တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲ "တင်"ခနဲမြည်တဲ့ဖုန်းသံက ကြီးစိုးသွားတော့ အပေါက်ဆိုးဆိုး လက်ချာဆရာက နှာခေါင်းထိချောကျအောင်တပ်ထားတဲ့ မျက်မှန်အောက်ကနေ
မျက်စောင်းထိုးကြည့်သည်ညဏ်းဧကရာဇ်ဖုန်းကို ဖွင့်ကြည့်မိတော့ နေအဂ္ဂါဆီက messsageဖြစ်နေသည်
"ကိုယ်မင်းနဲ့ညစာတူတူစားလို့ရမလား"
"အိုခေလေ အိမ်ကိုပဲလာခဲ့ရမလား"
"မလာနဲ့ ကိုယ်မင်းတို့ကျောင်းရှေ့မှာစောင့်နေမယ် ကိုယ့်ကားထားခဲ့မှာမို့လို့ မင်းပဲယူခဲ့လိုက်တော့"
"အင်း"
အတန်းချိန်တွေအားလုံးပြီးတာနဲ့ ညဏ်းဧကရာဇ်က ရေကိုခပ်သွက်သွက်ချိူးလိုက်ပြီး ကျောင်းအပြင်ဘက်သို့ ကားမောင်းထွက်လာခဲ့သည် ကျောင်းအပြင်ရောက်တာနဲ့ သူ့ဟန်းဖုန်းကိုဖွင့်လိုက်ပြီးနေအဂ္ဂါဆီ ဖုန်းဆက်လိုက်တယ်
"နေအဂ္ဂါ မင်းရောက်နေပြီလား"
"အင်း......မင်းရဲ့ညာဘက်မှာ"
ရယ်သံလေးအနည်းငယ်နှောနေတဲ့ နေအဂ္ဂါရဲ့လေသံအရ ဒီနေ့အတော်လေးစိတ်ကြည်နေပုံရသည် သူ့လှမ်းကြည့်မိတော့ ကျောင်းနံရံကို ခြေထောက်တစ်ဖတ်ထောက်ပြီးရပ်နေတဲ့အမျိူးသားကို ဘေးတစ်စောင်းအနေအထားနဲ့တွေ့လိုက်ရတယ် နေအဂ္ဂါက ပျော့အိနူးညံ့နေတဲ့ခပ်လွင့်လွင့်အနက်ရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီးတော့ ရှေ့ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားတာကြောင့် ဝင်းဝါစိုပြေတဲ့အသားအရေနဲ့လှပတဲ့ညှပ်ရိုးလေးကို ပိုပြီးပေါ်လွင်စေသည် ပြီးနောက်အနက်ရောင်လျှာထိုးဦးထိုးတစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး သူ့ဆီလှမ်းလာနေသည် နေအဂ္ဂါကခပ်မြန်မြန်ပဲ ကားတံခါးကိုဖွင့်ပြီး ညဏ်းဧကရာဇ်ဘေးတွင်ဝင်ထိုင်လိုက်သည်
"မင်းဘာစားချင်လဲ"
နေအဂ္ဂါကမေးလိုက်ပေမဲ့ ညဏ်းဧကရာဇ်က ပြန်မဖြေလာ သူ့မျက်လုံးအကြည့်က တစ်ဝက်တစ်ပြတ်ပေါ်နေတဲ့ ညှပ်ရိုးလေးပေါ်တွင်သာရှိသည်
"ညဏ်းဧကရာဇ်"
"ညဏ်း"
"ခွေးသားလေး "
VOUS LISEZ
Before I Fall You[Completed]
Aléatoireအပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစားတစ်ခု ဖြစ်နိုင်ပါရဲ့လား? Start#31.5.2021 End#26.8.2021 အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက...