Part 19

2K 113 47
                                    

(unicode)
၂ရက်၊ ၃ရက်...။ သူ့ကလေးလေးနှင့် ပြန်ဆုံရဖို့ ကြာချိန်သည် ၂ရက်၊၃ရက်...။

အချိန်ကုန် သက်သာအောင် ဝမ်းနှုတ်ဆေးတိုက်လိုက်လို့ မရဘူးလားဆိုတော့ ဦးဟက်စကီး​၏ ကယ်တင်ရှင်သူတော်ကောင်းကြီးက သူ့အား အကြည့်စူးစူးဖြင့် လှမ်းကြည့်ပြီး လုပ်စရာရှိတာသာ ဆက်လုပ်နေ​၏။ သူ့အမေး... သူဆိုသည့် Blood ​၏အမေးကို ခေါင်းလည်းမညိတ်၊ ခေါင်းလည်းမခါ။ ရာရာစစ ဘယ်သူ့အားကိုးနဲ့ အတင့်ရဲလို့။

"ခွေးကိုတွေ့ပြီ။ ပစ္စည်းမယူရသေးဘူး"

Jay ကိုဖုန်းဆက်ပြီး အကျိုးအကြောင်း လှမ်းပြောတော့ ဟက်စကီးချစ်သူကြီးက ခေါင်းပင်တစ်ချက်မမော့။ ခွေးညစ်ပတ်ကိုသာ ရေချိုးပေးဖို့ ကြံစည်နေ​၏။

"တိရစ္ဆာန်ဆေးခန်းမှာ။ ၂ရက် ၃ရက်လောက် ပြန်မလာဘူး"

အဲဒီအထိ သူတော်ကောင်းကြီးက မော့ကို မလာသေးတာဗျာ။ တမင်တကာပဲ သူကြားအောင် လေသံကိုမြှင့်လို့...

"ဒီကြားထဲ အဲ့ဆေးခန်းမှာပဲ နေမှာ! တော်ကြာ ငါ့အလစ်မှာ တစ်ယောက်ယောက်က ခွေးကိုဗိုက်ဖွင့်လိုက်ရင် ဘယ်လိုလုပ်မလဲ!"

ဖုန်းပြောစဉ် တစ်ခါမှ အသံမြင့်မြင့်ဖြင့် ပြောလေ့မရှိသော Blood ကြောင့် Jay ဇဝေဇဝါ ဖြစ်ကုန်ရသည်။ လုပ်ငန်းနှင့် တည်နေရာအကြောင်းပြောလျှင် သိုသိုသိပ်သိပ် လုပ်လေ့ရှိသည်မဟုတ်လား။ အခုဟာက သူနဲ့ဖုန်းပြောနေတာထက် တစ်ယောက်ယောက်ကြားအောင် ဉာဏ်ဆင်ပြောဆိုနေသလိုပဲ။

တကယ်တော့ ဉာဏ်ဆင်တယ်ဆိုသည့် စကားလုံးက မြင့်တောင်နေသေးသည်။ Blood လုပ်ပုံက ကလေးဆန်တယ်ဆိုသည့် စကားလုံးနှင့် ပိုမိုလိုက်ဖက်သလို။ သို့ပေမယ့် Jay ပါးစပ်က ထုတ်မပြောရဲ။ ပြောမိပါက တစ်ခါတည်း တန်းလျှောသွားလောက်သည်။

"ဒါဖြင့် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ Blood"

"ပစ္စည်းကိစ္စ ငါဆက်ရှင်းမယ်။ လုပ်ငန်းပိုင်းကိုပဲ တစ်ချက်ကြည့်ထားပေး။ နောက်... မလိုအပ်ဘဲ မဆက်သွယ်နဲ့"

"ဟုတ်... ကဲ့"

Jay ​၏ ဟုတ်ကဲ့က Blood ဆီမရောက်လိုက်။ ကြားထဲက အသံလှိုင်းမှာပင် ပြတ်တောက်သွားရသည်။ Blood ဘယ်လောက်တောင် အလျင်လိုနေလဲဆိုတာ Jay မခန့်မှန်းတတ်။ သူထင်ထားတာထက် အဆများစွာပိုသာကောင်းပါရဲ့။

Blood of MINWhere stories live. Discover now