ့ အိပ်ယာပေါ်ကပုံတစ်ချိူ့ သူကအဝတ်မပါတဲ့အနေအထားနဲ့အိပ်ပျော်နေတာဖြစ်ပြီး အမျိူးသမီးတစ်ဦးကသူ့ဘေးနားမှာ လဲလျောင်းနေတဲ့အနေအထားနဲ့သူ့ပုံတွေက တစ်နိုင်ငံလုံးပျံ့နှံ့နေပြီး သူ့ကိုဘာမှသုံးစားမရတော့တဲ့လူတစ်ယောက်လိုဆဲရေးတိုင်းထွာထားကြတဲ့စာတွေက သူ့ဖုန်းရဲ့chat boxမှာ တနင့်တပိုး
နေအဂ္ဂါဖုန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး စိတ်ငြိမ်အောင်လုပ်ဖို့အတွက် သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ် အံကိုတင်းနေအောင်ကြိတ်ပြီးသွားကြားထဲကထွက်လာတဲ့လေသံနဲ့ ထွဋ်ခေါင်ကိုပြောလိုက်တယ်"လဲ့လဲ့အိမ်ကိုသွားမယ် အခုချက်ချင်း"
"အပြင်ဘက်မှာအခြေအနေတွေတော်တော်ဆိုးနေတယ် မင်းအိမ်ထဲမှာနေတာပဲပိုကောင်းလိမ့်မယ်"
"ငါဂရုမစိုက်ဘူး "
ထွဋ်ခေါင်က ဒီတစ်ခါနေအဂ္ဂါတော်တော်ဒေါသထွက်နေမှန်းသိတာကြောင့် ပုံမှန်အချိန်တွေလိုပွစိပွစိလုပ်လို့မရမှန်းနားလည်သည် ဒါကြောင့်
သူ့ပါးစပ်လေးကိုပိတ်ပြီး ဟိုမိန်းကလေးနေအိမ်လို့သိရတဲ့နေရာကိုသာ မောင်းပေးလိုက်ရတော့သည်စိတ်ရှည်ပုံမရတော့တဲ့ နေအဂ္ဂါကရောက်ရောက်ခြင်းကားပေါ်ကပြေးဆင်းပြီး ဟိုအမျိူးသမီးနေတဲ့အခန်းတွဲတွေဆီအံတကြိတ်ကြိတ်နဲ့ပြေးဆင်းသည်။
"လဲ့လဲ့......တံခါးဖွင့်စမ်း"
ဘန်း....ဘန်း...ဘန်း
"လဲ့လဲ့.....ငါကောင်းကောင်းပြောလို့မရရင်တံခါးဖျက်ပြီးဝင်လာမှာ ဖွင့်ပေး"
YOU ARE READING
Before I Fall You[Completed]
Randomအပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစားတစ်ခု ဖြစ်နိုင်ပါရဲ့လား? Start#31.5.2021 End#26.8.2021 အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက...