အပိုင်း(၃၁)အလှလေးအားရှာဖွေခြင်း

552 29 0
                                    

မနက်ခင်းလင်းရောင်ခြည်လေးက တောအုပ်စုစုဝိုင်းဝိုင်းလေးကိုထိုးဖောက်ပြီး အနက်ရောင်အိမ်အိုကြီးပေါ် ဖျာကျအလင်းပေးနေတယ် အိမ်အိုကြီးရဲ့ မလှမ်းမကမ်းအနောက်မြောက်အရပ်မှာတည်ရှိတဲ့ အမိုးပါတဲ့ ရေကန်ကြီးကြီးဆီမှာ ကလေးတွေက သူတစ်ပြန်ကိုယ်တစ်ပြန်ရေဆော့ကစားနေကြတယ် မေမေနုရဲ့ဘုရားရှိခိုးသံအဆုံးမှာတော့ ဒူဝေဝေကြေးစည်တီးသံက ပတ်ဝန်းကျင်တစ်ခွင်လုံး ပဲ့တင်ထပ်ပျံနှံ့သွားပေမဲ့ ကလေးငယ်လေးတွေရဲ့ဆူဆူညံညံအသံလေး
တွေကိုတော့ ဖုံးလွှမ်းဖို့မတက်သာဘူး

"ကိုကြီးကို မပတ်နဲ့ ....ဟေး..မပတ်ကြနဲ့ဆို"

ညဏ်းဧကရာဇ် ကသူ့ရဲ့တောင့်တင်းလှတဲ့လက်မောင်းတွေနဲ့ သူ့မျက်နှာကိုကာထားလိုက်တယ် ကလေးတွေကတခစ်ခစ်ရယ်ရင်း သူ့စကားတွေကိုမသိကျေးကျွန်ပြုကာ ရေကန်ထဲကရေတွေကိုဖြုန်းတီးပစ်ဖို့ စိတ်လောနေကြတာကြောင့် သူ့မှာ ကြွက်စုတ်တစ်ကောင်ရေမွန်းနေသလိုဖြစ်နေရတယ်

ဒီကနေ့နဲ့ဆို ညဏ်းဧကရာဇ် ဒီနေရာကိုနေ့တိုင်းလိုလိုမပျက်မကွက်လာရောက်တာတစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ သိုပေမဲ့ နေအဂ္ဂါ ရဲ့လျစ်လျူရှုအဖတ်မလုပ်ခြင်းတွေကိုလွန်မြောက်ဖို့ရာတော့ အလွန်အမင်း မစွမ်းသာတဲ့အခြေအနေမို့...

ညဏ်းဧကရာဇ်က ကလေးတွေနဲ့ရေကစားနေရင်းက မလှမ်းမကမ်းမှာရပ်နေပြီး သူတို့ကိုလက်ပိုက်ကြည့်နေတဲ့ နေအဂ္ဂါကို မျက်ဝန်းဒေါင့်ကနေ မသိမသာချောင်းကြည့်လိုက်တယ် သူ့ကိုနှင်ထုတ်ဖို့မစောင့်နိုင်တော့တဲ့အမူအရာပဲ ဒီလိုအခြေအနေမျိူးကြောင့် စတွေ့တဲ့နေ့မှာ နေအဂ္ဂါ ဒဏ်ရာရတာကိုပဲကျေးဇူးတင်ရမလိုလို မဟုတ်လျှင် နေအဂ္ဂါက သူ့ကို ရောက်တဲ့နေ့ကထဲကပိုးစိုးပတ်စက်နှင်လွှတ်လောက်သည်။ သူနေအဂ္ဂါ ဒဏ်ရာကြောင့်အိပ်ယာထဲလှဲနေရတဲ့နေ့တွေကို အခွင့်ကောင်းယူပြီး ကလေးတွေကိုသူ့ဘက်မပါပါအောင်မဲစွယ်ရတာလည်းလွယ်တဲ့အရာတော့မဟုတ်ဘူး သူမသိလိုက်တဲ့အချိန်အတွင်းမှာပဲ ကလေးတွေကသူ့ကိုခင်တွယ်လာကြပြီ သူတောင်မသိလိုက်ခင်မှာပဲ နေအဂ္ဂါ ကလေးတွေကိုနေ့စဥ်လုပ်ပေးနေကြတာဝန်တွေက သူ့တာဝန်တွေဖြစ်လာခဲ့တယ် အခုလည်းကြည့် နေပြန်ကောင်းတာနဲ့ နေအဂ္ဂါ ကသူ့ကိုနှင်ထုတ်ဖို့ကြိုးစားနေပြီသူ့မှာ မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်ထားဖို့သာတက်နိုင်တယ် ကလေးတွေကိုရေချိူးပေးပြီးတော့ ကလေးတွေကသူတို့ကိုယ်ပိုင်တပတ်လေးတွေကိုပတ်ရင်း ဂေဟာထဲအလုအယက်လေးပြေးဝင်သွားကြတယ်

Before I Fall You[Completed]Where stories live. Discover now