နေသာလွန်းတဲနေ့တစ်နေ့မှာ အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့ သူရိန်နေမင်းက နေအဂ္ဂါ
ခန္ဓာကိုယ်ပေါ်လွှမ်းခြုံရစ်ပတ်ထားပြီး ချွေးသီးချွေးပေါက်လေးတွေကိုဖြစ်ပေါ်စေတယ် သွေးကြောစိမ်းလေးတွေရဲ့ တည်ရှိရာလက်မောင်းနှစ်ဖတ်ကလည်း တစ်ခုခုကိုအာရုံထားလုပ်ဆောင်နေရတာကြောင့်မအားလပ်
နေအဂ္ဂါကအိမ်အိုကြီးရဲ့ခေါင်မိုးပေါ်က သွပ်ဆွေးတွေကိုကြည့်ရင်း သက်ပြင်းချလိုက်တယ် ဆွေးမြေ့နေတဲ့သွပ်ပြားတွေကြောင့် မိုးတွင်းအချိန်ဆိုကလေးတွေကောင်းကောင်းအိပ်မပျော်နိုင်မည်စိုး၍ ခေါင်မိုးပေါ်တက်ပြီးသွပ်ပေါက်ဖာနေခြင်းဖြစ်သည် အပေါက်တွေကများလွန်းလို့ ဘယ်ဟာအရင်စဖာရမလဲတောင် မသိတော့တာကြောင့် နေအဂ္ဂါက သွပ်ပြားတွေကိုအသစ်လဲဖို့
တိတ်တဆိတ်ပဲ သူ့သဘောနဲ့သူဆုံးဖြတ်လိုက်တယ် သွပ်ပေါက်ဖာမဲ့ကိစ္စကိုလက်လျှော့လိုက်ပြီး ထောင်ထားတဲ့လှေကားအတိုင်းဆင်းဖို့ပြင်တော့ အနက်ရောင်ကားတစ်စီးကသူ့တို့နေတဲ့ဂေဟာလေးရှေ့မှာထိုးရပ်လိုက်တာမြင်တယ်နေအဂ္ဂါက သူ့မျက်လုံးတွေကိုမှေးကျဥ်းလိုက်ရင်း အောက်ကိုငုံ့ကြည့်လိုက်တယ်ကားတံခါးကတော်တော်နဲ့ပွင့်မလာတာကြောင့် စောင့်ဆိုင်းမနေတော့ဘဲ လှေကားထစ်ပေါ်ခြေချလိုက်ပြီး တစ်လှမ်းချင်းဆင်းလိုက်တယ် သုံးထစ်မြောက်ကိုရောက်တဲ့အခါ ကားတံခါးဖွင့်သံကြားတာကြောင့် နေအဂ္ဂါမနေနိုင်မထိုင်နိုင် နောက်လှည့်ကြည့်မိတော့ ကားဘေးမှာရပ်နေတဲ့လူတစ်ယောက်က နွေးထွေးနူးညံ့လွန်းတဲ့အပြုံးလေးတွေနဲ့သူ့ကိုပြုံးပြနေခဲ့တယ် နေအဂ္ဂါရဲ့အူအသဲကလီဇာတွေအကုန်ပြောင်းပြန်လန်သွားပြီလို့ထင်ရလောက်အောင် နေအဂ္ဂါနှလုံးသားကြီးက ထိန်းမနိုင်သိမ်းမရခုန်လှုပ်နေခဲ့တယ် တုန်ရီနေတဲ့ခြေထောက်တွေနဲ့ လှေကားနောက်တစ်ထစ်ပေါ် ခြေလှမ်းလိုက်တဲ့အချိန်မှာပဲ ပျံ့လွင့်နေတဲ့ သူ့အာရုံတွေကြောင့် ခြေထောက်နှစ်ချောင်းလုံးလေဟာနယ်ကိုသာတက်နင်းမိပြီးသူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်မာကျောတဲ့မြေကြီးနဲ့မိတ်ဆက်မိတော့သည်။
YOU ARE READING
Before I Fall You[Completed]
Randomအပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစားတစ်ခု ဖြစ်နိုင်ပါရဲ့လား? Start#31.5.2021 End#26.8.2021 အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက...