(unicode)
အသက်နှင့်ရင်း၍ ချစ်ရသူသည် မိမိမဟုတ်သော တခြားတစ်ယောက်အား ချစ်မိနေပြီဟု ရင်ဖွင့်လာသောအခါ... နာကျင်ရပါသလား။ ဝမ်းနည်းရပါလား။ သို့မဟုတ် ဒေါသထွက်ရပါလား။ယံ မသိ။
ယံ သိတာ နှစ်ခုပဲရှိသည်။ ယံချစ်ရသည့် သခင်ဟာ ပိုင်ရှင်ရှိပြီးသား နောက်ထပ်တစ်ယောက်ကို ချစ်မိနေပြီတဲ့။ အဲဒီနောက်တစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ မူလပိုင်ရှင်အား ရှင်းထုတ်ရင်း ယံ့အသက်ကို စတေးစေခဲ့သည်တဲ့။
သခင့်အနားမှာနေရဖို့ ကြိုစားခဲ့သမျှတွေဟာ သခင့်ဝေးရာဆီ တွန်းပို့စေသည့် အစိုင်အခဲတွေမှန်း ယံ အခုမှ သဘောပေါက်ရသည်။ သို့သော် ယံသည် နာကျင်ခြင်းမရှိ။ ဝမ်းလည်းမနည်း။ ဒေါသထွက်ဖို့ဆို ဝေလာဝေး။ သခင်ကျေနပ်လျှင်၊ သခင်ဝမ်းသာလျှင် ယံ သေပျော်ပါပြီ။ သခင်က အလိုရှိသည်ဆိုတော့ သခင်ချစ်သော Blood ကို Min ဆီမှလုယူပြီး သခင့်လက်ထဲ ထည့်ပေးရမှာ သမိုင်းပေးတာဝန်ပဲပေါ့။
ခေါင်းကိုတွင်တွင်ညိတ်လို့ သခင့်အား အရိုအသေပေးပြီးချိန်တွင် ယံ့တစ်ကိုယ်လုံးဟာ တံခါးပေါက်သို့ ရောက်နှင့်နေပြီးဖြစ်သည်။ အရင်က သခင့်အနားက တော်ရုံမခွာတတ်သော ကောင်ကလေးမှာ ဒီနေ့များတော့ သခင့်အဝေး မြန်မြန်ပြေးလိုသည်။ မဟုတ်လျှင် သူ့နှလုံးသားအတွက် အာမခံချက်မရှိ။ နုနယ်လှသော နှလုံးအိမ်က ချိန်ကိုက်ဗုံးတစ်လုံးလို နေရာမရွေး ပေါက်ကွဲနိုင်သည်ဖြစ်၍ သခင့်အငွေ့အသက်တွေလှိုင်နေသော ဤအခန်းထဲမှ အမြန်ဆုံး ထွက်သွားမှဖြစ်မည်။
"ဟိုကောင်လေး ရပ်စမ်း"
သို့ပေမယ့် သခင်ဟာ ခွင့်မပြု။ ခပ်ပြတ်ပြတ် အမိန့်တစ်စုံအောက်မှာ ပြာလောင်နေသည့် ယံ့ခြေထောက်တွေသည် တုန့်ခနဲနှင့် မြေပြင်ပေါ် ကျောက်ချထားသလို လှုပ်ရှား၍ မရတော့ပေ။ သခင့်ဩဇာဟာ ယံ့အပေါ် အဲဒီလောက်ထိ အစွမ်းထက်သည်။
"ဟုတ်ကဲ့ သခင်"
ယံ ကိုယ်ကိုပြန်လှည့်တော့ ခါးထောက်လျက် ရပ်နေပါသော သခင်။ ယံ့ကို အစိမ်းလိုက် ဝါးစားလုမတတ် စိုက်ကြည့်နေရှာသည်။

YOU ARE READING
Blood of MIN
Action"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️