(unicode)
သွေးဗိုက်ထဲက အသံတစ်ခု ထွက်လာသည်။ ဂွီတဲ့။ပြန်နိုးလာပြီးတည်းက ရေရေရာရာ မစားထားသဖြင့် အစာအိမ်က အချက်ပြလို့နှင့်ပြီ။ ထိုအသံသည် Min ပြန်လာတော့မည့်် သံချောင်းခေါက်သံဆိုလည်း မမှား။ သွေးကိုယ်တိုင်ပင် မသိရသည့် ထိုအစာအိမ်အကြောင်းကို Min က ဂဃနဏ သိရှိပြီးဖြစ်သည်။
Min က တိရစ္ဆာန်လေးတွေကို အချိန်မှန်မှန် အစာကျွေးသလို သွေးကိုလည်း ဘယ်လောက်အလုပ်များများ အချိန်မှန်မှန်စားဖို့ မှာသည်။ မှာသည်ဆိုတာထက် စည်းကမ်းထုတ်ထားသည်ဆို ပိုမှန်မည်။ စည်းကမ်းဖောက်ဖျက်မိလျှင် ညကျ Min အရှေ့တွင် ကြက်ဥတစ်လုံး စားပြရသည်။ ကြက်ဥအကာ (egg whites) က protein မို့ ကိစ္စမရှိပေမယ့် ကြက်ဥအနှစ် (egg yolk) က cholesterol မို့ သွေး မစားချင်။ Cholesterol တက်လျှင် ပြန်ချရတာ မလွယ်ပါ။ သွေးဟာ Min အတွက် အလှပဆုံးသော ခန္ဓာကိုယ်ကိုပဲ ဆက်သချင်တာဖြစ်သည်။
ထိုသို့ပြောတော့ Min က သွေး၏ရင်အုပ်တွေကို ခပ်တင်းတင်း ဖိစမ်းရင်း ပြောသည်။
"ကိုယ်က အကြမ်းခံတာကိုပဲ ပိုကြိုက်တယ် သွေးရဲ့"
တကယ်တော့ သွေးက အကြမ်းခံပြီးသားပဲ။ ဒါကို Min မသိတာလည်း မဟုတ်။ စိတ်ပေါက်ပေါက်နှင့် Min ၏ လက်တွေကို ခပ်ကြမ်းကြမ်း ဖယ်ပစ်ကာ ဝတ်ထားသော တီရှပ်အင်္ကျီကို အလျင်အမြန် ဆွဲချွတ်တော့ Min က မျက်တောင်တစ်ချက်ခတ်သည်။ တံတွေးတော့ မမျိုချ။
သွေးဟာလည်း သွေးပဲ။ သူ့အပေါ်ပိုင်းကိုမြင်ပြီးတာတောင်မှ တံတွေးမမျိုချရကောင်းလားဟု ဒေါပွပြီး Min အား ကုတင်ပေါ် တွန်းချတော့သည်။ သွေးဟာ ကိုယ့် Dominant ကိုယ် မကြောက်မရွံ့ ကုတင်ပေါ် ပစ်တင်ရဲတဲ့အထိ သတ္တိကောင်းသည့် submissive တစ်ဦးပါ။
ဒါကို Min သည် မဖြုံ။ သွေးဟာ ကျားရိုင်းတစ်ကောင်ဆို Min သည် ကေသရာဇာ ခြင်္သေ့မင်းပင်။ ကုတင်ပေါ်သာ အတွန်းချခံလိုက်ရတာ ဟန်ချက်က မပျက်။ စူးရှသော အကြည့်တွေနှင့် သူ့ကျားပေါက်လေး ဘာဆက်လုပ်မလဲကို စောင့်ကြည့်နေ၏။ ရှူးရှူးရှဲရှဲဖြစ်လာသည့် သွေးက Min အပေါ်ခွထိုင်ရင်း ဆိုသည်။

YOU ARE READING
Blood of MIN
Aksi"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️