💛4💛

1.8K 197 6
                                    

တီတီ..တီတီ...တီတီ
5:00တိုင်းမြည်နေကြဖြစ်တဲ့Alramသံကြောင့်Chanyeolနိုးလာခဲ့သည်။

နားမခံနိုင်တော့၍ကုတင်ဘေးဘက်ကစားပွဲခုံပေါ်မြည်နေတဲ့နာရီအား ခုံနဲ့တစ်ချက်စောင့်လိုက်တော့ မြည်နေတဲ့အသံသည် တိကနဲရပ်သွားသည်။

နှစ်ယောက်စာထက်ပင်ကျယ်တဲ့ကုတင်ထပ် ဟိုဘက်ဒီဘက်လှိမ့်နေလိုက်သည်။ပြီးနောက်အပျင်းကြောဆန့်ကာ ဇက်ကိုဟိုဘက်ဒီလှည့်ချိုးပြီး ရေချိုးခန်းထဲသို့ဝင်ကာ ဘေးစင်ရှေ့သွားတိုက်ပြီးနောက်မှန်ဖြင့်တည်ဆောက်ထားသောအခန်းထဲသို့ဝင်လိုက်ကာ ရေပန်းဖွင့်၍ချိုးလိုက်သည်။

အပူအအေးစပ်ထားတာကြောင့် ပင်ပန်းမှုတွေသက်သာပြီးနေလို့ပင်အလွန်ကောင်းသည်။ရေချိုးပြီးတော့ စတီးတန်းတွင်ချိတ်ထားသောbathrobအားယူ၍ဝတ်ဆင်လိုက်သည်။

ရေချိုခန်းထဲကနေထွက်လာပြီး တစ်ဖက်အခန်းသို့ဝင်လိုက်သည်။ခရမ်းရောင်မီးဖျော့ဖျော့သာသုံးထားတဲ့အခန်းကျယ်ကြီးထဲတွင် နံရံလေးဘက်လေးလံစလုံးမှာ ဒီဇိုင်းမျိုးစုံBrandမျိုးစုံရှိတဲ့ dressတွေsuitတွေfreestyleတွေကို သပ်သပ်စီခွဲထားလျက်ချိတ်ဆွဲထားသည်။

suitထဲကနက်ပြာရောင်ရှိသောsuitဝတ်စုံယူကာ ဝတ်ဆင်လိုက်ပြီးနောက် အလယ်တွင်မှန်ဖြင့် တည်ဆောက်ထားသော Chanyeolအရပ်‌ေလာက်ပင်မြင့်တဲ့ စင်တစ်ခုအတွင်း ဒီဇိုင်မျိုးစုံ အရောင်မျိုးစုံနဲ့ပြုလုပ်ထားသော Brandနာရီပေါင်းအလုံး50ကျော်ထဲမှာ ယနေ့ဝတ်ဆင်မဲ့နာရီအားရွေးထုတ်၍ ညာဘက်လက်တွင်ဝတ်ဆင်လိုက်သည်။

နောက်ပြီး ထောင့်တစ်နေရာသို့သွား၍ မှန်ဘောင်ဖြင့်ပြုလုပ်ထားသော အတွင်းထဲ၌နက်ပြာ‌ေရာင်necktileတစ်ခုဆွဲထုတ်ကာ အရပ်တစ်ရပ်စာပင်မြင့်သော မှန်‌ေရှ့သို့ရပ်လျက် သပ်ရပ်စွာစီးနှောင်လိုက်သည်။

ထိုအခန်းထဲမှထွက်လာပြီးနောက် မှန်တင်ခုံရှေ့တွင်ထိုင်ကာ နက်မှောင်သော ဆံပင်အား ဂျယ်ဖြင့်လိမ်းကာ အပေါ်သို့သပ်တင်လျက်ဖီးလိုက်ပြီးနဖူးပြေပြေအားဖော်ထားလိုက်သည်။

အားလုံးပြင်ဆင်ပြီးနောက်မှာတော့ စားပွဲခုံပေါ်တွင်တင်ထားသော အိတ်အားယူ၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ထို့နောက် မီးဖိုချောင်းတွင်အိမ်အကူအဒေါ်ကြီးပြင်ဆင်ထားတဲ့မနက်စာအားစားသောက်၍ခြံထဲ၌ရပ်ထားသော 2016 Mercedes-Benz AMG G65 ကားအားမောင်းနှင်၍Companyသို့ထွက်လာခဲ့သည်။

Hello! Mr.Park (Complete)Where stories live. Discover now