အပိုင်း(၂၂)တစ်စက္ကန့်စာ လေပြေလေး

490 34 2
                                    

ဟိုတစ်စသည်တစ ပျံ့ကျဲနေတဲ့အုတ်ခဲကျိူးတွေနဲ့ သံချောင်းပုံကြီးကိုကျော်ပြီးတော့ ညဏ်းဧကရာဇ် သူနဲ့ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်နေတဲ့ကောင်လေးဆီသွားလိုက်ပြီး သူ့လက်ထဲမှာကိုင်ထားတဲ့အဖြူရောင်ဖိုင်ဘာဦးထုပ်ကိုဆောင်းပေးလိုက်တယ်

"အပေါ်တက်မယ်ဆိုအရင်ဆုံးဦးထုပ်ဆောင်းရမယ်"

"အိုခေ"

ကောင်လေးကနာနာခံခံပဲ သူဦးထုပ်ဆောင်းပေးတာကို ငြိမ်ငြိမ်လေးခံယူပြီးတာနဲ့ လှေကားထစ်တွေ တစ်ထစ်ခြင်း တစ်ထစ်ခြင်းဆီတက်ရင်း အဆောက်အအုံရဲ့အပေါ်ထပ်ကိုတက်ကြတော့တယ် ဒီအဆောက်အအုံက ကောင်းကင်ဘုံဆောက်လုပ်ရေးရဲ့ super market project ဖြစ်ပြီး ညဏ်းဧကရာဇ် ပထမဆုံးတာဝန်ယူလုပ်ဆောင်ရတဲ့ ပရောဂျက်လဲဖြစ်တယ် အဆောက်အဦးနံရံတွေက အကြမ်းထည်သာရှိသေးတာမို့  ဘိလပ်မြေရောင်ခပ်ညစ်ညစ်သာရှိပြီး လှေကားတစ်လျှောက်လုံး ဖုန်မှုန့်တွေသဲမှုန့်တွေနဲ့ညစ်ပတ်ပေကျံနေတယ်  ဒါကညဏ်းဧကရာဇ် လုပ်ငန်းခွင်ထဲကိုလိုက်လာတာသူ့အတွက်ပထမဆုံးဖြစ်ပြီး သူရောက်လာတုန်းက ညဏ်းဧကရာဇ် ကအလုပ်တစ်ခုကိုအာရုံစူးစိုက်ပြီးလုပ်နေတာကြောင့် သူ့ကိုတောင်သတိမထားမိဘူး အဲ့ဒီ့အချက်ကပဲ ညဏ်းဧကရာဇ်က သူမြင်တွေ့ဖူးနေကျ ကျောင်းတော်ကအမြဲတမ်းအဆောင်အပြင်ခိုးထွက်တက်တဲ့ ဂျစ်တစ်တစ်ကောင်လေးအဖြစ်ကနေကွဲပြားစေတယ်

လှေကားထစ်တွေအဆုံးသတ်တာနဲ့ ချမ်းလေးက သူ့ရဲ့ရှူးဖိနပ်ဖြူဖြူထက်ကဖုန်မှုန့်တွေကိုခြေထောက်နှစ်ဖတ်လုံးကိုတစ်လှည့်ဆီဆောင့်ပြီးအနည်းငယ်ခါလိုက်တယ်

"မဆိုးဘူးပဲ အခုကျတော့လဲမင်းကအထက်လူကြီးနဲ့တူသား..ဟ..ဟ"

ပြီးနောက်မှန်တွေအပြည့်ကာထားတဲ့ပြင်သစ်စတိုင်လ်ပြတင်းပေါက်ကြီးနားမှာ ရပ်လိုက်ရင်းမျက်နှာချင်းဆိုင်အဆောက်အအုံဘက်ကိုငေးကြည့်လိုက်တယ် တိုက်တိုက်ဆိုင်ဆိုင်ပဲမျက်နှာချင်းဆိုင်လမ်းဘေး ဘေလ်ဘုတ်အကြီးကြီးထက်မှာနေအဂ္ဂါရဲ့တည်ငြိမ်တဲ့ပုံရိပ်လေးကတည်ရှိနေလေတယ် ညဏ်းဧကရာဇ်က ချမ်းလေးနဲ့ဘေးချင်းကပ်မတ်တပ်ရပ်နေပြီးတော့ သူတို့နှစ်ယောက်ရှေ့ကပုံရိပ်လေးကို သတိလွတ်စွာနဲ့ငေးကြည့်နေမိခဲ့တယ်

Before I Fall You[Completed]Where stories live. Discover now