အပိုင်း(၁၃)တန်ပြန်ဝဋ်/တန်ပြန်ဝဋ်

490 27 10
                                    

ညဏ်းဧကရာဇ် နေအဂ္ဂါရဲ့အိမ်ကနေထွက်လာတဲ့အချိန်က အကြမ်းအားဖြင့် မနက်ခင်းကိုးနာရီခွဲလောက်သာရှိဦးမည် ဒေါသတကြီးထထွက်လာလိုက်တာ နေအဂ္ဂါလက်ထဲက သူ့ဖုန်းကို​ပြန်ယူဖို့မေ့သွားတဲ့အထိပဲ သွားပြန်ယူဖို့လဲ စိတ်အနှောက်အယှက်ဖြစ်တာကြောင့် သူ့ကားစတီယာတိုင်ကိုသာ ​ဒေါသတကြီးနဲ့ထုထောင်းမိတော့တယ် မနေ့ညကလို  သနားကမားပုံစံလေးကြောင့် သူ့အသိညဏ်တွေထုံထိုင်းသွားပြီးနေအဂ္ဂါဘယ်လောက်ထိ​ကြောက်ဖို့ကောင်းလဲဆိုတာ မေ့သွားခဲ့တာ။သူ့အနားကို နေအဂ္ဂါဘယ်လိုချည်းကပ်ခဲ့လဲ ဘယ်လိုတွေတောင်ခြိမ်းခြောက်ခဲ့လဲဆိုတာ သူမေ့သွားတော့မလို့ ကံကောင်းလို့ ကံကောင်းလို့နေအဂ္ဂါကသတိ​ပြန်ရအောင်လုပ်ပေးလိုက်တာပဲ။ဒီတစ်ခါအခွင့်အရေးကိုအသုံးချပြီး နေအဂ္ဂါနဲ့ဝေးနိုင်သမျှဝေးအောင်နေရမယ် ခက်တာက နေအဂ္ဂါကသူ့ကိုပေးသွားမှာမဟုတ်ဘူး ဘာကြောင့်မှန်းမသိ နေအဂ္ဂါလက်ထဲမှာခြေချူပ်မိတော့မယ်လို့သူစတင်ခံစားလာရပြီး နေအဂ္ဂါနဲ့ပတ်သတ်ခဲ့မိတာကိုနောင်တရမိတယ်။နဂိုကထဲကမှ "ဂေး"တွေကိုရွှံ့မုန်းပါတယ်ဆိုတဲ့ "ချမ်းလေး"သူ့အကြောင်းတွေသိသွားရင်ဘယ်လိုနေမလဲ။တကယ်လို့များ နေအဂ္ဂါက"ချမ်းလေး"ကိုသူ့အကြောင်းတွေသွားပြောခဲ့ရင်....ဒီထက်ပိုပြီးသူဆက်မတွေးရဲတော့ဘူး။အတွေးပေါင်းစုံက သူ့ကိုနှိတ်စက်နေပြီး ကားကိုဘယ်လိုပုံနဲ့အိမ်ပြန်ရောက်အောင်မောင်းလာခဲ့သလဲသူမမှတ်မိတော့။သူ့အခန်းတံခါးကိုဖွင့်ပြီး အင်္ကျီလဲတော့မယ့်အချိန်မှသူ
နေအဂ္ဂါအဝတ်အစားတွေဝတ်ထားမိမှန်းသတိရတော့သည်

"သောက်ချီးပဲ"

သူ့ကိုယ်ကအဝတ်အစားတွေကိုအမြန်ဆွဲချွတ်​ပြီးသူ့ခြေဖနောင့်တွေနာလာသည်အထိ ခြေထောက်နဲ့တက်နင်းလိုက်သည် စိတ်ကြိုက်တက်နင်းလိုဝတော့မှ သူ့အိပ်ယာပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်သည်

နောက်နေ့တွေမှာ ညဏ်းဧကရာဇ်ကသူ့အဖေအလုပ်တွေကို ကူပေးနေရတာကြောင့် နေအဂ္ဂါအကြောင်းကိုမတွေးနိုင်သေးဘူး သုံးရက်လောက်ကုန်သွားတဲ့အချိန်ရောက်မှ သူ့ဖုန်းကိုပြန်ယူဖို့အတွက် နေအဂ္ဂါရဲ့အိမ်ကို စိတ်မပါလက်မပါနဲ့လာခဲ့ရတော့တယ် သူ့မှာသော့အပိုတစ်ချောင်းရှိပေမဲ့ အရင်လိုအတားအဆီးမရှိဝင်မသွားနိုင်ဘူး လူခေါ်ဘဲလ်ကိုတီးတာ အကြိမ်တော်တော်များနေပေမဲ့ အိမ်ထဲကဘာတုန့်ပြန်မှုမှမကြားရစိတ်ပျက်လက်ပျက်နဲ့သူ့ဆံပင်တွေကိုခါထုတ်လိုက်ရင်း သော့ဖွင့်​ပြီးအိမ်ထဲဝင်လိုက်တယ် နေအဂ္ဂါက အိမ်မှာရှိပုံမရတာကြောင့် သူဆိုဖာခုံပေါ်မှာ ပျင်းတိပျင်းရွဲလှဲနေလိုက်ပြီးတော့ အဖြူရောင်မျက်နှာကျက်နဲ့ လှပတဲ့မီးဆိုင်းကြီးကိုငေးကြည့်နေလိုက်တယ် အချိန်တော်တော်ကြာသွားပြီလို့ထင်ရတဲ့အချိန်မှာ အိမ်တံခါးဖွင့်သံကိုကြားလိုက်ရပြီး နေအဂ္ဂါက ခပ်ကြီးကြီးလက်ဆွဲအိတ်နှစ်လုံးကို လက်တစ်ဖတ်ဆီမှာကိုင်ထားတယ် သူ့ကိုမြင်တော့ အနည်းငယ်အံ့သြသွားပုံပေါ်ပြီး ဘာစကားမှတော့ပြန်မပြောဘူး သူ့ရဲ့ပုံမှန်အပြုအမူကိုပြုလုပ်ပြီး ထမင်းစားခန်းထဲကိုအထုတ်နှစ်ထုတ်ဆွဲပြီးဝင်သွားတယ်

Before I Fall You[Completed]Donde viven las historias. Descúbrelo ahora