ပိုးသတ်ဆေးနံ့တွေ လှိုင်လှိုင်ထနေတဲ့ ဆေးရုံကော်ရစ်တာ တစ်လျှောက် ကြမ်းပြင်နဲ့ဖိနပ်ရှပ်တိုက်မိလို့ထွက်ပေါ်လာတဲ့ တရှပ်ရှပ် မြည်သံနဲ့ စကားပြောသံတွေ ဆူညံလို့နေတယ် သူ့ရှေ့ကသွားနေတဲ့ အရပ်ရှည်ရှည် ပိန်သွယ်သွယ်နဲ့အမျိူးသားကို သူလှမ်းမေးလိုက်တယ်
"အဖေ... အဖေသွားနေတဲ့အခန်းကမရောက်သေးဘူးလား ကျွန်တော် လမ်းလျှောက်ရတာ ညောင်းလာပြီ"
သူ့ရှေ့ကအမျိူးသားကြီးကတော့ ခွန်းတုန့်ပြန်ခြင်းမရှိပဲအခန်းတစ်ခုရှေ့ရောက်တဲ့အခါမှသာ သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်
"ဒီအခန်းပဲ"
အမျိူးသားကြီးက ဆေးရုံ
ခန်းတံခါးကို အသံစိုးစိမျှထွက်မလာအောင်ဂရုတစိုက်ဖွင့်ဟလိုက်တယ်ဆေးရုံကုတင်အပေါ်မှာ နုနုငယ်ငယ်အမျိူးသားလေးတစ်ယောက် လဲလျောင်းနေတာကို သူတွေ့လိုက်ရတယ် သူ့မျက်နှာပေါ်မှာတော့ အထက်ဘဝဂ်သူရိန်နေမင်းက စွန့်ကြဲပေးသနားထားတဲ့ နေရောင်ခြည်အစက်အပျောက်လေးတွေခစားလို့ သူ့အဖေကလိုက်ကာစကို အဆုံးထိဆွဲပိတ်လိုက်ပြီး နေရောင်ဒဏ်ကိုအလူးအလဲခံနေရတဲ့ မျက်နှာလှလှလေးကိုကာကွယ်ပေးလိုက်တယ်
"နေသာရဲ့လား သား တစ်ခုခုလိုအပ်တာရှိရင်ဦးကိုပြောနော် အားမနာနဲ့"
အနှီနေရောင်ခြည်အမျိူးသားလေးက ခပ်ဖွဖွမှိတ်ထားတဲ့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့အဖေကို ခပ်ဖြေးဖြေးလေးခေါင်းငြိမ့်ပြလာတယ် သူ့မျက်ဝန်းတွေက တစ်ခုခုဆုံးရှုံးထားရသလိုမျိူး ဝမ်းနည်းရိပ်လေးအနည်းငယ်သမ်းနေတယ်
"သား အစားကောင်းကောင်းမစားဘူးဆို ဆေးတိုက်ရင်လည်း ဟိုလိုဒီလိုလိုနဲ့ ရှောင်ဖယ်နေတယ် ဦးကိုပြောပါဦး တစ်ခုခုစားချင်တာရှိလား"
အမေးစကားသာရှိပြီး အဖြေပြန်ဆိုသူမရှိတာမို့ အမျိူးသားကြီးက သပ်ပြင်းခပ်လေးလေးတစ်ခုကိုသာ ဆေးရုံခန်းထဲက ပန်ကာလေနဲ့အတူ မျောပါသွားစေတယ်
"သားရယ်.... သွားတဲ့သူလည်း သွားခဲ့ပြီပဲ ဘာလို့ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲနေရတာလဲ"
YOU ARE READING
Before I Fall You[Completed]
Randomအပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစားတစ်ခု ဖြစ်နိုင်ပါရဲ့လား? Start#31.5.2021 End#26.8.2021 အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက...