အပိုင်း(၂၄)နေအဂ္ဂါက မိဘမဲ့

547 30 2
                                    

ထွဋ်ခေါင်ဘာကိုဆိုလိုတာလဲဆိုတာနားမလည်တော့တဲ့အထိ ညဏ်းဧကရာဇ် သူ့ကားပေါ်မှာငူငူငိုင်ငိုင်ကြီးပဲထိုင်နေမိတယ်။နေအဂ္ဂါ သူ့နားမှာမရှိတော့ဘူးဆိုတဲ့အတွေးက သူ့ကိုပြန်လမ်းမရှိတဲ့ လှိုဏ်ခေါင်းတစ်ခုထဲကို ထိုးသိပ်ထဲ့နေသလိုပဲ။မွန်းကြပ်တယ် မွန်းကြပ်လွန်းလို့ အသက်မရှူနိုင်တော့တဲ့အထိပဲ။နေအဂ္ဂါက သူ့ကိုထားသွားခဲ့ပြီ။နေအဂ္ဂါက သူ့ကိုစိတ်ကုန်သွားပြီတဲ့။သူမွန်းကြပ်တဲ့အခါတိုင်း သူဝမ်းနည်းတဲ့အခါတိုင်း သူ့စိတ်တွေရဲ့အဆုံးမရှိပေါက်ကွဲဖြေဖျောက်ရာနေရာလေးမရှိတော့ဘူး။သူ့စကားသံလေးအနည်းငယ် နူးညံ့လိုက်ရုံနဲ့ နှလုံးသားထဲမှာအချစ်ပန်းတွေဖူးပွင့်နေသလိုမျိူး ပျော်ရွှင်နေတက်တဲ့ သူ့ရဲ့ကိုကိုမရှိတော့ဘူး။

ညဏ်းဧကရာဇ်ကားကိုအရှိန်ခပ်ပြင်းပြင်းမောင်းပြီး သူ့အိမ်ကိုပြန်လာခဲ့လိုက်တယ် အိမ်ရဲ့ဆင်ဝင်အောက် ကားကိုကျွီခနဲထိုးရပ်လိုက်ရင်း ကားသော့ကို တွေ့ကရာအလုပ်သမားတစ်ယောက်ကိုပစ်ပေးလိုက်ပြီးအိမ်ထဲကိုစိတ်ဓာတ်ကျနေတဲ့ခြေလှမ်းတွေနဲ့ သာ ခြေချမိတယ်   ဂီတသံစဥ်တစ်မျိူးမျိူးရဲ့အသံက သူ့အကြားအာရုံဆီနီးသထက်နီးတာကြောင့် လက်နှစ်ဖက်နဲ့မျက်နှာကိုအကြမ်းပတမ်းပွတ်တိုက်ပြီး စိတ်ဓာတ်ကျနေတဲ့ သူ့မျက်နှာကို အတက်နိုင်ဆုံးတက်ကြွနေသလိုမျိူးဖြစ်အောင် ဟန်ဆောင်လိုက်ရတယ် ဂီတသံထွက်ပေါ်လာတဲ့အခန်းတံခါးကို မသိမသာလေးတွန်းဖွင့်လိုက်တော့ သူ့အ​မေကpianoတစ်ခုရဲ့ရှေ့မှာထိုင်နေပြီးတော့ လှပတဲ့လက်ချောင်းတွေကနူးညံ့သိမ်မွေ့စွာလူးလွင့်လှုပ်ရှားနေတယ် ထွဋ်ခေါင်ပြောတဲ့စကားတွေကြောင့် သူ့စိတ်ကရှုပ်ထွေးနေပြီး သူအမေဆီသွားဖို့ခြေလှမ်းတွေကို အလိုလိုနောက်တွန့်မိလိုက်တယ် အလျှင်အမြန် မျက်နှာလွှဲလိုက်ပြီး သူအခန်းတံခါးကိုအသံမထွက်အောင်ပြန်ပိတ်လိုက်တယ် သေချာတာက သူထွဋ်ခေါင်ဆီကိုမနက်ဖြန်ထပ်သွားဖို့လိုနေပြီ ထွဋ်ခေါင်ပြောတဲ့စကားတွေကို သူ့စိတ်ကလက်မခံနိုင်သေးသလို နားလည်နိုင်ဖို့ကိုလည်း သူ့ဦးဏှောက်ကညဏ်မမှီခဲ့

Before I Fall You[Completed]Where stories live. Discover now