(unicode)
စံအိမ်ကြီး နေပြန်ကောင်းပြီ။ ဘုရင်ကြီး၏ အမျက်တော်တွေသည် ပြေလျော့ကုန်ပြီ။ မင်းသားလေးမှာတော့...။အမှောင်ထဲတွင် အိပ်စက်နေသည့် သွေးသည် အနွေးဓာတ်မရှိ။ သို့သော် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေခြင်းလည်း မဟုတ်။ စိမ့်သည်ဆိုရုံလေးမို့ မျက်လုံးတွေကို မှိတ်ပြီးရင်း မှိတ်လို့ အလုပ်က ခေါင်းစားစရာတွေကို ခဏမေ့ဖို့ ကြိုးစားသည်။
အလုပ်။ သွေး၏အလုပ်။ ကောင်းသည့်အလုပ်မဟုတ်သလို ဆိုးသည့်အလုပ်လည်း မမည်ပြန်။ သွေးသည် အမေရိကန်၏ ဒိတ်ဒိတ်ကြဲ Drug Lord တစ်ဦးဖြစ်၏။ Drug Lord ဆိုသည်မှာ မူးယစ်ဆေးဖြန့်ချီမှုတွေကို အပေါ်စီးက ကြိုးကိုင်ထိန်းချုပ်သူ၊ တစ်နည်း ခေါင်းဆောင်ပင်။
နယူးယောက်မြို့တွင် အခြေစိုက်ရာ စံအိမ်သည် Manhattan downtown မှ မြောက်ဘက် ၂နာရီကျော် မောင်းနှင်ရသည့် တောင်ထူသော မြို့ပြင်တစ်နေရာတွင်ဖြစ်သည်။ တောတောင်တွေကြားထဲက စံအိမ်သည် အပန်းဖြေအိမ်လေးတစ်လုံးနှယ်၊ သစ်ပင်တွေကြောင့် ရှာရဖွေရ ခက်ခဲသလို ရိုးစင်းသောအပြင်အဆင်များနှင့် လူမြင်ကွင်းတွင် သီးသီးသန့်သန့်လေး။ ဤသို့သော အိမ်ကလေးမျိုးတွင် လျှမ်းလျှမ်းတောက် Drug Lord တစ်ဦးနေထိုင်ပါသည်ဆို ဘယ်သူက ယုံလောက်မလဲ။
အပြင်ပန်း အမြင်ရှင်းအောင် ရိုးရိုးလေး ဆောက်ထားသည့် စံအိမ်ကြီးတင် မကသေး။ အိမ်အနောက်ဘက်က သစ်ရိပ်လွှမ်းသော တောစပ်နားတွင် တပည့်တွေ နေထိုင်ဖို့ တိုက်အိမ်နှစ်လုံးဟာလည်း လှလှပပ။ သွေးဟာ လက်ရွေးစင်တွေပဲ သူ့အနားမှာ ခေါ်ထားတတ်တာမို့ လူတွေအများကြီး ပြွတ်သိပ်မနေ။ ကျန်သည့်အဖွဲ့ဝင်တွေကိုတော့ အမေရိကန်၏ပြည်နယ်အသီးသီးမှာ ဖြန့်ကျက်ထား၏။
Drug Lord ဆိုသည့်အတိုင်း မူးယစ်ဆေးတွေကို သွေးက အစချီလို့ တခြား Drug Dealer တွေဆီ ပို့သည်။ ထို Drug Dealer တွေမှတစ်ဆင့် အရပ်ထဲက သုံးစွဲသူတွေဆီ ရောက်ရသည်။
Drug Dealer ဆိုရာ၌ မယ်မယ်ရရ လူဟူ၍ မရှိ။ များသောအားဖြင့် အသက် ၁၉နှစ်မှ ၂၃နှစ်အတွင်းရှိသည့် လူငယ်လေးတွေပင်။ တစ်ခါတစ်ခါ ၁၉နှစ်အောက် ကလေးပေါက်စတွေလည်း ပါတတ်သလို ၂၃နှစ်အထက် လူကြီးတွေလည်း ပါ၏။ ယောကျာ်းလေးတွေများပေမယ့် အကြောက်တရားကို မျက်ကွယ်ပြုလို့ မိန်းကလေးတွေလည်းလုပ်သည်။ ပိုက်ဆံအတော်ရသည်ကိုး။

YOU ARE READING
Blood of MIN
حركة (أكشن)"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️