အပိုင်း(၄၁)ကြိုတင်ကြံစည်ခြင်း

878 41 2
                                    

အဖြူရောင်ကြမ်းခင်းတစ်လျှောက် အနီရင့်ရောင်သွေးစတွေက မြင်မကောင်းရှုမကောင်းလောက်အောင် အိုင်ထွန်းနေတယ် သွေးအိုင်ထဲမှာ အမျိူးသားတစ်ယောက် ကူကယ်ရာမဲ့စွာလဲလျောင်းနေပြီး မျက်ဝန်းဒေါင့်မှမျက်ရည်စတွေက အတားအဆီးမရှိ သွယ်တန်းစီးဆင်းလာတော့တယ် အမျိူးသားက နှလုံးကြေကွဲနေတဲ့ ညည်းတွားသံလေးတစ်ခုနဲ့ပြောလိုက်တယ်

"ပြန်လာခဲ့.... ငါ့ဆီကိုပြန်လာပြီးငါ့ကိုကယ်တင်ပေးပါ"

ထိုအမျိူးသားရဲ့ ရှေ့မှောက်မှာ အပြုံးတစ်ခုကိုဆင်မြန်းထားတဲ့လူငယ်လေးတစ်ယောက်လည်းရှိနေတယ် ဖြောင့်စင်းနူးညံ့နေတဲ့ အနက်ရောင်ဆံနွယ်ပျော့ပျော့လေးတွေက ထိုလူငယ်ရဲ့နဖူးပေါ်မှာကျဆင်းနေတာကြောင့် လူငယ်ရဲ့မျက်ဝန်းတွေကိုမမြင်နိုင်ဘူး သွေးပျက်ဖွယ်အပြုံးတစ်ခုကိုဆင်မြန်းထားတဲ့နှုတ်ခမ်းနီနီမှာ ပုလဲဖြူလို ညီညာစီတန်းနေတဲ့သွားတန်းလေးတွေက လှပပေမဲ့ ကျောချမ်းဖွယ်ကောင်းတယ်
လည်ဂုတ်ဖြူဖြူပေါ် တစ်စနှစ်စဖြာကျနေတဲ့ဆံနွယ်ရှည်တွေနဲ့ပိန်ပါးတဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့အရာနဲ့သူပြီးပြည့်စုံစေတဲ့ကြွက်သားစိုင်ရေးရေးကိုလည်းမြင်တွေ့နိုင်တယ်

"ခင်ဗျားသူ့ကို တမ်းတမနေနဲ့ သူခင်ဗျားဆီဘယ်တော့မှ ပြန်လာနိုင်တော့မှာမဟုတ်ဘူး"

ကြောက်မတ်ဖွယ်အပြုံးရေးရေးတစ်ခုနဲ့ မလိုက်ဖတ်စွာ နူးညံ့သိမ်မွေ့တဲ့ ခပ်ဖျော့ဖျော့လေသံလေးတစ်ခု လူငယ်ရဲ့နှုတ်ခမ်းဖျားကထွက်ပေါ်လာတယ် လူငယ်ကသူ့လက်ဖဝါးထဲက ဓားမြှောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာလှည့်လိုက်ရင်း သွေးအိုင်ထဲက အမျိူးသားရဲ့မေးဖျားကိုဆွဲမလိုက်တယ်

"ခင်ဗျားချစ်သူကို မှာချင်တာတစ်ခုခုရှိလား ကျွန်တော်က စကားလက်ဆောင်ပါးပေးပါ့မယ်"

အတန်ကြာတဲ့အထိ ဘာတစ်ခုမှတုန့်ပြန်ခြင်းမရှိတဲ့အမျိူးသားကြောင့် ထိုလူငယ်အပြုံးရေးရေးတစ်ခုထုတ်ဖော်လိုက်ရင်း နှလုံးသားတည့်တည့်ကို ဓားမြှောင်နဲ့ အားပြင်းပြင်းထိုးစိုက်လိုက်တယ် သွေးတွေက သူ့မျက်နှာတစ်လျှောက် ဖြာထွက်ဖိတ်စင်သွားပြီး လူငယ်လေးက အောင်နိုင်တဲ့အပြုံးတစ်ခုကို ဆင်မြန်းလိုက်တယ်

Before I Fall You[Completed]Where stories live. Discover now